3/08/2012

လမ်းလျှောက်သူများအတွက် အဆီချေဖျက်ပေးမည့်

လမ်းလျှောက်သူများအတွက် အဆီချေဖျက်ပေးမည့် ထိပ်တန်းအစားအသောက်သုံးမျိုး

လမ်းလျှောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအနေနဲ့ အားကစားလုပ်ပြီး အဆီများများ လျော့ကျအောင် စားသောက်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြလိုက်ပါတယ်။

ချောကလက်နို့

လမ်းလျှောက်ပြီးချိန်မှာ အချိုရည်တွေအစား ချော့ကလက်နို့သောက်ပါ။ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်း ပေါင်းစပ်ပါဝင်တဲ့ ချောကလက်နို့ဟာ ကြွက်သားတွေကို အားဖြည့်ပေးတဲ့အတွက် နောက်တစ်ကြိမ် အားကစားလုပ်နိုင်ဖို့ စွမ်းအင်တွေ ပိုရရှိစေပါတယ်။ အဆီနည်းတဲ့ နို့ကိုသောက်ပါ။

ကော်ဖီ

ကဖင်းဓာတ် ပမာဏ အနည်းငယ်သာပါဝင်တဲ့ ကော်ဖီကို အားကစားမလုပ်ခင် တစ်နာရီအလိုမှာ သောက်တာက အားကစားလှုပ်ရှားရာမှာ ပိုမိုစွမ်းဆောင်နိုင်သလို ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။

ကောက်နှံတစ်ခုလုံးနှင့် လုပ်ထားသော အစာ

ပြောင်းမှုန့်၊ အသီးအနှံတွေနဲ့ ရောထားတဲ့အစာကို စားပေးတာဟာ အားကစားလုပ်ချိန်အတွင်း အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်း မဖြစ်အောင်လည်း တားဆီးပေးပါတယ်။

Ref: Good Health