ကျွန်တော် ချင်းပြည်နယ်...ဟားခါးမြို့မှာ တာဝန် စပြီး ထမ်းဆောင်စဉ်ကပေါ့
.....................
ကျွန်တော် ချင်းပြည်နယ် ဟားခါးမြို့ကို တာဝန်ထမ်းဆောင်ရန်
စတင်ရောက်ရှိချိန်ပေါ့ဗျ......
ကျွန်တော် ချင်းမိသားစု အိမ်တစ်အိမ်ကို
သွားလည်တယ်ခင်ဗျား...
ချင်းမိသားစုကလည်းဖော်ဖော်ရွေရွေဘဲ ဆက်ဆံပါတယ်
အဲဒါနဲ့ ကျွန်တော်တို့ ထိုင်ပြီး စကားလေးတွေပြောကြတယ်ဗျ
ချင်းအဘွားကြီးက ကျွန်တော်ကို လာပြီး
ဆရာပါး...ဘီစကစ် စားမလားတဲ့..
ကျွန်တော်ကလည်း...ဗိုက်နဲနဲစာနေတာနဲ့
ဟုတ်ကဲ့..အနူး ကောင်းတပေါ့ စားမယ်လေလို့...ပြောလိုက်တယ်ဗျ..
အနူးက ဘီစကစ်ကို ကျန်ကျောင်းအိတ်နဲ့ ထုတ်လာတယ်ဗျ..
ကျွန်တော်က အနူးရယ် အဲဒီလောက်ကြီး..မလိုပါဘူးဗျ..
ပန်ကန်နဲ့ ထည့်လာလည်းရပါတယ်ဗျလို့..ပြောလိုက်တယ်..
အနားရောက်မှ..ဘီစကစ်ကို...စားမလို့..
လက်နှိုက်လိုက်တယ်ဗျာ...
ထွက်လာတာကတော့...ဂေါ်ရခါးသီးတွေ..ဖြစ်နေတယ်ဗျား
ကဲသူငယ်ချင်းတို့လည်း..ဘီစကစ်စားရင်း ...ရယ်မောနိုင်ကြပါစေဗျာ....
(မှတ်ချက်..ချင်းဘာသာဖြင့်..ဂေါ်ရခါးသီးကို...ဘီစကစ်လို့ ခေါ်ဆိုပါတယ်ဗျာ......)
ချစ်ထွင်္ဏး
7/04/2012
ဘီစကစ် စားမလား
7/04/2012
Dim




