ငါတို့နိုင်ငံ ငါတို့လူမျိုး
တန်ခိုးဝင့်ထည် ဂုဏ်တင့်တယ်သည်
ဟိုတုန်းဆီက။
ဆန်ရေစပါး သယံဇာတများ
ပေါပြည့်လျှံကြွယ် ကမ္ဘာ့လည်တွင်
ဟိုးယခင်က။။
သို့ပါသော်လည်း ရေမြေသစ်တော
မနှမြှောမတွယ်တာ မင်းဘဏ္ဍာကိုယ့်ဟာမှတ်ထင်
အပြတ်ပင်ချယ်လှယ် ကိုယ့်ဖို့ကိုယ်တာ ၀င်ငွေရှာကြ။။
နေရာအနှံ့ခြေကိုဆန့်ရ်ျ
တန်ဖိုးမထား အရာရာ လက်ညှိုးထိုးရောင်းစား
ကုန်လုပါပြီလား။။
တန်၏ မတန်၏ ချင့်ချိန်သတိ
မျှော်မကြည့်ပါ ရောင်းစားလာကြ
အနတက္ကမ။။။။
ဘိုးဘွားစဉ်ဆက် မပျက်ထိန်းလာ
တောတောင်ရေမြေ ရတနာတွေသည်
ပျက်သုဉ်းပျက်ခင် ကုန်လုပေပြီ။။
နှောင်းလူတို့အတွက် ၀ကွက်အပ်ရာ
အနာဂတ်မှာ
ဗလာနထ္ထိ ပေးစရာမရှိ။။
မြန်ပြည်သမိုင်း ခေတ်ဆိုးရိုင်းမှာ
တောတောင်ရေမြေ မုန်တိုင်းမွှေသလို
နဂိုရ် အနေပျက်ယွင်းပျက်စီးခြင်းတွေတိုင် ခဲ့ပြီ။
အကြံသမားတွေကြောင့် ဒဏ်ရာတွေများခဲ့ပြီ
အမိမြန်မာပြည်။
အခွင့်အရေးသမားတွေကြောင့်
ဖင့်နှေးသွားရပြီ မြန်မာပြည်။။
ပုဂံသား
3/27/2012
ဒဏ်ရာများနှင့် မြန်မာပြည်
3/27/2012
Dim




