5/21/2012

ဖတ်မိသမျှစာတိုစာစများ ...

- မနာလိုစိတ်သည် သူ့ထက် မိမိညံ့ဖျင်းကြောင်း ၀န်ခံနေသော သိမ်ငယ်စိတ် ဖြစ်သည် ... ။

- ၁ ခါမှားရင် ခွင့်လွှတ်လိုက်ပါ..။ ၂ ခါမှားရင် ကိုယ်ချင်းစာပေးလိုက်ပါ..။ ၃၊ ၄၊ ၅ ခါ ဆက်တိုက်မှားနေပြီဆိုလဲ နားလည်ပေးလိုက်ပါ ..သူငယ်ချင်း...။

- မိုးရွာတာကို ထိုင်ပြီး စိတ်ညစ်မနေပါနဲ့ ... မိုးရွာတော့ ရေရတာပေါ့ .. မဟုတ်ဘူးလား ..။

- ဖြစ်နိုင်တဲ့နေရာကနေ စလုပ် .. အဲဒါ လူ့အရည်အချင်းပဲ ...။

- စိတ်သည် လူ၏ရုပ်သွင်ကို ထုဆစ်ပေးသည့် ပန်းပုဆရာ ဖြစ်သည်...။

- အရှုပ်ကို ရှင်းချင်ရင် အလုပ်ကို မပျင်းနဲ့ ...။

- စိန်သည် အချိန်လောက် တန်ဖိုးမရှိ...။

- ငါမှားနေရင် ငါ့အသွင်ကို ပြုပြင်ပေးပါ .. သူငယ်ချင်း ။ မင်းမှားနေရင် မင်းအသွင်ကို ပြုပြင်လိုက်ပါ .. သူငယ်ချင်း ။

- ဒုက္ခနဲ့ဆုံ၊ ငိုဖို့ကြုံလဲ၊ ပူပုံမချဲ့၊ မဲ့ရုံမဲ့လော့ ...။

- မဟုတ်မမှန် ခွန်းတုန့်ပြန်က မှန်သော်လည်းရှုံး အများမုန်း၏ ..။

- ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အလုပ်ကိုလုပ်၊ သူများအလုပ် ၀င်မရှုပ်နဲ့...။

- အချိန်ရှိခိုက် အလေလိုက်၊ မင်းဟာ ခွေးထက်မိုက်...။

- စည်းကမ်းဆိုတာ ချည်နှောင်ဖို့မဟုတ်ဘူး .. လုပ်ဆောင်ဖို့..။

- မိုးကိုမျှော်ကြည့်ပါ ..။ ဒါပေမယ့် ခြေထောက်နဲ့ မြေကြီး မလွတ်စေနဲ့ ...။

- ပေါ့ဆစွာ လုပ်ခဲ့သော အလုပ်သည် နှစ်ခါပြန်ကာ လုပ်ရတတ်သည်...။

- ပစ္စည်းတိုင်းရဲ့ တန်ဖိုးကို အသုံးဝင်မှုက ဖော်ပြတယ်..။ လူတစ်ယောက်ရဲ့တန်ဖိုးကိုတော့ ကိုယ်ကျင့်တရားက ဖော်ပြတယ် ..။

- တိုးတက်ဖို့ဆိုရင် မခံချင်စိတ်ကလေးတော့ မွေးရမယ် ...။

- အချစ်ဆိုတာ မုန်းမေ့ဖို့၊ နာကျည်းဖို့၊ ရက်စက်ဖို့မဟုတ်ပါ... နားလည်ဖို့သက်သက်ပါ ..။

- စိတ်ကူးယဉ်မှုဆိုတာ ပိုက်ဆံမပေးရပေမယ့် အချိန်တော့ပေးရတယ်နော် .. သတိထား ..။

- လိမ်ညာမှုတိုင်း လိမ်ညာမှုတိုင်းက စိတ်ကို နှောင်ဖွဲ့တတ်တယ် ..။ မလွတ်လပ်တော့ဘူး ..။

- လူ၏တန်ဖိုး၊ ပညာသည် လူ၏တန်ခိုး..။