2/27/2012

ဘဝမှာအခက်ကြုံတဲ့အခါ

ကျွှန်တော် ကတော့ ဘဝမှာအခက်အခဲတွေ ကြုံတွေ့တိုင်း ဒီ အတ္ထုပ္ပတ္တိ အကျဉ်လေးကိုပြန်ပြန်ဖတ်မိတယ်။

ဘယ်သူလည်းဆိုတာမပြောသေးပါဘူး ။

အသက်၂၁- စီးပွားရေးလုပ်- ခွက်ခွက်လန်အောင်ရှုံး

အသက်၂၃- ဥပဒေပြုကောင်စီမှာဝင်ပြိုင်- အရွေးမခံရ

အသက်၂၅- စီးပွားရေးထပ်လုပ်- ကုန်ရော

အသက်၂၆-သိပ်ချစ်ရတဲ့ချစ်သူအသက်ဆုံးခဲ့ရ-မနည်းဖြေသိမ့်နေခဲ့ရ

အသက်၂၇-သွတ်ချာပါဒဖြစ်။ အသက်၂၉-ပါတီပြောရေးဆိုခွင့်နေရာအတွက်ဝင်ပြိုင်- အရွေးမခံရ

အသက်၃၄-အောက်လွှတ်တော်(ကွန်ဂရက်)မှာဝင်ပြိုင်- အရွေးမခံရ

အသက်၃၇-အောက်လွှတ်တော်အမတ်ဖြစ်လာ

အသက်၃၉-အောက်လွှတ်တော်ရွေးကောက်ပွဲမှာထပ်ရွေးခံရဖို့ ပါဝင်ရှင်ပြိုင်- ရှုံး

အသက်၄၆-အထက်လွှတ်တော်(ဆီးနိတ်)မှာဝင်ပြိုင်- အရွေးမခံရ

အသက်၄၇-ဒုတိယသတ်တမ်း (vice president ) ဝင်ပြိုင်-အရွေးမခံရ
ဒီလောက်ဆက်တိုက်ဆိုသလို. အကြိမ်ကြိမ် ကျရှုံးတဲ့သူဟာဘယ်သူဖြစ်မယ်ထင်လဲ။

ခပ်ညံ့ညံ့လို့ မထင်လိုက်လေနဲ့ ။

အသက်၅၁နှစ်မှာအမေရိကန်ပြည်ထောင်စုရဲ့  President ဖြစ်လာတဲ့ "အီဗရာဟင်လင်ကွန်း"ဖြစ်ပါတယ်။

(ဆရာကျော်ဝင်းဘာသာပြန်ခဲ့သော. (Sean Covey) ရဲ့  စာအုပ်မှဖြစ်ပါသည်) by San Yu