ဖျားနာသောသူများသည် မသက်သာသောအခြေအနေမှသာလျှင် ဆေးရုံသို့တက်သောသူများဖြစ် သည်။စိတ်ဓါတ်ကျပြီး၊မျှော်လင့်ချက်မရှိသော သူများဖြစ်သည်။ သင်၏ ချိုသာသောစကားနှင့်သင့် ကို မြင်ဖို့ရန်မှာ သူ့အတွက် အရေးကြီးသော အချက်ဖြစ်သည်။ စားစရာနှင့်အခြားလက်ဆောင်များ ပေးဘို့ရန် အရေးကြီးသော်လည်း သင်ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းသည် ဘယ်အရာနှင့်မှ မ လဲနိုင်သောအရာဖြစ်သည်။
( ၁ ) အချိန်ကိုရွေးပါ။ ။တချို့သောဆေးရုံများသည် မနက်နှင့်ညနေပိုင်းသာ ဧည့်တွေ့ချိန်အပြင်၊ အခြားအချိန်များတွင် ဝင်ခွင့်မပြုသော ဆေးရုံများရှိပါသည်။ထို့ကြောင့် အတင်းဝင်ဘို့ မကြိုးစားပါ နှင့်။သို့သော် ဝင်ခွင့်ရရန် အခြေအနေရှိပါက လူနည်းသောအချိန်ကိုရွေးပါ။သို့မှသာ ကောင်းမွန်စွာ စကားပြောဆွေးနွေးနိုင်မည်ဖြစ်သည်။
( ၂ ) အချိန်ကြာရှည်စွာမထိုင်ပါနဲ့။ ။တစ်ကြိမ်ဆေးရုံသွားပြီး အချိန်ကြာကြာထိုင်မည့်အစား၊ခဏ ခဏသွားပြီး ခဏထိုင်ခြင်းသည် ပို၍သင့်တော်ပါသည်။လူနာစကားမပြောနိုင်ပါက အတင်းစကားမ ပြောပါနဲ့ ။အခြေအနေမကောင်းပါက ပြုံးပြပြီး နောက်တစ်ခေါက်ပြန်လာမည်ဟု ပြောပြီးပြန်ပါ။
( ၃ ) လူနာကုတင်ပေါ်မထိုင်ပါနှင့်။ ။ဆရာဝန်များ တားမြစ်ထားသော စည်းကမ်းဖြစ်သလို လူနာ ကိုအနှောက်အယှက်မပေးဘို့ရန် သတိထားပါ။
( ၄ ) မိမိအသံအနေအထားကို ဂရုစိုက်ပါ။ ။လူနာအတွက်ဆုတောင်းပေသည်ဘဲဖြစ်ဖြစ် ကယ်တင်ခြင်းအကြောင်း ဝေငှသည်ဘဲဖြစ်ဖြစ် ဘေးပတ်ဝန်းကျင်ရှိ အခြားလူနာများအတွက် အနှောက်အယှက် မဖြစ်အောင် အသံကျယ်ကျယ်နဲ့ မပြောပါနှင့်။
( ၅ ) လွယ်လွယ်နှင့်ဂတိမပေးပါနှင့်။ ။ကိုယ်လုပ်မပေးနိုင်သည့်ကိစ္စအတွက် ဂတိမပေးမိပါစေနဲ့။ ဂတိပေးပြီးမှ မလုပ်နိုင်ပါက လူနာစိတ်ဓါတ်ကျပြီး ရောဂါပို၍ တိုးလာနိုင်ပါသည်။
( ၆ ) သတင်းကောင်းပြောပါ။ ။လူနာကြည့်သောအခါ မကောင်းသတင်းနှင့်အတင်းအဖျင်းစကား ကိုမပြောပါနှင့်။ကယ်တင်ခြင်းစိတ်ချမှုမရရှိသေးပါကလူနာကိကယ်တင်ခြင်းအကြောင်း ပြောပြပါ သင်ကိုယ်တိုင်မပြောတတ်ပါက ပြောနိုင်သောသူများကို ခေါ်ပြီး ဆွေးနွေးစေပါ။သူဖတ်သင့်သော စာစောင်များကိုပေးပါ။
( ၇ ) သူပြောသောစကားကို ဂရုစိုက်ပြီးနားထောင်ပါ။ ။သူ့ရင်ထဲလျို့ဝှက်ပြီး ထိန်းသိမ်းထား သောအရာများ သင့်ကိုရင်ဖွင့်နိုင်ပါသည်။ဘုရားသခင်အပေါ်နှင့်သူတစ်ပါးအပေါ် စိတ်နာမိသော အရာများအတွက် ဖြေးဖြေးခြင်း ဆွေးနွေးပေးပါ။
( ၈ ) လျို့ဝှက်ပါ။ ။သူ့ရောဂါနှင့်သူတစ်ပါးမသိစေလိုသော အရာများ သင့်ကိုရင်ဖွင့်ပါက မလိုအပ်ဘဲနှင့်တစ်ပါးသူဆီသို့ ထပ်ဆင့်မပြောမိပါစေနှင့်။သူပြန်ကြားပါက အထင်လွဲနိုင်သည်။
( ၉ ) သူရဲ့ကုသချက်များကို မစပ်စုပါနဲ့။ ။ဆရာဝန်များ၏ ကုသမှုနှင့်ဆေးညွန်းများအပေါ် သံသယရှိပါက သူ့ကိုမပြောဘဲ သက်ဆိုင်ရာ လူကြီးများကိုပြောပါ။
( ၁၀ ) အလိုက်သိပါ။ ။ဆရာဝန်နှင့်ဆရာမများ လူနာလှည့်ချိန်ဖြစ်ပါက ဆက်လက်မထိုင်ဘဲ ရှောက်ပေးလိုက်ပါ။
( ၁၁ ) ကူညီပါ။ ။လ္ဘက်ရည်ဖျော်ဘို့၊မုန့်ကျွေးဘို့နှင့် ထမင်းခွံ့ဘို့ ကိုယ်ကိုလှည့်ဘို့ အလိုက်သိစွာ ကူညီပါ။
( ၁၂ ) လက်ဆောင်ပေးပါ။ ။စားစရာတခုခုသော်၎င်း၊ဖတ်စရာကောင်းသော စာအုပ်များကိုသော် ၄င်း ပေးပါ။လူနာက မျှော်လင့်တတ်သည်။
စိတ်နှလုံးမာကြောသူတစ်ယောက်သည် ဆေးရုံသို့ရောက်သောအခါ စိတ်ပျော့တတ်သည်။ကယ် တင်ခြင်းလက်ခံဘို့ အကောင်းဆုံးအချိန်လည်းဖြစ်သည်။ထို့ကြောင့် သူ့ဝိညာဉ် လွတ်မြောက်ဘို့အ တွက် အထူးဆက်ကပ်ဆုတောင်းပေးပါ။သူ့ဝိညာဉ်အတွက် ဝန်တာစိတ်ထားပါ။သူ့ ဝိညာဉ်ကယ် တင်ခြင်းရပြီး သေသွားသော်လည်း ကျွန်ုပ်တို့စိတ်ထဲမှာ ဝမ်းသာပီတိ ဖြစ်ရပါသည်။
3/23/2012
ဆေးရုံသို့ လူနာကြည့်သောအခါ
3/23/2012
Dim




