7/17/2012

ဦးတည် ရာသာရဲရဲ လျှောက်ပါလေ

တခါက ရွာတရွာမှာ မိသားစုတစုရှိတယ်။ သူတို့  မိသားစုက 6ယောက် ရှိ ပြီး သားချည်းမွေးထားတယ်ဆိုပါတော့  ..။အရွယ်ရောက် လာတော့  သားသံုးယောက် မှာ လေးယောက် အိမ်ထောင်ကျပြီးနှစ်ယောက် က ရေကြည် ရာ မျက်နု ရာ ရှာ ရင်းးတဖက်ရွာ ကိုရောက် သွားပြီးအခြေချနေတယ်။လူပျိုသားနှစ်ယောက် နဲ့  အိမ်ထောင် ရှင်သားကမွေး တဲ့  မြေးတွေ နဲ့  အဘိုးကြီးအဘွားကြီးတို့  တသိုက်တော့  ကျန် နေခဲ့  တယ်ဆိုပါတော့  ။အဘွားကြီး ကတလတကြိမ် သားနှစ်ယောက်ဆီ သွားလည် ပြီးတွေ့  တယ်။

တရက်တော့  အဘွားကြီးက ပြောတယ်။

“ ယောက်ျားရယ် သားနှစ်ယောက် ဆီ သွားရတာ မလွယ်ပါဘူး။ကျုပ်တို ရွာ နှစ်ရွာ ကြားမှာ တောင်ကြီး တခုက ရှိ နေတော့  တက် ရဆင်းရမလွယ်ပါဘူးတော်။ပတ်ပြီးသွားရင် အချိန်ပိုကုန်လို့  ကျုပ်မသွားချင်ဘူးတော့  ”

အဘိုးကြီးကခေါင်းညိတ်ပြီး

“ ငါတို့  အတွက်ကော ဒီနား ကလူတွေ အတွက် ပါဒီတောင် ကအပိုသက် သက် ပဲ။ဒီတော့  ဒီတောင် ကိုငါတို့  ရွေ့  ရအောင် ..”

“ တော်ကောင်းမယ် ထင်သလိုသာစီစဉ်ပါတော်။”

အဘိုးကြီးကခေါင်းညိတ်ပြီး စစီစဉ်တော့  တာပဲ တောင် ကို ဖြိုဖို့  သားတွေ နဲ့  ခေါ်ဆွေးနွေးတယ်။သားတွေ ကအဖ စကားအတိုင်းနာခံပါ မယ် လို့  ၀န်ခံ တယ်။ဒီတော့  နောက်နေ့  လဲ မနက် စောစောမှာ ပေါက်တူးဂေါ်ပြားတွေ ကိုယ်စီနဲ့  တူးကြပေါက်ကြတော့  တာပဲ။ရတဲ့ မြေကြီးတွေ ကိုအဘွားကြီးဦးဆောင်တဲ့  ချွေးမ နဲ့  မြေးပေါက်စတွေ က သယ်ကြတယ်။ဟိုဘက်ရွာကသားနှစ်ယောက်က လဲသူတို့  ဘက် ကစပြီး တောင်ကြီးဖြိုနေ ပြီ။မြေသယ်သူတွေ ထဲ မှာ 5 နှစ်အရယ် ကလေး လေးပါ ပါတယ်။

ဒီတော့  ဒီမိသား စုကို ကြည့်  ပြီးပညာရှိ လို့  အဲ့  မှာသိကြတဲ့  လူကလာပြောတယ်။

“အဘိုး..။ဒီလိုတောင်ကိုရွေ့  နေ လို့  ကတော့  တောင်ကဘာမှဖြစ်မှာမဟုတ်ဖူး။အဘိုးတို့  တွေ သာအသက် ကြီးပြီးသေသွားလိမ့်  မယ်။အကျိုးမဲ့  ပါတယ်အဘိုးရယ်။”

အဘိုးက ဒီလူကိုသေချာကြည့်  ပြီး

“မောင်ရင် ကလုပ်မကြည့်  ရသေးပဲ မဖြစ်ဘူးပြောနေ တာကိုး။မောင်ရင်ပြောသလို ကျုပ်အသက် ကြီးပြီး သေတဲ့  အထိ ဒီတောင် ပြိုချင်မှ ပြို မယ်။ဒါပေမယ့်  ဟိုမှာကြည့်  စမ်း ကျုပ်မြေးအငယ်ဆံုးလေး မြေ သယ်နေတာ ။တနေ့  သူကပေါက်တူးပေါက်ပြီး သူရဲ့  သား.၊မြေး ဟာမြေသယ်လိမ့်  မယ် ။ကျုပ်တို့  မျိုးဆက် ရှိနေ သမျှ ဒီတောင် ကိုဖြို ကြလိမ့်  မယ့်  ။ဒီတောင် က တနေ့  တခြားကြီးမလာ နိုင် ပါဘူး.။သေချာပေါ က် ဒီတောင် ကြီး ကျုပ်တို့  ရွာနှစ်ရွာ ကြား ပျောက် သွားလိမ့်  ”

ဒီလို ထက် သန် တဲ့  ဇွဲနဲ့  သတ္တိ ကိုကြားတော့  တောင်စောင့်  နတ် ကအတော်လန့်  သွား သည် ။ဒီတော့  အကြီးအမူး နတ်ထံ သွားပြီး အကူညီတောင်းတော့  အဲ့  အကြီးအမူးနတ် က တောင်ကို၇ွာနှစ်ရွာ ကြားကဖယ် ပြီး တခြားသွားထားလိုက် ရတယ်။

.......................................................................................

ဖတ်ဖူးတဲ့  ပုံပြင်လေးတပုဒ်ပါ။ တခါတခါ ကျွန်တော် တို့  တွေ က ဆံုး ဖြတ်ချက် ချပြီးသည် ဖြစ် စေ၊အလုပ်တခုလုပ်တော့  မယ်လို့  ဆံုး ဖြတ်ခဲ့  သည် ဖြစ်စေရှိလာခဲ့  ရင် မဖြစ်လောက်ပါဘူးလို့  ပြောကြမယ့်  သူတွေ ရှိ လာခဲ့  မှာပါ။ဒီ အခါတော် ရုံ ခံယူချက်နဲ့  သူဆို လမ်းစပျောက် သွားတတ်ပါတယ်။လွယ်လွယ် နဲ့  အရှုံး မပေးပါနဲ့  ။မဖြစ်နိုင်ဘူးလို့  ပြောလာခဲ့  ရင်“လောက မှာဘုရားလောက် ကျင့်  ရ ခက်တာမရှိဘူး။ဒါတောင်ကြိုးစားလို့  ရပါတယ်”လို့  သာ ပြောလိုက် ပါ။ပြီးတော့  သင့်  ဦးတည် ရာ ကိုတည့်  တည့်  လျှောက် ပေါ့ ။