2/02/2012

မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများ


ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး


- ပိုးသားဆံနွယ်လေးဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းအထက်ဆုံးအရာပဲနော်။

- ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။

- ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ရုံပဲ။

- အရမ်းလွယ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့နော်။

- ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကဘူး ဗောက်တွေကိုလည်း ပျောက်ကင်းစေတယ်လေ။

- တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဘယ်လောက်ကောင်းလဲနော်။

- အော်.. ဒီအသီးတွေကို အရည်ညှစ်ရတာ အလုပ်ရှုပ်လို့ မလုပ်ချင်ဘူးဆိုရင် ရှာလကာရည်ကို သုံးလို့ရတယ်နော်။

လက်ဖက်ခြောက်မှုန့်


- လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။

- ပြီးရင် အအေးခံလိုက်ပါ။

- အေးသွားရင် သောက်ရမှာ မဟုတ်ဘူးနော်.. :D

- ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချရမှာပါ။

- ၅ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်နော်။

- လက်ဖက်ရဲ့အစွမ်းနဲ့ အရမ်းကို လှပနူးညံ့နေတဲ့ ဆံပင်လေးတွေကို တွေ့ရမှာပါ။

အုန်းဆီ


- အုန်းဆီဟာ ဆံပင်နဲ့ပတ်သက်လာရင် ဟိုးရှေးရှေးတုန်းထဲက ခုထိ ဘုရင်တစ်ဆူပဲနော်။

- ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။

- ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။

- နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။

- အုန်းဆီဟာ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတယ်။ နက်မှောင်တောက်ပြောင်ပြီး သန်စွမ်းကျန်းမာစေတယ်။ ဘာလိုသေးလဲနော်။

သံလွင်ဆီ

နည်းလမ်း (၁)

- သင့်ဆံပင်က အရမ်းကိုပျက်စီးပြီး ရှုပ်ထွေးကြမ်းတမ်းနေလား။

- အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။

- ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊ တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးနော်။

- သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ။

- အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်နော်။

- သံလွင်ဆီရဲ့အစွမ်းက အံ့မခမ်းပါပဲလားဆိုတာ တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၂)

- သံလွင်ဆီက နောက်တစ်မျိုးအစွမ်းပြပါအုံးမယ်

- သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥနှစ်ကို ရောမွှေပါ။

- ဆံပင်အနှံ့ကို သုတ်လိမ်းပေးပြီး ခဏနေရင် ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်နော်။

- ရလဒ်ကိုအရမ်းကြိုက်သွားပြီး ခေါင်းလျှော်တိုင်းတော့ မလုပ်လိုက်ပါနဲ့။

- တစ်ပတ်မှာ တစ်ခါထက် ပိုမလုပ်ရဘူးနော်။

နည်းလမ်း (၃)

- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥနှစ် ၁ လုံးကို သေချာရောမွှေပါ။

- ပြီးတော့ တစ်ခေါင်းလုံးနှံ့စပ်အောင် လိမ်းပေးနော်။

- ပလတ်စတစ်ခေါင်းစွပ်လေး စွပ်ပြီး နာရီဝက်ထားပေးပါ။

- ပြီးတော့ ရေသေချာဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

- အရမ်းကို နူးညံ့လှပနေတဲ့ သင့်ဆံပင်လေးတွေကြောင့် အရမ်းကို စိတ်ချမ်းသာရမှာပါ။

- ဆံပင်ပျော့စေတဲ့နည်းတွေ ပြောလာလိုက်တာ သံလွင်ဆီကြော်ငြာဖြစ်တော့မှာပဲ။ :P

- ဒါပေမယ့် တကယ်အစွမ်းထက်လို့ လုပ်ကြည့်နော်။

ကြက်ဥ

- သံလွင်ဆီမှာတုန်းက ပြောခဲ့တဲ့နည်းနဲ့ နဲနဲတော့ဆင်ပါတယ်။

- ဒါပေမယ့် တူသလိုလိုနဲ့ မတူတာမို့ စမ်းကြည့်ပါအုံးနော်။

- ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။

- ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ထပ်မွှေပါ။

- ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါအုံးနော်။

- ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။

- ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မယ်နော်။


myanmarskylink ဆိုဒ်မှ ဖြစ်ပါတယ် အလှအပကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတိုင်းတွက် သဘောကျမယ့်ဆိုဒ်လေးပါး )
--
God bless U!