ခရစ်တော်ကိုယုံကြည်သူတိုင်းသည် တန်ဖိုးရှိသောသူများဖြစ်ကြသည်။ (ယော၊၃း၁၆။ဧ၊၂း၁၁-၁၃။ ၂ပေ၊၂း၁။ ရော၊၅း၆-၈။
ယုံကြည်သူတိုင်းသည်ခရစ်တော်၏ကိုယ်အင်္ဂါများဖြစ်ကြသောကြောင့်အလွန်တန်ဖိုးရှိကြသည်။ (၁ကော၊၁၂း၁၄-၂၇။၁ပေ၊၄း၁၀-၁၁
ဘုရားသားသမီးပီပီမိမိကိုယ်ကို မိမိတန်ဖိုးထားပါ။ (ယော၊၁း၁၂-၁၃)
သူတပါးကိုချစ်၍ခွင့်လွှတ်သောသဘောကိုထားရှိကာသူတို့အကျိုးကိုမိမိအကျိုးကဲ့သို့မှတ်ပါ။(ဧဖက်၊၃း၁၁-၁၄။ ဖိလိပ္ပိ၊၂း၃-၄)
မာနထောင်လွှားသောသဘောကိုပယ်၍ နှိမ့်ချစွာလူတို့ကိုဆက်ဆံပါ။ (၁ပေ၊၅း၅-၆။ တိတု ၃း၁-၂)
ကျဆင်းခြင်း၊ချို့တဲ့ခြင်းဆိုင်ရာ စိတ်ခံစားမှု့များကို အခွင့်မပေးပါနှင့်။ (၂ကော၊၃း၎-၆။
အခြားသောယုံကြည်သူတို့နှင့်ဆက်ဆံရာတွင်သူတို့ကိုလေးစားမှုထား၍အရှိတိုင်းလက်ခံပါ။ (ရော၊၁၅း၇။ ၁ပေ၊၂း၁၇)
မိမိကိုယ်ကိုဝိညာဉ်ရေးရာ၌လည်းကောင်း၊လူမှု့ရေး၌လည်းကောင်းသူတပါးတို့နှင့်နှိုင်းယှဉ်ခြင်းသည်အချည်းနှီးဖြစ်ကြောင်းသိမှတ်ပါ။ (ရော၊၁၄း၁-၅)
ဘုရားသခင်၏အမွေခံဖြစ်သည်ကိုသိမှတ်ပါ။ (တိတု ၃း၃-၈)
မိမိကိုယ်ကိုလေးစားမှု့နည်းပါးသောယုံကြည်သူတစ်ဦးသည်ခရစ်တော်၌ရှိသောမိမိအခြေအနေကိုနားလည်ခြင်းမရှိသောကြောင့်ဖြစ်သည်။
5/26/2012
မိမိကိုယ်ကိုလေးစားခြင်း
5/26/2012
Dim




