5/18/2012

အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ...

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ...

1. အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)

2. ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)

3. အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့နိဂုံးပဲ(Antoine Bret)

4. ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြားအစိတ်အပိုင်းတစ်ခုမျှသာ

မိန်းမရဲ့အချစ်ကတော့ သူ့ဘ၀တစ်ခုလုံးပါပဲ……(Byron)

5. ယောက်ျားက နဲနဲ နဲ့ ခဏခဏချစ်တတ်တယ်…..

မိန်းမက များများနဲ့ရှားရှားပါးပါး ချစ်တတ်တယ် (Basta)

6. ပညာတွေ ဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အရူးပဲ (Joshua Cooke)

7. လူငယ်ဘ၀မှာ ဆန္ဒက အချစ် ငွေ ကျန်းမာရေး၊ အိုမင်းမစွမ်းတဲ့အခါကျတော့

ကျန်းမာရေး ငွေ အချစ်တဲ့………(Paul Geraldy)

8. နဲနဲပဲ ချစ်ပါ ဒါမှ ကြာကြာချစ်နိုင်မှာ (Herrick)

9. အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ (Plato)

10. ချစ်မိပြီဆိုရင် လူတိုင်းဟာအကန်းပဲ (Propertius)

11. အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦး

လက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန် (Dfinod)

အချစ်ဆိုတဲ့အရာဟာ လက်မထပ်ခင်ပဲကောင်းတယ်….လက်ထပ်ပြီးရင်တော့အချစ်ဆို

သောနေမင်းဟာ မှေးမှိန်သွားတော့တာပါပဲ…………

လူထုစိန်ဝင်း (လူငယ်နဲ့ အချစ်)