2/27/2012

Virus ကြောင့် Start Task Manger ကို ခေါ်လို့မရတော့လို

Virus ကြောင့် Start Task Manger ကို ခေါ်လို့မရတော့လို့ စိတ်ညစ်နေတဲ့သူတွေအတွက်ပါ။

ကျွန်တော် အခု ပြောပြမဲ့ နည်းလေးကတော့ Start Task Manger ကို Virus
ကိုက်နေလို့ ဖြစ်စေ။ဒါမှ မဟုတ် နားလည်တဲ့ သူတစ်ယောက်ယောက်က ပိတ်ထားလို့
Start Task Manger လို့ ခေါ်လို့မရတော့ဘူး Disable ဖြစ်နေရင် Enable
ဖြစ်အောင် ပြန်ဖွင့်လို့ ရအောင် လုပ်တဲ့နည်းလေးပါဗျာ။ဘာ Software မှ
မလိုပဲ ပြန်ပြင်လို့ရပါတယ်နော်။ကျွန်တော် အောက်မှာ ပေးထားတဲ့ Code
လေးတွေကို Notepad(Text Document) ထဲတွင်ကူးထည့်ပြီး File Name
ရဲ့နောက်မှာ .reg နဲ့ Save လိုက်ပြီး Run လိုက်ပါ။အောက်က Code
လေးတွေပေါ့ဗျာ။

Windows Registry Editor Version
5.00[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]"DisableTaskMgr"=dword:00000000

ဒါလေးပါပဲဗျာ။တစ်ခု သတိထားရမှာက Virus ကိုက်နေလို့ဆိုရင်တော့ အဲ့ဒီ
ကိုက်ခံနေရတဲ့ Virus ကို Anti Virus Sofware တစ်ခုခုနဲ့
အရင်သတ်လိုက်ပါ။ပြီးမှ ခုနက ကျွန်တော်တို့ Save လုပ်ထားတဲ့ FileName.reg
ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သုံးရတာ အဆင်ပြေတယ်ဆိုရင်တော့
တခြားသူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank ဆိုဒ်လေးကို
လမ်းညွှန်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။

Reference From:http://welcometoitbank.blogspot.com