2/02/2012

Password ခိုင်မာရဲ့လား

Password ကို ခက်ခဲအောင် ဘယ်လိုလုပ်မလဲ ၊ ခိုင်မာမှုရှိရဲ့လား သိချင်ကြမယ်ထင်ပါတယ်
မသိသေးသော သူငယ်ချင်း များအတွက်ပါ အရေးကြီးတဲ့ မိမိ အကောင့်တွေ ပါမသွားအောင်
မိမိ Password ကို လုံခြုံအောင် ဘယ်လို ပေးရသလဲဆိုတဲ့ မေးခွန်ကို တင်ပြပေးလိုက်ပါတယ်။
ကျနော်တို့ ရဲ့ Computer Password ဘဲ ဖြစ်ဖြစ် မိမိရဲ့ Gtalk Password ကိုဘဲ ဖြစ်ဖြစ်
လုံခြုံစိတ်ချရအောင် Password ပေးတဲ့ အခါ ရှောင်ရန်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
Guess တွေရဲ့ ရန်မှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။
ဒီလိုလေးတွေ မပေးမိအောင် ရှောင်ရမှာပါ
Common elements တွေ ပေးခြင်းမှ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။
Common Elements ဆိုတာကတော့ ( words, names, sports, movies and shows, Love , miss ,groups, )
စတဲ့ အတိုင်း ပေးခြင်းမှာ အလွယ်တကူ cracking tools တွေကို အလွယ်လုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။
Personal နဲ့ ဆိုင်တဲ့ ရေးသားခြင်းမျိုးကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
ဥပမာ ( graduation year, birthdays, phone numbers etc) ဖြစ်ပါတယ်။
Keyboard patterns တွေ ပေးခြင်းမှလည် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
ဒီ Command တွေက အလွန် Crack ရလွယ်ကူလို့ ဖြစ်ပါတယ်။
ဒီလိုလေးတွေပေးကြည့်ကြရအောင် -
မိမိ Password ကို အခြားသူတွေ မဟတ်နိုင်အောင် Character နှင့်တွဲပြီး ပေးသွားမယ် -( im@@u$^&^ h )
Lower Case, Upper Case, Numeric Characters and Special characters (# $ % ^ . *,!,@,& etc ) နဲ့ ပေါင်းစပ်ပေးပါ.။
Ok ကျနော်တို့ ပေးပြီး သွားပြီဆိုရင် ကျနော်တို့ရဲ့ password ဘယ်လောက်ခိုင်မှာမှုရှိလဲ သိရအောင် ဒီအောက်မှာပေးထားတဲ့ လင့်မှာ -
သွားလိုက်ပါ ဒီအပုံမှာ im@@u$^&^ h ဒီလိုပေးပြီးစမ်းထားပါတယ် ကဲ သူငယ်ချင်းတို့လဲ စမ်းကြည့်လိုက်ပေါ့
ကိုယ့်ရဲ့ Password ရိုက်ထည့်ပြီး ခိုင်မာမှုရှိသလား၊ အားပျော့သလား ဆိုတဲ့ အဖြေကို ရာခိုင်နှုန်းနဲ့ ဖော်ပြပေးပါလိမ့်မယ်။
အပြာရောင်တွေ များနေရင်တော့ Password ခိုင်မာမှုရှိပြီး၊ အနီရောင် များနေရင်တော့ Password ကို ပြောင်းလဲပစ်ဖို့ လိုပါပြီ။
အဆင်ပြေကြပါစေ သူငယ်ချင်းတို့ :)
ဒီလင့်မှာ သွားလိုက်ပါ .. http://www.passwordmeter.com/
လေ့လာသူ >_< (ကျွန်တော်က ပုံနဲပါတင်ချင်တာ ပုံတင်တာကလည်း အကြာကြီးစောင့်နေတာတောင် မရဘူး ဒါနဲပဲ ပုံမတင်ဖြစ်တော့ဘူး..ဟိဟိ)