ကဖင်း(Caffeine) ဟာ စွဲလမ်း စေတဲ့ ပစ္စည်း (Addictive) မဟုတ်ပါ။ ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ Stimulant သာ ဖြစ်ပါတယ်။ ကဖင်း ဓာတ်ပမာဏ အတန်အသင့် သောက် သုံးရင် ဆီးချို၊ ဆီးကျောက်တည်ခြင်း၊ ပါကင်ဆန်ရောဂါတို့ကို ကာကွယ်နိုင် ပါတယ်။ (ကဖင်းဓာတ်ကိုသာ ဆိုလိုခြင်းဖြစ်ပြီး ကဖင်းဓာတ် ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များထဲမှ သကြားဓာတ်နှင့် မသက်ဆိုင်ပါ) ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ ကဖင်းပမာဏဟာ ကော်ဖီ ဖျော်တဲ့နည်း၊ ကော်ဖီစေ့ အမျိုးအစား နဲ့ ပမာဏပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။
- ကဖင်းဟာ ခေါင်းကိုက်ပျောက် ဆေးအချို့ရဲ့ စုပ်ယူမှုကို မြင့်တက်စေ တဲ့ ခေါင်းကိုက်ပျောက်ဆေးထဲမှာ ကဖင်းဓာတ် နည်းနည်းထည့်ထားရင် အကိုက်အခဲပျောက်ဆေး လိုအပ်တဲ့ ပမာဏကို လျှော့ချနိုင်တယ်။
- အချို့သော အသားအရေထိန်း သိမ်းတဲ့ အလှကုန်များမှာ ကဖင်းဓာတ် ထည့်သွင်းထားတယ်။
- ကဖင်းဟာ စိုးရိမ်သောကနှင့် စိတ်တင်းကျပ်ခြင်း Anxiety and tension ကို လျှော့ချနိုင်တယ်။
- ကဖင်းဓာတ်လွန်ကဲစွာ သုံးစွဲ မိရင် သေစေနိုင်တယ်။ သေစေနိုင်တဲ့ ပမာဏဟာ ကဖင်း ၁၀ ဂရမ် ဒါမှ မဟုတ် ပျမ်းမျှကော်ဖီ၈၅ခွက်ဖြစ်တယ်။
Ref: Internet.
3/18/2012
ကဖင်းဓာတ် အကြောင်း သိကောင်းစရာ အချို့
3/18/2012
Dim




