1.ယုံအောင်ပြောတက်တဲ့ လူကို ယုံပေးလိုက်တာ စိတ်သက်သာခြင်းတစ်မျိုးပဲလေ။ ဒါကို အ တယ် ထင်ရင်တော့ ထင်တဲ့သူ
ပဲ အ တာပေါ့။
2.တစ်ချို့ စကားလုံးတွေဟာ မျိုသိပ်ထားမှ တန်ဖိုးတက်လာတယ်။ အဲ့ဒီထဲမှာတော့ အချစ်ဆိုတဲ့ စကားလုံး မပါဘူးဆိုပဲ။
3.လူတစ်ယောက်ကို အောင်မြင်စေချင်လို့  နာကျင်အောင်ပြောရ၊ လုပ်ရတာပါလို့ ပြောတဲ့ သူဟာ ဘာရောဂါ ခံစားနေရမှန်းမသိ
တဲ့လူကို ဆေးပေးတဲ့ ရမ်းကု နဲ့ တူတယ်။
4.ဝေဖန်မူ့ ဆိုတာ လိုအပ်ပါတယ် ။ဒါပေမဲ့ ဝေဖန်မူ့ တိုင်းကိုတော့ ဂရုစိုက်နေဖို့ မလိုအပ်ပါဘူး။
5.လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာ ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးရင်တော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရဲ ဖို့လိုတယ်။
6.လူတစ်ယောက်ကို အရိုးရှင်းဆုံး အနိုင်ယူနည်းဟာ အဲ့ဒီလူထက် စကားကို ပိုမို ယဉ်းကျေးအောင်ပြောတက်ခြင်းဖြစ်တယ်။
7. အချစ်ကို ဗဟိုပြုပြီး ရင်ခုန်သံကို ဦးစားပေးနေမယ်ဆိုရင်တော့ မင်းရဲ့ အနာဂတ်ဟာ စုတ်ချက်မညီတဲ့ ပန်းချီကား တစ်ချပ်
ဖြစ်သွားလိမ့်မယ်။
8.အလယ်အလတ်ဟာ အကောင်းဆုံးလို့ ဆိုပေမယ့် ပြတ်သားရမယ့် နေရာမှာတော့ တစ်ဖတ်တည်းမှာပဲ ရှိသင့်တယ်။
9.ဘ၀ကို သုညနဲ့ စခဲ့ရလို့  စိတ်မပျက်ပါနဲ့ ၊ အနုတ်မဖြစ်ရင် မင်းတော်တယ်ပြောရမယ်။
10. စာရိတ္တကောင်းရင် နောက်ကြောင်းရှင်းတယ်။
5/21/2012
နှစ်သက်မိသော စာစုလေးများ
5/21/2012
Dim




