3/02/2012

အောင်မြင်သူနှင့်ကျရှုံးသူ

လောကတွင်ကျရှုံးသူများနှင့် အောင်မြင်သူများ ဟူ၍နှစ်မျိုးရှိသည်။ အောင်မြင်သူများနှင့် ကျရှုံးသူများ၏ကွာခြားချက်မှာအောက်ပါအတိုင်းဖြစ်သည်။

၁။ အောင်မြင်သူများဟာ စကားကိုအလုပ်နဲ့ သက်သေပြတယ်။ ရှုံးနှိမ့်သူက သူ့ ရှုံးနိမ့်မှုကို ဆင်ခြင်ဆင်လက်တွေနဲ့ ပေးတယ်။

၂။ အောင်မြင်သူဟာ ဘ၀ကိုတာဝန်ယူပြီးတည်ဆောက်တယ်။ ရှုံးနိမ့်သူက မတည်နိုင်တဲ့ကတိတွေကိုပဲပေးတတ်တယ်။

၃။ အောင်နိုင်သူဟာ အပြစ်ပေးခံရမှာကိုမကြောက်ပဲစွန့် စားပြီးဆုကိုရအောင်ယူတယ်။ ရှုံးနိမ့်သူဟာ မတရားတဲ့ နည်းလမ်းတွေနဲ့ ပရိယာယ်ကိုသုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တယ်။

၎။ အောင်နိုင်သူဟာလုပ်ဖော်ကိုင်ဖက်အတွက်ကူညီဆောင်ရွက်ပြီး မြင့်မားတဲ့အဆင့်အတန်းကို
ရယူတယ်။
ရှုံးနိမ့်သူကအဆင့်အတန်းကိုကိုးကွယ်ပြီး နောက်ဆုံးအရှက်တကွဲအကျိုးနည်းဖြစ်ရတယ်။

၅။ အောင်နိုင်သူဟာ အမှားကို ကျုးလွန်မိရင် အမှားကိုဝန်ခံတယ်။ ရှုံးနိမ့်သူဟာ ညည်းတွားရင်း သူများကိုအ ပြစ်လိုက်တင်တယ်။

၆။ အောင်နိုင်သူရဲ့နုတ်မှာ အမှန်တရားတွေနဲ့ ပြည့်နေပေမဲ့ ရှုံးနိမ့်သူရဲ့လက်ဖျားမှာတော့ ဆင်ခြင်ဆက်လက်တွေနဲ့ ပြည့်နေတယ်။

၇။ အောင်နိုင်သူဟာ ဟုတ်တယ် မဟုတ်ဘူးလို့ ဘဲပြောတယ်။ ရှုံးနိမ့်သူဟာ ဖြစ်ချင်ဖြစ်မယ်လို့ ဘဲပြောတယ်။

၈။ အောင်နိုင်သူဟာကျတယ် ပြန်ထတယ် ရှေ့ ကိုမျက်နှာမူတယ်။ ရှုံးနိမ့်သူဟာနောက်ပြန်လည့်တော့တာပဲ။

၉။ အောင်နိုင်သူအတွက် တစ်နေ့ မှာ ၂၅ နာရီရှိတယ်။ ရှုံးနိမ့်သူအတွက် ၂၃ နာရီပဲရှိတယ်။

၁၀။ အောင်နိုင်သူဟာအလုပ်ကိုကြိုးစားပြီးလုပ်တယ်ပြီးတော့မှ နားတယ်။ ရှုံးနိမ့်သူဟာ အလုပ်ကို အလျင်စလိုလုပ်တယ် ပြီးတော့မှအချိန်တွေကို ဖြုန်းပစ်တယ်။

၁၁။ အောင်မြင်သူဟာအချိန်ကို စီးနှင်းမောင်းနှင်သူဖြစ်တယ်။ ရှုံးနိမ့်သူဟာ အချိန်ရဲ့မောင်းနှင်ခြင်းကို ခံရတယ်။

၁၂။ အောင်နိုင်သူဟာ အရှုံးအတွက်စိုးရိမ်စိတ်မရှိဘူး။ ဒါပေမဲ့ ရှုံးနိမ့်သူဟာ အောင်ပွဲကို မယုံရဲသူဖြစ်တယ်။

၁၃။ အောင်နိုင်သူဟာ အောင်ပွဲရဖို့ အတွက်အလုပ်ကိုလုပ်တယ်။ ရှုံးနိမ့်သူဟာ အလုပ်အလုပ်ပဲ အောင်ပွဲကိုရချင်တယ်။

၁၄။ အောင်နိုင်သူဟာ လဲကျပြီး ပြန်ထရတဲ့အနှစ်သာရကို နှစ်ခြိုက်တယ်။ ရှုံးနိမ့်သူဟာ လဲကျခြင်းအတွက် ကံဆိုးလေစွလို့ ညည်းညူတတ်တယ်။

၁၅။ အောင်နိုင်သူဟာ နှင်းခဲပေါ်မှာ လမ်းလျောက်တယ်။ ရှုံးနိမ့်သူဟာ ရေခဲအရည်ပျော်တဲ့အထိစောင့်တယ်။

၁၆။ အောင်နိုင်သူဟာ စင်မြင့်ပေါ်ရောက်တဲ့အခါ ရှုံးနိမ့်သူဟာ ပရိတ်သတ်ထဲမှာ ထိုင်စရာနေရာရှာနေဆဲဖြစ်တယ်။

၁၇။ အောင်နိုင်သူဟာ ငွေကြေးရဲ့အရှင်သခင်ဖြစ်ပြီး ရှုံးနိမ့်သူဟာ ပိုက်ဆံရဲ့ကျေးကျွန်ဖြစ်တယ်။

၁၈။ အောင်နိုင်သူဟာ စိတ်ကူးတွေကိုအကောင်အထည်ဖော်ဖို့ သိမ်းထားတယ်။ ရှုံးနိမ့်သူဟာ စိတ်ကူးယာဉ်ပြီး လောဘတက်တတ်တယ်။

၁၉။ အောင်နိုင်သူဟာ နောက်တကြိမ်ထကြိုးစားကြစို့လို့ ဆိုတယ်။ ရှုံးနိမ့်သူဟာ မထူးတော့မှာ မဟုတ်ဘူးလို့ ဆိုတယ်။

၂၀။ အောင်နိုင်သူဟာ သူများပြောစကားကိုနားထောင်တယ်။ ရှုံးနိမ့်သူဟာ ကိုယ်ပြောရမယ့် အလှည့်ကိုစောင့်နေတယ်။

၂၁။ အောင်နိုင်သူဟာ လမ်းများစွာကိုထွင်ပြီးစဉ်းစားတယ်။ ရှုံးနိမ့်သူက တစ်လမ်းတည်းကိုပဲသွားတယ်။


ကျတော်စုဆောင်းထားသမျှပြန်လည်မျှဝေပေးတာပါ။
Posted by John Cena