၁။ နေရောင်ခြည်ကို ညဥ့်မှာပျော်သော တိရိစ္ဆာန်များ ကြောက်ရွံ့ကြသည်။
လရောင်ကို နေ့မှာပျော်သော တိရိစ္ဆာန်များ ကြောက်ရွံ့ကြသည်။
ကိုယ်ပိုင်အလင်းရောင်ရှိသူကို အားလုံးကကြောက်ရွံ့ကြလေသည်။
၂။ လရောင်ကိုမြင်နိုင်ရန် အခွင့်အလမ်းရှိပါလျက် အိပ်ပျော်နေပါက………
လရောင်ကို မြင်ရမည် မဟုတ်ပေ…………။
စိတ်ဓါတ်ကျ၍ ဆက်အိပ်နေပါက နောက်တစ်နေ့ထွက်ပေါ်လာမည့် နေရောင်ခြည်သစ်ကို
တွေ့ရတော့မည် မဟုတ်ပေ..။
၃။ “အောင်မြင်ခြင်း” ဟူသော စွန်သည် “ဒုက္ခရောက်ခြင်း”ဟူသောလေကို ရင်ဆိုင်ပျံတတ်၏။
ထိုလေနှင့်အတူ ရောပါမသွားချေ။
၎။ အတိတ်နှင့် ပစ္စုပ္မန် ၊ ပစ္စုပ္မန် နှင့် အနာဂတ်ဟူ၍ စက္ကန့်များသာ ခြားနာသည်။
ထိုအခြေအနေကို ချင့်ချိန်မိလျှင် သင်ရောက်နေသောအမှောင်ကို ကြောက်ရွံ့နေတော့မည်
မဟုတ်ပေ။
၅။ မိမိလျှောက်ရမည့်လမ်းမှာ အမှားအယွင်းကင်းကင်းနှင့် လျှောက်ချင်တယ်ဆိုရင်တော့…..
အတိတ်ကကျူးလွန်ခဲ့တဲ့ အမှားအယွင်းမှန်သမျှကို တစ်ခုမကျန်မှတ်မိနေမှ ဖြစ်မှာပါ။
၆။ ကြီးမားကျယ်ပြန့်တဲ့ ကျောက်သားမျက်နှာပြင်တစ်ခု ကွဲအက်သွားခဲ့ရင် နည်းအမျိုးမျိုးနဲ့
ပြန်ဆက်လို့ ရချင်ရနိုင်ပေမယ့် အချစ်ကြောင့်ကွဲအက်သွားတဲ့ စိတ်ကိုတော့တစ်သတ်လုံး
ပြန်ဆက်လို့ မရနိုင်တော့ပေ………..။
၇။ ယောက်ျားတို့သည် အိမ်ထောင်မပြုမှီတွင် မျက်လုံးကျယ်ကျယ်ဖွင့်ထား၍
အိမ်ထောင်ကျပြီးနောက် မျက်လုံးတစ်ဝက် မှိတ်ထားသင့်သည်……။
၈။ ကလေးမဟုတ်ဘဲ အချီမခံချင်ပါနဲ့…..။
မသန်စွမ်းသူ ဒုက္ခိတမဟုတ်ဘဲနဲ့ အပြုစုမခံချင်ပါနဲ့……..။
ရူးနေတာမဟုတ်ဘဲနဲ့ သူများအားပေးတာကို မသာယာပါနဲ့…..။
၉။ ဝေဖန်မှုတစ်ခုတွေ့တိုင်း သင့်ဘ၀အတွက် လှေကားတစ်ထစ် မြင့်တတ်လာလေ့ရှိပါတယ်။
၁၀။ လူငယ်လူရွယ်တစ်ယောက်ရဲ့ ဘ၀မှာ ပျော်ရွှင်ဖို့အတွက် အလိုအပ်ဆုံး အရာကတော့
“မိတ်ဆွေ”ဆိုတဲ့ လက်ဆောင်မွန်ပါပဲ…….။
၁၁။ ဖြစ်နိုင်သမျှ မြန်မြန်အိမ်ထောင်ပြုရန်မှာ မိန်းကလေးတို့ အလုပ်ဖြစ်၍………
ကြာကြာအိမ်ထောင်မကျရန်မှာ ယောက်ျားလေးများ ဖြစ်သည်…..။
၁၂။ မိမိမျက်နှာလေး ကြည်လင်သန့်ရှင်းအောင် ချောမောလှပအောင်
အခြားမွမ်းမံ ခြယ်သမှုတွေ မလုပ်ခင်မှာ……….
မိမိစိတ်ကို အရင်ကြည်လင်သန့်စင်သွားအောင် လုပ်ကြည့်လိုက်ပါ။
“ပိုပြီးလှလာပါလိမ့်မယ်”…….။
၁၃။ အမှားကိုသိရက်နှင့် ၀န်မခံချင်သူ၊ ပြုပြင်ပြောင်းလဲရမှာကို ၀န်လေးနေသူများအတွက်
“အောင်မြင်ကျော်ကြားသူ” ဘ၀ကို ဘယ်တော့မှပိုင်ဆိုင်ရမည်မဟုတ်။
၁၄။ အချိန်ဆွဲပြီး အလုပ်လုပ်ခြင်းဟာ ငွေဖြုန်းပြီး အလုပ်လုပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
၁၅။ ကံကြောင့်လည်း မတော်တဆ ငွေရနိုင်တယ်။
လုပ်အားကြောင့်လည်း ငွေရနိုင်တယ်။
အရင်အနှီးကြောင့်လည်း ငွေရနိုင်တယ်။
အဲသလိုပါပဲ………. သိမှုကြောင့်လည်း ငွေရနိုင်တာပါပဲ…….။
၁၆။ အရိုးမရှိသောလျှာဖြင့် တိုက်ခိုက်တာကိုခံရပါက
အရိုးမရှိသော လှံသွားဖြင့်တိုက်ခိုက်ခြင်းကို ခံရတာထက်
တစ်ကိုယ်လုံး ကြေမွသွားစေပါတယ်…………။
၁၇။ ကံကောင်းချင်သူများကတော့ သူတို့ရွေးချယ်ထားသော အလုပ်ကို
တစ်ဆင့်ပြီးတစ်ဆင့်ကောင်းအောင် လုပ်ကြတယ်………။
ကံမကောင်းသူများကတော့ အလုပ်တစ်ခုမှ တစ်ခုသို့ အလွယ်တကူ
ပြောင်းလေ့ရှိကြတယ်……..။
၁၈။ မိမိကိုယ်ထဲမှာ မေတ္တာဓါတ်ခံမရှိပါဘဲနှင့် အခြားသူများရဲ့ မေတ္တာဓါတ်ကို
ခံယူရရှိနိုင်မည် မဟုတ်ပါ………။
၁၉။ လူတစ်ယောက်ကို ကံကောင်းစေတဲ့ စိတ်ဆိုတာ……….
စိတ်ကိုကောင်းအောင် ကြိုးစားချင်တဲ့ “စိတ်”ပါပဲ…….။
၂၀။ အချစ်ကိစ္စကိုတော့ လူတိုင်းစဉ်းစားနိုင်ကြသော်လည်း ထိုကိစ္စပြီးလျှင်
ဘာဆက်လုပ်သင့်တယ်ဆိုတာကိုတော့ ကြိုတင်စဉ်းစားသူ အလွန်နည်းလှပါသည်……..။
၂၁။ ကိုယ့်ဘ၀၏ အခက်အခဲကိုရင်ဆိုင်ရာတွင် လူသည်အမြဲတမ်း အထီးကျန်စွာ
တစ်ယောက်တည်းရင်ဆိုင်ရမြဲဖြစ်သည်…..။
၂၂။ အောင်နိုင်သူသည် ဘယ်တော့မှ စွန့်ခွာမပြေး။
စွန့်ခွာပြေးသူသည် ဘယ်တော့မှ မအောင်မြင်နိုင်။
၂၃။ အချစ်ဆိုတဲ့အရာဟာ သူ့ဘာသာနေတဲ့အချိန်မှာ ဖြူစင်သန့်ရှင်းမှုရှိပါတယ်…။
လူသားတွေရဲ့ အတွေးနဲ့ထိတွေ့လိုက်တော့မှအရောင်အမျိုးမျိုးပြောင်းလဲသွားတာဖြစ်ပါတယ်။
၂၄။ ကိုယ့်ကိုကိုယ် အထီးကျန်ဖြစ်မှန်း အသေအချာခံယူလိုက်တဲ့အခါ
လူသည်လွတ်လပ်မှုနှင့် ပြည့်စုံသွားလေသည်………။
၂၅။ “မအောင်မြင်မှုများ” ဟုပြောသည့်အရာများမှာ “ယာယီအရှုံးပေးရခြင်း” သာဖြစ်သည်။
၂၆။ “အောင်မြင်ရမည်” ဟုစိတ်ထဲတွင် ကြိုတင်နှလုံးသွင်းခြင်းသည်
အောင်မြင်ခြင်း သော့ချက်ပင် ဖြစ်ပါသည်။
၂၇။ စိတ်ခံစားချက် ဝေဒနာအားလုံးကို ရင်ထဲမှာပဲထားပါ…….ဦးနှောက်ထဲ အရောက်မခံပါနဲ့……။
၂၈။ ဘယ်လောက်ပဲမှောင်မိုက်သော အခြေအနေဖြစ်နေပါစေ
သတ္တိရှိရင် အမှောင်ကို ခွင်းနိုင်ပါတယ်……..။
၂၉။ မိမိသိသမျှ တတ်သမျှ အကောင်းဆုံးကို အမြဲတမ်း ပြောရမယ်………ဟောရမယ်….
ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာက ခက်ခဲတာနဲ့ စွန့်ပစ်ရန် မသင့်ပါ…………..။
၃၀။ တစ်ခုခုကိုဆုံးခန်းတိုင်အောင်လုပ်ဖို့ ကြိုးစာပါ.။
အောင်မြင်ဖို့ကိုတော့ မေ့ထားလိုက်………..။
၃၁။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့မျှော်လင့်ချက် ယုံကြည်အားထားချက်
စိတ်ကူးယဉ်အိပ်မက်တွေ မပျောက်ပျက် မဆုံးရှုံးပါစေနဲ့………..။
၃၂။ ထွန်ရေးမညက်သော မြေကြီးသည် အမြဲတမ်း အသီးအနှံ အထွက်နည်းပါသည်…..။
၃၃။ ကြောက်ရင်ကြောက်တာကို သေချာမျက်နှာချင်းဆိုင်ကြည့်ပြီး တစ်ခုခုလုပ်`
ကြောက်တာကို ရင်ဆိုင်ကြည့်ပါ`………..။
ကြောက်တာဟာ အခြေအမြစ်မရှိရင် သူ့ဟာသူ အလိုလို ပျောက်သွားပါလိမ့်မယ်
အမှန်တကယ်ကြောက်တယ်ဆိုရင်လည်း တစ်ခုခုသာလုပ်
မကြောက်မရွံ့ဆက်လုပ်ရင် မုချချောမော အောင်မြင်လိမ့်မည်……..။
၃၄။ ကိုယ့်ကိုကိုယ် ကိုယ်ကလွဲပြီး ဘယ်သူကမှ ဒုက္ခမပေးနိုင်ပါဘူး…….။
၃၅။ (၁) တစ်ရှေ့မှာ အမြဲတမ်း (၀) သုညရှိနေပါတယ်…….။
(၁) တစ်ရှေ့မှာနေရင်တော့ အမြဲတမ်း (၀) သုညဖြစ်နေပါလိမ့်မယ်……..။
၃၆။ မိမိစိတ်အလိုသို့လိုက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ တိုးတတ်မှုကို အဟန့်အတားဖြစ်စေသည်.
မိမိကိုယ်ကိုညှင်းပန်းနှိပ်စက်ခြင်းသည် အသိဥာဏ်ကို အားနည်းစေသည်…….။
၃၇။ မိမိကိုယ်တိုင် ဒဏ်ရာရဖူးမှ သူတစ်ပါး၏ အမာရွတ်ကို ထောက်ထားကြင်နာနိုင်သည်။
၃၈။ မိမိကိုယ်တိုင် ငိုဖူးမှ သူတစ်ပါး၏ ရှိုက်သံကို နားလည်နိုင်သည်။
၃၉။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးသည်
မြင့်မြတ်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ဖြစ်သည်……..။
၄၀။ မည်သူမဆို မိမိ၏အသိပညာ အစွမ်းသတ္တိကို တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ
တိုးတတ်အောင် ကြိုးစားရာ၏။
ထိုကဲ့သို့ ကြိုးစားသူများသည် ဆင်းရဲစုတ်နုတ်ရာမှ ကြီးမားချမ်းသာသော အခြေအနေသို့
ရောက်ကြရလေသည်……။
Fwd mail
2/27/2012
လူတိုင်းအတွက် ဖတ်ဖို့သင့်တဲ့ “ စိတ် ” အစာ
2/27/2012
Dim




