2/02/2012

ဆံပင်ကျွတ် သက်သာအောင်

ဆံပင်ကျွတ် သက်သာအောင် ထိန်းသိမ်းနည်း


ဆံပင်ကျွတ်ခြင်း...,

ဆံပင်တွေကျွတ်မှာကို စိုးရိမ်ပူပန်နေတဲ့ အမျိုးသမီး တွေ အတွက် ဆံပင်ကျွတ်သက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။

စိတ်ဖိစီးမှု လျော့ပါ

စိတ်ဖိစီးမှုဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်း အချက်တစ်ခုပါ။ ဆံပင်ကျွတ် သက်သာဖို့အတွက် စိတ်ဖိစီးမှုကို လျှော့ချဖို့အလွန်အရေးကြီးပါတယ်။

အချိန်ပေးပြီး အနားယူအပန်းဖြေပါ။

ဇင့်ဓာတ်၊ မန်းဂနိစ်နဲ့ ဗီတာမင် B12ချို့တဲ့ရင် ဆံပင်ကျွတ်တတ်ပါတယ်။

မျှတသော အစားအစာများစားပါ။

ဆံပင်ကျွတ်တာ သက်သာဖို့နဲ့ ဆံပင်ပေါက်အောင် လှုံ့ဆော်ပေးဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအာဟာရ တွေ ကို စားသောက်ပေးတာပါ။

အခွံမာသီး၊ ထောပတ်သီးနဲ့ ငါးလိုမျိုး အိုမီဂါသရီး ကြွယ်ဝစွာ ပါဝင်တဲ့ အစာတွေဟာ ဆံပင်ရှင်သန်ကြီးထွားမှုကို အကျိုးပြုနိုင်ပါတယ်။ Flax Seed အဆီနဲ့ ငါးအဆီ တွေကို ဖြည့်စွက် ဆေးအနေနဲ့ သောက်ပေးရင်လည်း ဆံပင်ကျွတ်တာကို ကာကွယ်နိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ။

ဆံပင်ကျွတ်တာကို ကာကွယ်ဖို့ နဲ့ ထိန်းချုပ်ဖို့ အသုံးဝင်တဲ့နည်းလမ်းတစ်ခုကတော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ပါ။

ယောဂ ကျင့်တာ၊ တရားထိုင်တာ၊ အသက်ရှူ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပြီး ဆံပင် ကျွတ်တာကို သက်သာစေပါတယ်။

ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။

သင့်ဆံပင်တွေပါးသွားလို့ စိတ်ညစ်နေရင် ဆံပင်သားကိုထူပြီး ပွစေတဲ့ ခေါင်းလျှော်ရည်နဲ့ Conditioner ကို ရွေးချယ်သုံးပါ။ ခေါင်းမလျှော်ခင် ဆံပင်ကို မှန်မှန်ဆီလိမ်းပြီး ပြုစု ထိန်း သိမ်းပေးပါ။

ဆီလိမ်းပြီး နှိပ်နယ်ပေးပါ

သင့်ဦးရေပြားနဲ့ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီ၊ လာဗင်ဒါဆီစတဲ့ ဆီလိမ်းပြီး မှန်မှန် နှိပ်နယ် ပေးရင် ဆံပင်မွေးညင်းအိတ်တွေဆီကို သွေးစီးဆင်းမှုတိုးလာပြီး ဆံပင်ရှင်သန်ကြီးထွား မှုကို အားပေးပါတယ်။

ဆရာဝန်နဲ့ ပြပါ။

ဆံပင်ကျွတ်တာဟာ သုံးလကျော်ကြာအောင် ဆက်ဖြစ်နေရင် ဒါမှမဟုတ် ဆံပင်တွေ အများကြီး အစုလိုက် အပြုံလိုက် ကျွတ်နေရင် ဆရာဝန်ပြဖို့ လိုပါတယ်။

သိုင်းရွိုက် ပြဿနာလိုမျိုး တခြားရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြပြီး စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။

Ref: Good Health