2/28/2012

ရေပူရေအေး မျက်နှာသစ်နည်း

မျက်နှာကို ကြည်လင်သန့်စင်စေချင်တယ်ဆိုရင် သန့်ရှင်းသော ရေဖြင့် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပါ။

ရေနွေးဖြင့် မျက်နှာသစ်ခြင်းက မျက်နှာပေါ်က ချွေးပေါက်တွေကို ပွင့်သွားစေတယ်။

ချွေးပေါက်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ စင်ကြယ်သွားစေလိုပါက ရေနွေးလေးဖြင့် မျက်နှာသစ်ပါ။

ရေအေးဖြင့် မျက်နှာသစ်ခြင်းကတော့ မျက်နှာပေါ်က ချွေးပေါက် တွေကို ကျဉ်းသွားစေတယ်။

ရေနွေးနှင့် မျက်နှာသစ်ပြီးတဲ့အခါ ချွေး ပေါက်ထဲကို ပတ်ဝန်းကျင်မှ အမှုန်အမွှားတွေ မဝင်ရလေအောင် မျက်နှာ ကို ရေအေးဖြင့် ပက်ဖျန်းပေးပါ။

ချွေးပေါက်အတွင်း မိတ်ကပ်အမှုန်တွေ ပိတ်ဆို့ပြီး ဝက်ခြံမထွက်ရလေအောင် မိတ်ကပ်လိမ်းအလှမပြင်ခင် မျက်နှာကို ရေအေးဖြင့် ထိတွေ့ပေးပါ။

Health Digest