6/27/2012

ရန်သူအမူအရာ ၁၅ မျိုး

၁။မျက်နှာချင်းဆိုင် တွေ့ ပါလျက် ပြုံးရယ်ခြင်းမပြု၊ ပြုံးရွှင်သောမျက်နှာမ၇ှိ။

၂။ပြောသောစကားကို ထောက်ခံနှစ်သက်သော အမူအ၇ာမပြ။

၃။မျက်နှာချင်းမဆိုင်ပဲ မျက်နှာလွှဲထားခြင်း။

၎။မိမိပြောသောစကားကို အမြဲဆန့်ကျင်ပြောဆိုခြင်း။

၅။မိမိနှင့် မတည့်သူများကိုသာ ရွေးချယ်ပေါင်းခြင်း။

၆။မိမိ၏မိတ်ဆွေများကို မပေါင်းသင်း၊ အဝေးကေ၇ှာင်ခြင်း။

၇။မိမိ၏ဂုဏ်ကျေးဇူးကို ချီးကျူးပြောကြားသံကြားက တားမြစ်ခြင်း။

၈။မိမိကို ကဲ့ ရဲ့ သူများအား ချီးမွမ်းခြင်း။

၉။သူ၏လျှို့ ဝှက်ချက်ကို သိမည်စိုးရိမ်ခြင်း။

၁၀။မိမိ၏လျှို့ ဝှက်ချက်ကို နှုတ်မစောင့်ခြင်း၊ နှုတ်မလုံခြင်း။

၁၁၊မိမိ၏လုပ်ဆောင်ချက်များကို ချီးမွမ်းခြင်း မပြုခြင်း။

၁၂၊မိမိ၏ ပျက်စီးမှု၊ ဆုတ်ယုတ်နိမ့်ကျမှုကိုသာ လိုလားနှစ်သက်ခြင်း။

၁၃။မိမိ၏တိုးတက်ကြီးပွားမှု၊ ပြည့်စုံမှုကို မလိုလားခြင်း။

၁၄။အစားအသောက်ကောင်းများ ရရှိသောအခါ မိမိအားခွဲဝေမျှတပေးကမ်းရန် သတိမရခြင်း။

၁၅။အစားအသောက်ကောင်းများ ရရှိသောအခါ မိမိလည်းအလားတူရပါစေဟု တောင့်တမှုမဖြစ်ခြင်း။