နံနက် အိပ်ရာ နိုးလို့ ကာယ လေ့ကျင့်ခန်း မလုပ်မီ နံနက် ခြောက်နာရီ မတိုင်ခင် အစာစားရမှာ မုန်းပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် လောင်စာဖြည့်တဲ့ အနေနဲ့ စားလိုက်ပါတဲ့။ နံနက်ခင်းလေ့ကျင့်ခန်း မပြုလုပ်မီ အစာစားခြင်းသည် သင်၏ ခန္ဓာကိုယ်မှ မလိုအပ်သည့်အဆီများ လောင်ကျွမ်းသွားစေရန် အားပေးမြှင့် တင်ပေးနိုင်ကြောင်း အီတာလျံသုတေသီများက တွေ့ရှိခဲ့ကြတယ်။
နံနက်ခင်းအပြေးလေ့ကျင့်တဲ့ အားကစားသမားများဟာ နံနက် စာ စားပြီးမှ လေ့ကျင့်ပြုလုပ်လျှင် ခန္ဓာကိုယ်မှ အောက်စီဂျင်ပိုမို သုံးစွဲနိုင်ကြောင်း သိရပါတယ်။
အောက်စီဂျင်ကို ပိုမိုသုံးစွဲနိုင်ခြင်း အားဖြင့် ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ပိုမိုမြန်ဆန်စေပါတယ်။ အသက်လည်း ပို၍ ရှူရပါတယ်။ ကယ်လိုရီနဲ့အဆီလောင်ကျွမ်းမှုလည်း များပြားစေပါတယ်။
သင့်အနေနဲ့ အစောကြီးထပြီး မချက်ပြုတ်ချင်ဘူးဆိုရင် မြန်မြန်ဆန်ဆန် ပြင်ဆင်လို့ရတဲ့ အစားအစာ၊ပေါင်မုန့်မီးကင်၊ ငှက်ပျောသီးတစ်လုံးနှင့် နို့တစ်ခွက်သောက် လိုက်ပါတဲ့။
Ref: Men's Health August 2011
3/05/2012
လေ့ကျင့်ခန်း မလုပ်မီ အစာ စားသင့် သလား?
3/05/2012
Dim




