၁) အခြားလူကို ကျွန်ုပ်တို့ ပိုင်ဆိုင်လျှင် ကျွန်ုပ်တို့ကို ဘု၇ားသခင် မပိုင်ပါ။
၂) နေ့စဉ် ဘုရားသခင် ၏ ခွင့်ပြု သဘော တူညီချင်ကို ကျွန်ုပ်တို့ ခံယူလျှင် အနာဂတ်မှာ ကိုယ်တော် ၏ ငြင်းပယ်မှုကို
ကျွန်ုပ်တို့ မစိုးရိမ် ရတော့ပါ။
၃) ဘုရားသခင် ပိုင်သမျှ အားလုံး ဘယ်တော့မှ မဆုံးရှုံးနိုင်ဘူး သင့်ထံ ၌ ရှိတာတွေ ဘယ်အရာကို ဘုရားသခင်
ပိုင်ပြီလဲ။
၎) အခြားလူ ၏ လိုအပ်မှု တစ်ခုကို ကျွန်ုပ်တို့ အား ဘုရားသခင် ဖြည့်ခိုင်းလျှင် ကျွန်ုပ်တို့ လိုအပ်မှု ကို
ကိုယ်တော်ဖြည့်ပေးဖို့ ရှိသည်။
၅) ဘုရားသခင် က အကျွန်ုပ်တို့ လိုအပ်သည် ထက်ပိုပေးခြင်းဟာ လိုအပ်သူများကို ကျွန်ုပ်တို့ထပ်ဆင့်ပေးဖို့
ဖြစ်တယ်။
၆) သင် ဘာပိုင်သလဲထက် သင့်ကို ဘယ်သူပိုင်သလဲ က ပိုအရေးကြီးတယ်။
၇) ကောင်းတာ လုပ်ခြင်းဖြင့် လူကောင်း ဖြစ်မလာစေပါ။
၈) ကောင်းသော စကားပြောခြင်းကြောင့် ကောင်းသောလူ မဖြစ်ပါ။
၉) တန်ဖိုးကြီးသော အရာများကို သင်ပိုင်ဆိုင်ခြင်းကြောင့် တန်ဖိုးရှိသောလူ သင်ဖြစ်မလာနိုင်ပါ။
၁ဝ) ဟန်ဆောင် လိမ်လည် အသက်ရှင်ခြင်းထက် သမ္မာတရားကို လက်ခံခြင်းက သာ၍ လွယ်ကူသည်။
၁၁) အပြစ်ရှိ နောင်တရ လျက် ဝန်ချတောင်းပန်ခြင်းသာ တခဏသာ နာကြင်တယ် အပြစ်ကို နောင်တမရခြင်းဟာ
ထာဝရ နာကြင်မယ်။
၁၂) ဘုရားသခင် ၏ နောက်တော်သို့ ကျွန်ုပ်တို့ လိုက်လျှင် ကျွန်ုပ်တို့ကို လူတွေနားမလည် နိုင်ဖြစ်မယ်။
၁၃) စာနာတတ်သူသည် အခြားလူ ၏ ဝေတနာကို မျှဝေခံစားတတ်သည်။
၁၄) အခြားလူ ၏ နာကြင်မှု ဝေဒနာကို ကျွန်ုပ်တို့ ခံစားတတ်မှ သူနာကြင်မှု သက်သာအောင် ကျွန်ုပ်တို့ မစနိုင်မည်။
၁၅) ကျွန်ုတို့ အတွင်း ၌ ကြိုစားဖုံးကွယ်သည့် ရုပ်ဆိုးတဲ့ခံစားချက်ဟာ ရုပ်ဆိုးတဲ့ အမူအကျင့် နဲ့ ထွက်ပေါ် စမြဲပါ။
၁၇) ကျွန်ုပ်တို့ အသက်တာမှာ ကိုယ်လိုချင်တာ နဲ့ ပြည့်နေရင် ဘုရားသခင်ပေးချင်တာကို ကျွန်ုပ်တို့ လက်ခံဖို့
နေရာလပ် မရှိတော့ဘူး ။ မာ ၉၁၂
၁ဂ) လောကီစွဲလမ်းမှု သံယောဇဉ် များကို စွန့်လွှတ်တော့မှ ဘုရားသခင် ကို ဖက်တွယ် နိုင် မယ်။
၁၉) အမှားကို တစ်သက်လုံး စိတ်ချ နေတာ ထက် ၊ ဇဝင်ဇဝါ တခဏ ဖြစ်နေတာ က ပို ကောင်းတယ်။
၂ဝ) မိသားစု ဟာ ကလေး ကို ပတ်လည် ကွယ်ကာ ထားတဲ့ ၊ ဘုရားသခင် ရဲ့ မြို့ ရိုး ဖြစ် တယ်။
၂၁) စိတ်လေးလံခြင်း လောက် အခြား ဘယ် ဝန် မှ မလေးလံ ဘူး။
၂၂) ကျွန်ုပ်တို့ ကို ဘုရားသခင် ပေး သည့် အရာ မှလွဲ ၍ ၊ အခြား လူ အား ကျွန်ုပ်တို့ ဘာ မျှ ပေ စရာ မ ရှိ ပါ။
၂၃) ယနေ့ ဖြစ်နေ တဲ့ အရာ တွေဟာ ၊ သင် သတိရ စရာ အတိတ် ဖြစ် ကျန်ခဲ့ လိမ့်မယ်။
၂၄) ဆန္ဒ ရှိ ရုံ နဲ့ မလုံလောက်ဘူး၊ စိတ်နှလုံး အကြွင်းမဲ့ ရှာပါ ၊ ကျွမ်းကျင် အောင် လုပ်ပါ။
၂၅) သိရုံ နဲ့ မ လုံ့လောက်ဘူး ၊ လက်တွေ့၊ ကိုယ်တွေ့၊ ဖြစ် မှ အ ကျိုး ရှိမယ် ။
၂၆) အကောင်းဆုံး ဆိုတာ့ ၊ သာမန် အရာ ကလေးများ ကို အထူး ကောင်းမွန်အောင် လုပ်ခြင်း ဖြစ်တယ်။
၂၇) သတင်းကောင်း ဆိုတာ သင့် စိတ်ထား ကို ပြောင်းရင် ၊ သတင်းဆိုး ကို သတင်းကောင်း ဖြစ်အောင်
ပြောင်းစေနိုင် တယ်။
၂၈) ပြည့်စုံ ဖို့ သင် မ ရှာကြံ ရင် ၊ သင် အကောင်းဆုံး ဘယ်တော့ မှ မ ဖြစ်လာ နိုင်ဘူး။
၂၉) အောင်မြင်မှု့ က သင့် ထံ မလာ ဘူး ၊ အောင်မြင်မှု့ရှိရာ သို့ သင် သွားပါ။
၃ဝ) သင်ကို ဘုရားသခင် ချစ်တယ် ၊ သို့ ပေမယ့် သင့် ကို မကြိုက်ပါ။
၃၁) သင်သည် ပြောင်းလဲခြင်း ၏ သားကောင် မဖြစ်ပါစေ နဲ့ ၊ ပြောင်းလဲစေ သော သခင်ဖြစ် ပါ။
၃၂) မ နာခံ နိုင် သူ ဟာ ၊ အမိန့် ပေးနိုင်စွမ်း မရှိဘူး ။
၃၃) မှား တာ ကို မှား ကြောင်း ၊ဝန်မခံ ၊ မပြုပြင် သူ သာ ၊ ရှုံးသူ ဖြစ်တယ် ။
၃၄) ကျွန်ုပ် တို့ ဖြစ် သလို နေပြီး ၊ ဖြစ် သလို လုပ် နေ ရင် ၊ဖြစ် သင့်တဲ့ အဆင့် သို့ ဖြစ် မလာ နိုင်တော့ ဘူး ။
၃၅) အောင်မြင်မှု့ ကို သင့် အပြစ်က ပိတ်ဆို့ ခြင်း ဖြစ်တယ်၊ မှားတာ ကို ရှောင်ခြင်းမဟုတ် ပါ။
၃၆) ကောင်းတယ်ဆိုတာ ၊ သင့်စိတ်ထားပေါ် မူတည်တယ် ။
၃၇) ဆုံး ရှုံးမှု ကြောင့် ပေးရ တဲ့ အဖိုးအခ ထက်၊ အောင်မြင်မှု့ အတွက် ပေရ တဲ့ အဖိုးအခ က နည်း ပါတယ် ။
၃၈) ကျွန်ုပ်တို့ ရဲ့ အတွင်း စိတ်ထား ကို ပြင် ရင်၊ ကျွန်ုပ်တို့ ရဲ့ အသက်ရှင်ခြင်း အပြင် လက္ခဏာ ပြောင်းလဲ သွား
တယ် ။ William James
၃၉) အရာဝတ္ထု တွေ ထက် အရာဝတ္ထု တွေ အပေါ် ၊ ကျွန်ုပ် တို့ ရဲ့ စိတ်ထား က ပို အရေးကြီးတယ်။ A. W .Tozer
၎ဝ) နာပါတ် ၁ နေရာ မှာ ကျန်ရစ် နေ တာ ထက် ၊ နံပါတ် ၁ ဖြစ်ဖို့ က ပို လွယ်တယ် ။
၄၁) မိမိ စိတ်နှလုံး မပြောင်းလဲ သူ ဟာ ၊ ဘာ ကို မှ မပြောင်းလဲ စေ နိုင် ဘူး ။
၄၂) ဘယ် ကို သင် ဦးတည် သွား နေမှန်း သင် မသိ ရင် ၊ သင် တခါ မှ မရောက်ဖူး တဲ့ နေရာ ကို သင် မရောက် နိုင် ဘူး။
၄၃) ရည်မှန်းချက် ပန်းတိုင် မရှိ သူ ဟာ ၊ ပန်းတိုင် ရောက် စရာ မရှိ ဘူး ၊
၄၄) အကျွန်ုပ်တို့ ရဲ့ အကြီးဆုံး ရန်သူ ဟာ သေစေ တဲ့ ဗိုင်းရပ်ပိုး (သို့) တိုင်းတစ်ပါးသား မဟုတ် ဘူး ယုံကြည်ခြင်း
ကို သေစေ တဲ့ ကြောက်ရွံ့ ခြင်းဖြစ် တယ်။
၄၅) ကြီးမား တဲ့ အမှု့ ကို လုပ်ဖို့ လူတွေ ကို ဘုရားသခင် မစေခိုင်း ခင် မှာ ၊ သူတို့ ကို ယုံကြည်ခြင်း နဲ့ ရူပါရုံ
ပေးတယ် ။
၄၆) ချိုသာ တဲ့ သီချင်း ဆို ရင် ကလေး ကို အိပ်ပျော် စေတယ် ၊ စကားကြီး စကားကျယ် ပြော ရင် စစ်သားတွေ ကို
ကမ္ဘာစွန်းတိုင် ချီတက်စေ နိုင်တယ် ၊ ထာဝရ တည် တဲ့မြင့်မြတ် သော စကား ပြော ရင် အကျိုးကျေးဇူး ကို
ရိတ်သိမ်း လို့ မကုန် ဘူး ။
၄၇) သာမန်လူ ကို ဘုရားသခင် ရွေးကောက် ပြီး ၊ မြင့်မြတ် ထူးဆန်း တဲ့ အလုပ် ကို လုပ် ခိုင်း တယ်၊
သိုးကျောင်းသား ဒါဝိဒ် ကို ဘုရား ရွေးတဲ့ အခါ ဘုရားသခင်ရဲ့ လူကို ဦးဆောင် ထိန်းကျောင်း တဲ့ ဘုရင် ဖြစ်လာ
တယ်။
၄၈) လူ တွေ ဟာ သူတို့ ရဲ့ မတည်မြဲတဲ့ ခန္ဓာကိုယ် စားသောက် ဖို့ ပဲ ပင်ပန်းခံ လုပ်ကိုင်နေပြီး ၊ သူတို့ ရဲ့ ဝိညာဉ် ကို
အငတ် ထား ရက် တာ အဖြစ် ဆိုးလှ တယ် ။
၄၈) ဘုရားသခင် ၏ သဘော သဘာဝ နှင့် မညီ တဲ့ ဆုတောင်း ပဌာနာ ကို သင် ဆုတောင်း ရင် သင့် စိတ်
သက်သာမှု တော့ ရမယ် ။ ဒါပေမဲ့ ဘာမှ ပြောင်းလဲ မှာ မဟုတ် ဘူး။
၄၉) အေးဆေးငြိမ်သက် နေ တဲ့ အခါ ၊ကျွမ်းကျင်စွာ ဆုတောင်း တတ် သူ ဖြစ်ပါ ။
၅ဝ) ပျော်ရွှင်ခြင်း ဟာ ဒုက္ခ အခက်အခဲ ကင် လွှတ်ခြင်း မဟုတ် ပါ၊
ဒုက္ခ အခက်အခဲ ကြားမှာ ၊ မိမိ နဲ့ အတူ ဘုရား သခင် ရှိခြင်း ဖြစ်တယ်။
၅၁) အစဉ်ပြေ ကောင်းစားနေတဲ့ အချိန်လောက် အန္တရာယ် ကြီးတာ မရှိပါ ၊ မထင်မှတ်ဆုံး၊
ခံနိုင်ရည် မရှိဆုံး မှာ နတ်ဆိုး ရဲ့ တိုက်ခိုက်ခြင်း ခံရ တယ် ။
၅၂) ယုံကြည်ခြင်း ဆိုတာ အခြေအနေကြောင့် ဖြစ် တဲ့ သံသယ နဲ့ စိတ်ပျက်ခြင်း ထဲမှာ ၊
ဖြောင့်မတ် တဲ့ ဘုရားသခင် ရဲ့ စာရိတ္တ အပေါ် စိတ်ချ ၊ အားကိုး လျက် မျှော်လင့် နေခြင်း ဖြစ် တယ် ။
၅၃) ဘုရားသခင် ၏ ရည်ရွယ်ချက် ထဲ လျှောက်လှမ်းခြင်း ရဲ့ ကြီးမှား တဲ့ ဝမ်းမြောက်ခြင်းကို ဘာ မှ မမှီ ပါ ။
၅၄) မဖြစ်နိုင်တာ ကို ဘုရားသခင် မလုပ်ခိုင်း ပါ၊ မဖြစ် နိုင်တာ ကို လုပ် ဖို့ဟာ ကိုယ်တော် ၏ တာဝန် ဖြစ်တယ် ၊
ကိုယ်တော် အား လုပ်ခွင့် ပေးဖို့ ဟာ ကျွန်ုပ်တို့ ရဲ့ တာဝန် ဖြစ် တယ် ။
၅၅) ဘုရားသခင် ရှိ ကြောင်း ကို သင် တကယ် ခံစား ရ ရင် ဒီ လောက် အပြစ် လုပ် ရဲ မှာ မဟုတ် ဘူး ။
၅၆) မိမိရဲ့ အသက်တာ ကို ကောင်းကင် မှ ဘုရားသခင် ရဲ့ အမြင် နဲ့ ကြည့် ရင် ၊
ကျွန်ုပ်တို့ ရဲ့ ကံ မကောင်းခြင်း တွေဟာကျွန်ုပ် တို့ အတွက် ဘုရားသခင် ပေး တဲ့ အခွင့်အလမ် နဲ့
အလားအလာ ဖြစ် ကြောင်း မြင် ရ မယ်။
၅၇) ဘုရားသခင် ဟာ ဘုရား ဖြစ်နေ သမျှ ကာလပတ်လုံး ၊
ကျွန်ုပ်တို့ ဟာ ဘုရား ဖြစ်စေချင် တဲ့ အတိုင်း ဖြစ်နိုင်တယ် ။
၅၈) အတိတ် နဲ့ အနာဂတ် ကို အစိုးပိုင် သည့် အရှင် အား ပစ္စုပ္ပန် မှာ သင့် ကို ဦးဆောင် ပဲ့ပြင် တဲ့
အရှင် အဖြစ် ခံယူ ပါ ။
၅၉) စေတနာ နဲ့ ပေကမ်းခြင်း ကို သာ ဘုရားသခင် နှစ်သက် လက်ခံတယ် ။
၆ဝ) ဘုရား ဝတ် ၌ မွှေ့ လျော်သူ ဟာ ကုန်လွန်ခဲ့ တဲ့ နေ့ တွေ အတွက် နှမျော ဝမ်းနည်း စရာ မရှိဘူး ၊
ကြုံလာ မယ့် နေ့ နဲ့ အဖြစ်အပျက် အတွက် စိုးရိမ် တုန်လှုပ် စရား မရှိ ဘူး ။
ယနေ့ လည်း ကသိအအောင့် မဖြစ် ဘူး ။
၆၁) သင့် အသက်တာမှာ ဘုရားဘုန်းထင်ရှား ဖို့ ဟာ ၊
သင့် ကြံဖန် လုပ်ဆောင်ခြင်း အားလုံး ကုန်ဆုံး ရပ်တံ့ မှ ဖြစ် မယ် ။
၆၂) ကျွမ်းကျင် တဲ့ ပဲ့နင်း ယေရှု ပဲ့ ကိုင် နေ ရင် ဒုအ္ခ မုန်တိုင်း ပြင်းထန် မှာ ကိုး စိုးရိမ် စရာ မရှိ ဘူး ။
၆၃) ယေရှု ရဲ့ခြေရာ ထဲ သင် တစ်ထပ် တည်း လျှောက်လှမ်း နေ ရင်၊
ကောင်းချီး တောင်းခံ စရာ မလို လောက်အောင် ၊ သင် ၌ ကောင်းချီး လျှံင်နေမယ် ။
၆၄) သင် ကြုံတွေ့ ရ တဲ့ စုံစမ်း နှောက်ယှက်ခြင်း အခက်အခဲ ဒုက္ခ ဖြင့် ၊
သင့် ကို ဘုရားသခင် ပြုပြင် ပုံသွင်း နေတယ်။
၆၅) အခြေအနေ အဖြစ်အပျက် ကို ကြည့် သူ ဟာ စိတ်ပျက် တယ် ။
ဘုရား ရဲ့ ကယ်လွတ်ခြင်း ကို မျှော်ကြည့် သူ ဟာ ဝမ်းမြောက် ချီးမွမ်း တတ်တယ် ။
အကြည့် ကွာခြင်း ကြောင့် စိတ်ထားကွာခြင်း ဖြစ်တယ် ။
၆၆) ကျွန်ုပ်တို့ ထဲ မှ ယုံကြည်ခြင်း က ကျွန်ုပ်တို့ ကို အထက် သို့ ၊ရှေ့ သို့ ပို့ နိုင်ခြင်း မဟုတ် ပါ ။
ကျွန်ုပ်တို့ ကို ဆွဲတင်တဲ့ ဘုရားကို ယုံကြည်ခြင်း ဖြစ် တယ် ။
၆၇) အခြား လူ ကို သင်လွယ်လွယ် ကလေး ခွင့်လွှတ်ခြင်း ဟာ ၊ အပေါ်ယံ ခွင့် လွှတ်ခြင်း ဖြစ် တယ် ၊
စစ်မှန်ခြင်း မရှိ ဘူး။
၆၈) ဘုရားသခင် နဲ့ ပြည်သူ ဟာ… ငါသိတယ် ။ ငါ မှန်တယ် ။ ငါ လုပ်တာ လို့ အတ္တ မရှိ ဘူး ။
၆၉) ဘုရားသခင်ကို နာခံ သူ ထံ ကောင်းချီးမင်္ဂလာ လိုက်လာ တယ်။
၇၀) ဘုရားသခင် ရဲ့ သမ္မာတရား ကို နောက်မျိုးဆက် ထံ သင် ဘယ်လို လက်ဆင့် ကမ်း နေ သလဲ။
၇၁) ကျွန်ုပ်တို့ထဲ မှာ ယေရှုခရစ် အလုပ် လုပ် နေ ရင် ၊ မလုပ် နိုင်တာ လုပ်နိုင် လာ တယ် ၊
မဖြစ်နိုင် တာ ဖြစ် လာ တယ်။
၇၂) ကျွန်ုပ်တို့ စိတ်ပျက် ၊ လက်မြှာက် ၊ရပ်တံ့ လိုက်ပြီး ၊
ဘုရားသခင် ကို ငံ့လင့် တော့ မှ တိုးတက် အောင်မြင် လာတယ်။
၇၃) ဘုရားသခင် ရဲ့ အတ္တ မဲ့ မေတ္တ နဲ့ လူမူ ဝန် ထမ်း ပါ ၊ ငါ့ အတွက် ဘာအကျိုး ရှိ သလဲ စိတ်ထား ဖြင့် မလုပ် နဲ့။
၇၄) ကယ်တင်ရှင် နှင့် အတူ လျှေက်လှမ်း သူ ဟာ ၊ တစ်ကိုယ်တည်း ဝမ်းနည်းခြင်း ကို ရင်ဆိုင် စရာ မရှိ ဘူး ။
၇၅) ဘုရားသခင် အပေါ် အားကိုး စိတ်ချ ဖို့ သိပ် ခက်ခဲ နေ ရင် ၊
ဘာ မှ မကျန်ရှိ တဲ့ အထိ ချွတ်ချုံ ကျ မှ ပဲ အားကိုး ဖို့ အခြေအနေ သို့ ရောက်လိမ့် မယ် ။
၇၆) စုံစမ်းနှောက်ယှက်ခြင်း တွေ ဟာ တစ်ခါတစ်ရံ မိမိ လုပ်ရပ် ကြောင့် ဖြစ် တယ် ၊
တစ်ခါတစ်လေ လူဆိုးတွေ လုပ်တာ လည်း ရှိ တယ် ။ ဒီ နှစ်းမျိုး ကို သင် ခွဲခြား မ တုံ့ ပြန်တတ် ရင် ၊
လုံးလည် ခြာည် လိုက် နေဦးမှာ ပဲ ။
၇၇) ဘာ မှ လုပ် လို့ မဖြစ် မှ ဆုတောင်းခြင်း လုပ် ဖြစ် ခြင်း ဟာ လွဲချော် နေ ဆဲ ရှိတယ်။
၇၈) ငွေကြေး နှင့် ဥစ္စာပစ္စည်း သိမ်းဆည်းပြီး အမင်္ဂလာ မဖြစ်အောင် ဘုရားသခင် ကို ဂုဏ်ပြု ပေးလှူပါ ၊
လိုအပ် သူ ကို ဝေမျှ ပါ ၊ မိမိ လိုအပ် သလောက် သာ ချန် ပါ ။
၇၉) အချိန် ၊ဥာဏ် နှင့် ငွေ မရှိ လို့ ဆင်းရဲခြင်း မဟုတ် ပါ ၊
ဥာဏ် နှင့် ငွေ ကို အသုံးမပြုတတ် လို့ ဆင်းရဲခြင်း ဖြစ် တယ် ။
၈ဝ) ဆုတောင်း ပေး ဖို့ အခက်ဆုံး လူ ဟာ ၊ ဆုတောင်း ပေး ဖို့ အလိုအပ် ဆုံး လူ ဖြစ် တယ် ။
၈၁) ဘယ်လို အသက် မရှင် ရ ဘူး ဆို တဲ့ ခါးသီးခြင်း သင်္ခဏ်းစာ ကို ကျွန်ုပ် ယူပြီး ၊
ဘယ်လို အသက် ရှင် မှ ကောင်းမယ် ဆိုတာ ကို ခံယူ နေတယ် ။
၈၂) ထာဝရဘုရား ၏ တရားတော် သည် အကျွန်ုပ် ၏ အသက် ဖြစ် သည်။ တရား မှ သွေဖယ် ခြင်း သည်
မိမိ ကိုယ် ကို သတ်သေခြင်း ဖြစ် တယ် ။
၈၃) အခြား သူ ကို မုန်းတီးခြင်း ဟာ ၊ မိမိ ကိုယ် ကို မုန်းတီးခြင်း ဖြစ် တယ် ။
၈၄) အကျွန်ုပ် သည် မျိုးနွယ် သစ် ၊ မျိုးရိုး သစ် ဖြစ် တဲ့ အတွက် ၊
မျိုးရိုး ဟောင်း ရဲ့ ဂုဏ်သိဏ္ခာ နဲ့ ဘာ မှ လုပ် လို့ မရ တော့ဘူး ။
၈၅) ဘုရားသခင် ၌ ကြောက်ရွံ့ ခြင်း မရှိ ၊ ဘုရားသခင် ၌ အကျွန်ုပ် ရှိ သည့် အတွက် ၊
အကျွန်ုပ် ၌ ကြောက်ရွံ့ခြင်း မရှိ ။
၈၆) ကြောက်ရွံ့ ခြင်း ကြောင့်
ဘုရားသခင် စကား ကို နားမထောင်တတ်
မယုံကြည် ရဲ ၊မစဉ်းစား မဝေခွဲတတ်
မဆုံးဖြတ် ရဲ တဲ့ အထိ ချိ နဲ့ ထုံအ ရပ်တံ့ သွားည်။
၈၇) မိမိ ကိုယ် ကို ထက် ဘုရားသခင် ကို ချစ်သော သူ သာ
ချစ်စရာ ကောင်း သူ ဖြစ် လာတယ်။
၈၈) အရေးအကြီးဆုံး ဖြစ် တဲ့ နိုင်ငံတော် ကို ဦးစားပေး သူ ဟာ အခြား အရာ အားလုံး အရေးမကြီး တော့ ပါ။
၈၉) အကျွန်ုပ် ကို ဝေဖန် သူ တွေ ဟာ အကျွန်ုပ် ကို ပြုပြင် တွန်းအား ပေးသူ များ ဖြစ် တယ်၊ ဝေဖန်မူတွေ က အကျွန်ုပ် ကို တိုးတတ် ကောင်းမွန် လာစေ တယ်။
၉၀) ဘုရားသခင် ထံ ကျွန်ုပ် အပ်နှံပြီး တဲ့ အတွက် ဘယ် သူ့ ထံ မှာ မျ ကျွန်ုပ် အပ်နှံ စရာ မလို တော့ဘူး ။
၉၁) ကျွန်ုပ် သည် ယေရှုခရစ် ၏ ကျွန် ဖြစ်တယ် ၊
ဘာကို မျှ ကျွန် ခံ စရာ မလို တော့ ပါ။
၉၂) လူမှု့ အဖွဲ့ အစည်း တစ်ခုခု ၌ သင် ပါဝင် ပါ သို့ သော် သင့် အား အပိုင်မခံ စေ နှင့် ၊ ခရစ်တော် အားသင် အပိုင် ခံပါ။
၉၃) အရင်းအမြစ် ဖြစ် တဲ့ ယေရှုခရစ် ကို ရ ရှိ သူ ဟာ
အဖွဲ့ အစည်း နဲ့ လူ စီ မှာ ရ စရာ မရှာ တော့ပါ။
၉၄) ငွေ နဲ့ ရာထူး ကြောင့် မာန တက် သူ ဟာ ဥာဏ် မဲ့ လို့ ပျက်စီး ဆုံးရှုံးရ တယ်။
၉၅) သေခြင်း မာရ် ကို အောင် တဲ့ ယေရှုခရစ် က
အကျွန်ုပ် ၌ ရှင် နေ တဲ့ အတွက်
သေခြင်း ကို အကျွန်ုပ် အောင် တယ်။
၉၆) သေခြင်း မှ ပြန်ရှင်ခြင်း တန်ခိုး ဟာ
အစေ့ ၌ ရှိ တယ် ၊ ယေရှု ၌ ရှိ တယ် ၊ ကျွန်ုပ် ၌ လည်း ရှိ တယ်။
၉၇) ဘုရားသခင် ရဲ့ တန်ခိုး နဲ့ ယေရှုခရစ် ပြန်ရှင် သလို ၊ အကျွန်ုပ် လည်း ပြန်ရှင် တယ်။
၉၈) အခြား လူ အား သင် မ ပေးကမ်း မ ဝေမျှ မချင်း
သင် ၌ ရှိ တဲ့ အရာ ကို သင် မပိုင် ဘူး။
၉၉) စစ်ပွဲ မှာ ဘယ် သူ မှ မနိုင် ပါ
လူတိုင်း ဆုံးရှုံးကြ တယ်၊
ဆုံး ရှုံးမှု့ ကွာခြား တာ ပဲ ရှိ တယ်။
၁ဝဝ) ဘုရားသခင် နဲ့ ကျွန်ုပ် ကြားမှာ အတားအဆီး အခုအခံ မရှိ၊
ကျွန်ုပ် နှင့် ညီအစ်ကို ကြား မှာ အတားအဆီး အခုအခံ မရှိ၊
ကျွန်ုပ် နှင့် ကျွန်ုပ်ကြား မှာ အတားအဆီး အခုအခံ မရှိ ။
၁၀၁) အမှား ဟာ မှား တယ် မစွန့် မချင်း အထပ်ထပ် မှားမြဲ မှားမယ်။
၁၀၂) ချစ်ခြင်း မေတ္တာ ရဲ့ လွှမ်းမိုးခြင်း ကို အကျွန်ုပ် ခံ ရ တဲ့ အတွက်
ချစ်ခြင်း အတွေး ပဲ ကျွန်ုပ် တွေး နေပြီး ၊ ချစ်ခြင်း ပဲ ခံစား ရတယ်။
၁၀၃) လူမျိုးရေး နှင့် အဆင့် အတန်း ဖြင့် အကန့် အသက် ချစ်ခြင်း ဟာ ၊
ချစ်ခြင်း အစ် မဟုတ် ပါ ။
၁၀၄) အကန့် အသတ်မဲ့ မေတ္တရှင် သည် အကျွန်ုပ် ၌ ရှင်ခြင်းကြောင့်
အကျွန်ုပ် သည် အကန့် အသတ် မဲ့ ဖြစ် သည်။
၁၀၅) အကျွန်ု ကို ချစ် ပြီး မိမိ ကိယ် ကို ပေးအပ် သူ ထံ
အကျွန်ုပ် ဘဝ တစ်ခုလုံး ကို ပေးအပ် ထားသည်။
ရွှေလင်းယုန်
အကောင်းဆုံး နှင့် အလှပဆုံး အရာများ ကို လူသား မျက်စိ နှင့် မမြင် နိုင် ဘူး၊
စိတ် နှလုံး ဖြင့် သာ ထိတို့ ခံစား နိုင် သည်။
Helen keller
အလောင်း ဘေး မှာ ယူကျုံးမရ ကြေကွဲဝမ်းနည်း ရခြင်း သည်
မပြောင်းဖြစ် တဲ့ စကား ၊ မလုပ်ဖြစ် တဲ့ တာဝန် ဝတ္တရား ပျက် ကွက်ခြင်း ကြောင့်ဖြစ်သည်။
Harriet B. Stowe
သင် ဘယ်တော့ - ဘယ်လိုသေမလဲ ဆိုတာ သင် မရွေး နိုင်ဘူး ၊
သင် ဘယ်လို အသက် ရှင် မလဲ ဆိုတာ ပဲ ရွေး နိုင်တယ်။
Joan Baez
သူတို့ဖြစ် နေတဲ့ အတိုင်း ကျွန်ုပ်တို့ မမြင် ကြဘူး၊
ကိုယ် ဖြစ် နေ တဲ့ အတိုင်း သူတို့ ကို မြင် တယ်။
Anais Nin
ကိုယ် ပိုင် သော အရာ အားဖြင့် ကျွန်ုပ် တို့ ချမ်းသာခြင်း မဟုတ် ၊
မရှိပဲ ဖြစ်အောင် လုပ် နိုင် ခြင်း သာ ချမ်းသာ သူ ဖြစ် သည်
Immanuel Kant
ပျော်ရွှင် မှု့ ကို မိမိ ထဲ ၌ ရှာ မရနိုင် သလို
အခြား ဘယ် နေရာ မှ လည်း ရှာမရ နိုင် ပါ
Agnes Repplier
ဤ လောက ၌ ယောက်ျား တစ်ဦးသို့ ရောက် လာ သော အမွန်မြတ်ဆုံး
ပိုင်ဆိုင်မှု့ သည် အမျိုးသမီး တစ်ဦး ၏ နှလုံးသား ဖြစ် သည်
Josiah G. Holland
အခွင့်အရေး ကောင်း များ သည် ခက်ခဲ သော အလုပ် ၌ ဖုံးကွယ် နေခြင်း ကြောင့်
လူများစွာ မတွေ့ မိကြဘူး
Anni Landers
သင် အို လာ လို့ မရယ်မော ရတော့ ဘူး လို့ မယူဆ နဲ့
သင် ရယ်မောခြင်း ရပ်တံ့သွား တဲ့ အတွက် သင် အို လာခြင်းဖြစ်တယ်
Michael Pritchard
နိမိတ် လက္ခဏာ ဟာ သဘာဝ ဖြစ် တယ်။ သင် ၌ အံ့ဘွယ် မဖြစ် ရင် တစ်ခုခု မှား နေပြီ Helen Schulman




