မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို စစ်ဆေးတဲ့ Personility Test လေးပါ။
မေးခွန်း
၁. သတ္တ၀ါငါးမျိုးကို မိမိစိတ်ကြိုက် အနှစ်သက်ဆုံးကို အစဉ်လိုက်ချရေးပါ။
နွား၊ ကျား၊ သိုး၊ မြင်း၊ ၀က်
၂. ရည်ညွန်းတဲ့ အဓိပါယ်တစ်ခုစီချရေးပါ။
ခွေး၊ ကြောင်၊ ကြွက်၊ ကော်ဖီ၊ ပင်လယ်။
၃. မိမိနဲ့သိတဲ့၊ မိမိအတွက် အရေးကြီးတဲ့လူတွေကို အရောင်တွေနဲ့တွဲစပ်ပေးပါ။ အဖြေကို နှစ်ခါမထပ်စေရပါ။ လူတစ်ယောက်အတွက် အရောင်တစ်ရောင်ကိုသာ သုံးရပါမယ်။
လိမ္မော်၊ အနီ၊ အဖြူ၊ အစိမ်း၊ အ၀ါ။
အဖြေ
၁. နွား= အသက်မွေးဝမ်းကျောင်း
ကျား= ဂုဏ်သိက္ခာ
သိုး = ချစ်ခြင်းမေတ္တာ
မြင်း = မိသားစု
ဝက် = ငွေကြေး
နံပါတ်တစ်အဖြေအရ မိမိကဘာကို အလေးထားဆုံးလည်းဆိုတာ ဆန်းစစ်နိုင်ပါလိမ့်မယ်။
၂. ခွေး = မိမိရဲ့ ကိုယ်ပိုင်အရည်အသွေး(own personality)ပါ။ ဥပမာ- သစ္စာရှိသောလို့ အဓိပါယ်ဖွင့်ထားရင်ကိုယ်ဟာ သစ္စာရှိသောသူတစ်ယောက်ဖြစ်ပါတယ်။
ကြောင် = မိမိ partner ဖြစ်လာမည့်သူ၏ personality ပါ။
ကြွက် = မိမိရန်သူရဲ့ personality ပါ။
ကော်ဖီ = အချစ်ကို အဓိပါယ် ဖွင့်ဆိုထားတာပါ။
ပင်လယ်= ကိုယ်ပိုင်ဘ၀ရဲ့ အဓိပါယ်ကို ဖွင့်ဆိုထားတာပါ။
၃. လိမ္မော် = အစစ်မှန်ဆုံးသူငယ်ချင်း
အနီ = တကယ်ချစ်တဲ့သူ
အဖြူ = twin souls ( နှစ်ကိုယ့်တစ်စိတ်၊ မိမိနှင့်စိတ်ချင်းရင်းနှီးဆက်သွယ်နေသူ)
အစိမ်း = ဘ၀တစ်လျှောက်လုံး အမြဲတမ်းသတိရနေမယ့်သူ
အ၀ါ = ဘယ်တော့မှ မမေ့မယ့်သူ
နံပါတ်သုံးအဖြေအရ ကိုယ့်ဘ၀မှာ ဘယ်သူတွေက ဘာဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
ဝန်ခံချက်။ ။ လွန်းထားထား၏၀တ္ထုစာအုပ်ထဲမှ ဖတ်ရတာကို မျှဝေပေးပါသည်။
2/27/2012
မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို စစ်ဆေးတဲ့
2/27/2012
Dim




