5/20/2012

စိတ်ဓါတ် ခွန်အားများဘယ်လိုမွေးမြူကြမလဲ။

လူသားတွေဟာ ကိုယ်ခန္ဒာ နဲ့ စိတ်နှစ်မျိုးရှိတယ်လို့ ဆိုကြပါတယ်။ ကိုယ်ခန္ဒာ က ထိတွေ့မြင်တွေ့နိုင်ပါတယ်။ စိတ်ကလက်ဆုပ် လက်ကိုင် ပြလို့ မရပါ။ ဒါပေမဲ့ စိတ် (Mind) ဆိုတာကလူသားတွေကိုဦးဆောင်သူဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲံလူသားတွေဟာ ပျော်ရွှင်ကြတယ်။
ဝမ်းနဲကြတယ်။ ကျိုးစားကြတယ်။ အားလျှော့ကြတယ် အစရှိသည်ဖြင့် ခံစားမှုအမျိုးမျိုးနဲ့ရှင်သန်နေကြတာဖြစ်ပါတယ်။ လူသားတွေရဲ့စိတ်ဟာ အလွန်ထူးဆန်း လွန်း တဲ့အတွက်ကြောင့် ဆောင်းပါးတစ်ပုဒ်၊ စာအုပ်တစ်အုပ်လောက်နဲ့တော့ ပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။ ဒါပေမဲ့ ဒီစိတ်တွေကို လေ့လာရာမှာ အများအားဖြင့် Faith, Passion နဲ့ Perseverance ဆိုတဲ့စကားလုံး (၃) လုံးကိုတော့ သေသေချာချာနားလည်သဘောပေါက်ရန်လိုပါတယ်။ လူသားတွေ စိတ်ဓါတ်ခွန်အားများ ဖွံဖြိုးတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေက ဒီစကားလုံးတွေအပေါ်မှာအများကြီး မူတည်တာဖြစ်ပါတယ်။

ပထမစာလုံးတစ်လုံးဖြစ်တဲ့ Faith ဆိုတာကို အင်္ဂလပ်စကားနဲ့ပြောရင် Great trust or confidence in something or someone လို့ဆိုပါ တယ်။ အဓိပ္ပါယ်ကတော့ တစ်စုံတစ်ရာ (သို) တစ်စုံတစ်ဦးကို ပြင်းပြစွာ ယုံကြည်ခြင်းနဲ့ ယုံစားမှုလို့ဆိုနိုင်ပါတယ်။ Faith လို့ ဆိုလိုက်တာနဲ့ ကျိုးကြောင်းဆင်ခြင်မှုများထက်လွန်ပြီးသော်လည်းကောင်း၊ မည်သည့်မေးခွန်းမျှထပ်မေးရန်သော်လည်းကောင်မလိုအပ်တဲ့ နက်ရိုင်းစွာ ယုံကြည်မှု မျိုးလို့သဘောပေါက်ရမှာဖြစ်ပါတယ်။ အများအားဖြင့် လူပုဂ္ဂိုလ်များမှာသုံးသော်လည်းအထူးသဖြင့် ဘာသာရေးကိစ္စ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက် တဲ့ ကိစ္စတွေမှာ သုံးလေ့ရှိပါတယ်။ နောက်တစ်မျိုးက Passion လို့ခေါ်ပါတယ်။ Passion ဆိုတာက a very powerful feeling လို့ဆို ပါတယ်။ အလွန်ပြင်းပြတဲ့ ခံစားမှုလို့အနက်ရပါတယ်။ နောက်တစ်မျိုးကတော့ Perseverance လို့ခေါ်ပါတယ်။ Perseverance ဆိုတာကတော့ continued effort and determination လို့ဆိုပါတယ်။ မြန်မာလိုပြောရင်တော့ မဆုတ်မနစ်သော ဇွဲလုံးလ လို့ဆိုပါတယ်။

လူသားတွေရဲ့ စိတ်ဓါတ်ခွန်အားကို တိုးတက်ဖွံ့ဖြိုးစေတဲ့အချက်ဟာ ပြင်းပြစွာယုံကြည်ခြင်းနဲ့ မဆုတ်မနစ်သော ဇွဲလုံးလသာဖြစ်ပါတယ်။ ဘာအလုပ် ပဲလုပ်လုပ် မိမိလုပ်တဲ့အလုပ်ကို အလွန်ပြင်းပြစွာယုံကြည်ရန်လိုပါတယ်။ ပြင်းပြစွာယုံကြည်ခြင်းနိုင်အောင်မိမိ လက်ရှိလုပ်နေတဲ့လုပ်ငန်း ရည်ရွယ်ချက်ဟာ မျှတတဲ့တယ်လို့ယုံကြည်ရမယ်။ လူသားတွေကောင်းကျိုးအတွက်ဖြစ်တယ်လို့ယုံကြည်ရမယ်၊ တရားနည်းလမ်း ကျတယ်ဆိုတာ ယုံကြည်ရမယ်။ ဒီလိုမျိုးပြင်းပြင်းပြပြ ယုံကြည်သူတွေမှာ မဆုတ်မနစ်တဲ့ ဇွဲလုံးလဆိုတာဖြစ်တည်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်တပ်ကြီးတွေ၊ နိုင်ငံကြီး တွေဟာ အလွန်အင်အားကြီးမားသော်လည်း တာဝန်ယူနေသူတွေဟာ မိမိတို့လုပ်နေရတာကို မိမိတို့မယုံကြည်တော့ဘူးဆိုရင် ဘာဇွဲမှမရှိတော့ပါ။ ဇွဲပျောက်ကွယ်သွားတဲ့နေ့ဟာ အရာရာကိုဆုံးရှုံးသွားတဲ့နေ့ဖြစ်ပါတယ်။ တကယ်တော့ဇွဲရှိတယ်ဆိုတာ ပြောတာသာလွယ်ပြီး တကယ်အလုပ်မှာ တော့ မလွယ်လှပါဘူး။ တကယ်တမ်းခံစားလာရချိန်မှာ မိမိခံစားနိုင်တဲ့ အတိုင်းအဆထက်များစွာပိုမိုခံစားကြရတာဖြစ်ပါတယ်။ ဒါတွေကို ကျော်လွား နိုင်မှသာ ဇွဲရှိသူလို့ခေါ်ပါတယ်။ ဒီနေရာမှာ Obstinate တို့ Die Hard တို့လိုခေါင်းမာခြင်းမျိုး၊ Recalcitrant လို့ဆိုတဲ့ ဆိုဆုံးမရခက်တာမျိုးကို ဇွဲလို့မခေါ်ပါဘူး။ ဇွဲဆိုတာက အသိဥာဏ်နဲ့ပြင်းပြတဲ့ယုံကြည်မှုမှာ အခြခံရမှာဖြစ်တယ်။

ဒီလိုဇွဲလုံးလရှိသူတွေဟာ ကတိတည်ကြည်ကြပါတယ်။ အလွန်ကြီးမားတဲ့ လှေကြီးများ၊ သင်္ဘောကြီးများဟာ အလွန်သေးငယ်တဲ့ ပဲ့ ရဲ့ လမ်းပြမှု နောက်ကိုလိုက်ရမြဲဖြစ်ပါတယ်။ လူသားတွေရဲ့နုတ်ဟာ လှေ၊ သင်္ဘောတို့ရဲ့ ပဲ့နဲ့တူပါတယ်။ ဒီနုတ်ရဲ့စကားကတိတွေအပ်ါမှာမူတည်ပြီး လူသား တွေရဲ့ ဘ၀တွေဟာပြောင်းလဲသွားကြတာဖြစ်ပါတယ်။ ကတိတည်သူတွေကို ချစ်ခင်သူများပါတယ်။ ကလိမ်ကကျစ်နဲ့ တောပြောတောင်ပြော ပြော နေသူတွေဟာ အသိဥာဏ်နဲပါးသူတွေကိုသာလိမ်ညာနိုင်ပါတယ်။ အမှန်တကယ်ကတိတည်သူများကို အခြားလူသားတွေက ပိုပြီး ချစ်ခင်လာလေ့ ရှိပါတယ်။ တစ်ခါတစ်ရံ တစ်အူတုံဆင်း ညီရင်းအစ်ကိုမောင်နှမများကဲသို့ပင် ချစ်ခင်လာလေ့ရှိပါတယ်။ ဒီလိုချစ်ခင်မှုတွေကို ညီရင်းအစ်ကိုချစ်ခင်မှု Brotherly Loveလို့ခေါ်ပါတယ်။ တစ်ချို့လုပ်ငန်းရှင်တွေဟာ အခြင်းခြင်း ကတိတည်ရင်းက ညီရင်းအစ်ကိုတွေလိုဖြစ်လာလေ့ရှိပါတယ်။ ညီရင်းအစ်ကို ချစ်ခင်မှုတွေ တဖြေးဖြေးခိုင်မြဲလာပြီဆိုရင် မေတ္တာတရား (Lovingkindness) ဘက်ကိုပြောင်းလဲသွားတော့တာပါပဲ။ မေတ္တာတစ်ရား ဆိုတာက သူတစ်ပါးရဲ့ ကောင်းကျိုးကိုသာလိုလားခြင်းဖြစ်ပါတော့တယ်။

Love ဆိုတဲ့ စကားလုံးက အဓိပ္ပါယ် သုံးမျိုးရှိပါတယ်။ ပထမ အနက်က Like လို့ခေါ်တဲ့နှစ်သက်မှုဖြစ်ပါတယ်။ ဒုတိယအနက်က Lust လို့ခေါ်တဲ့ ကျားနဲ့မ တွေမှာဖြစ်လေ့ရှိတဲ့ ကာမဂုဏ် နဲ့ယှဉ်တဲ့ ချစ်ကြိုက်မှုဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ လူသားတို့ရဲ့ ကောင်းကျိုး ကိုသာ လိုလား တော့တဲ့ မေတ္တာတစ်ရား Lovingkindness ဖြစ်ပါတယ်။ မေတ္တာတရားရှိလေလေ ဇွဲရှိလေလေပါပဲ။ မေတ္တာတစ်ရားအမြင့်ဆုံးရှိသူများဟာအမြင့်မား ဆုံးဇွဲသတ္တိရှိသူများဖြစ်လာပါတယ်။ ဒါကြောင့် လူသားတွေရဲ့စိတ်ဓါတ်ခွန်အားဟာ မေတ္တာတရားကသာ အစပြုပါကြောင်း ယုံကြည်အပ်ပါသည်။

Posted by asiamasters
Ref-http://mandalaygazette.com/31851/business-economy/think-tank