7/16/2012

လူတိုင်းက မျက်နှာသာပေးခံရတာကို နှစ်သက်သူပါ





လူတိုင်းက မျက်နှာသာပေးခံရတာကို နှစ်သက်သူပါ
ဒါကို လူတိုင်း သတိမထားမိတတ်ခဲ့ကြဘူး

မိန်းကလေးတွေက အခက်အခဲကြုံတဲ့အခါ
ကိုယ့်ခင်ပွန်း ဒါမှမဟုတ် သူငယ်ချင်း၊ ချစ်သူရဲ့ နှစ်သိမ့်မှု၊ အားပေးမှုကို လိုလားတတ်ကြတယ်

ဒါဆို ယောက်ျားလေးတွေကရော?
ယောကျာ်းလေးအများစုက သူတို့ရဲ့အားနည်း ပျော့ညံ့ချက်ကို
သူတို့ရဲ့ဘဝဖော်၊ ချစ်သူကိုပဲ သိစေချင်ခဲ့ကြတယ်။ အဲဒီဘဝဖော်၊ ချစ်သူတွေကရော သူတို့ကို နူးညံ့၊ နှစ်သိမ့်မှုတွေ ပြန်ပေးခဲ့သလား?

သိပ်မရှိခဲ့ဘူး.. ဟုတ်တယ် မဟုတ်လား?
တချို့မိန်းကလေးတွေက ယောက်ျားလေးတွေမျက်ရည်ကျတာ ဒါမှမဟုတ် ညည်းတွားတာကိုတွေ့တဲ့အခါ
မညှာတာတဲ့သတိပေးစကားတွေ၊ စောင်းရွဲ့တဲ့စကားတွေ ဆိုတတ်ကြတယ်။

တကယ်တော့ ယောက်ျားလေးတွေလည်း မိန်းကလေးတွေရဲ့နှစ်သိမ့်မှုကို လိုအပ်ကြတယ်
အပြင်မှာ နာကျင်မှုဒဏ်ရာတွေရခဲ့တဲ့ယောက်ျားတစ်ယောက်ဟာ အိမ်ပြန်ရောက်တော့ မိန်းမရဲ့အပြစ်ဆိုစကားကို
ခံရပြန်တယ်။ ဒီလိုဘဝမျိုးကို ဘယ်သူခံနိုင်ရည်ရှိနိုင်မလဲ?

ယောက်ျား၊ မိန်းမတွေ ဘယ်လောက်ပဲ တော်ထက်နေနေ
သူတို့ရဲ့တော်ထက်တဲ့စွမ်းအားကို အလုပ်မှာ၊ လုပ်ငန်းမှာပဲ ထုတ်ဖော်သင့်တယ်။

အိမ်ဆိုတာ မာန်မာနတွေပြိုင်ဆိုင်ရမယ့်
နေရာ မဟုတ်ပါဘူး။ ကိုယ့်ဘဝဖော်ကို ညှာတာထောက်ထားတာဟာ မိသားစုပျော်ရွှင်ချမ်းမြေ့ခြင်းရဲ့ အခြေခံပဲဖြစ်တယ်။
.