2/28/2012

ဝက်ခြံပျောက်ချင်ရင်

လူပျိုရွယ်အပျိုရွယ်ဖြစ်တတ်တဲံ့အရာတစ်ခု ကတော့ ၀က်ခြံထွက်ခြင်းပါပဲ။

ဝက်ခြံ ထွက်လို့ စိတ်ညစ်နေရတဲ့ လူများအတွက် နည်းလမ်းလေး ပေးလိုက်ပါတယ်။ ၀က်ြခံထွက်သူများအနေနဲ့အဓိကကတော့

မိမိတို့ရဲ့မျက်နှာကို လက် နဲ့အမြဲတစ်စေ မကိုင်မိဖို့ပါပဲ။မျက်နှာ ဆိုတဲ့နေရာကအသန့်ကြိုက်တဲ့နေရာမို့ မိမိတို့လက်က အမြဲတမ်း

အဆီတွေထွက်လေ့ရှိတာမို့ ၀က်ခြံကို ပိုမိုပေါက်ဖွားစေပါလိမ့်မယ်လက်နဲ့တို့ထိပါများရင်ပေါ့နော်။

ဝက်ခြံထွက်သူများအနေနဲ့ဦးစွာ ဖရုံသီးစေ့အစိမ်းကို ၀က်ခြံထွက်တဲ့နေရာမှာပွတ်တိုက်ပေးကပါမယ်။

အဲ့လိုပုံမှန်လုပ်ပေးခြင်းအားဖြင့် မျက်နှာမှာလည်း အမာရွတ်မစွဲစေပဲ ၀က်ခြံကို ပျောက်ကင်းစေပါတယ်။

ပုံမှန်တော့လုပ်ပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ဖရုံ စေ့ခြောက်ကို အမြဲစားပေးကပါမယ်။အမြဲတမ်းဖရုံစေ့ခြောက်ထုတ်လေးကို

စောင်ထားရင်အကောင်းဆုံးပါပဲ

ဝက်ခြံထွက်ခြင်းမှကင်းဝေးစေပါတယ်။ဝက်ခြံပေါက်ရတဲ့အကြောင်းတွေက ဟော်မုန်း မညီမျှမှု၊ စိတ်ဖိစီးမှု၊ ကြောက်စိတ်များမှု၊ အဆီများတဲ့

အစားအစာတွေစားမှု၊ စသဖြင့် မျိုးစုံပါပဲ။ ဆေးကုသခံမှ ပျောက်တတ်တဲ့ အရာမဟုတ် ပေမယ့်လည်း ဂရုတစိုက် မကုသရင် အမာရွတ်တွေ

ကျန်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အစားအသောက် စားတဲ့ ပုံစံမှားယွင်းလို့ ခန္ဓာကိုယ်က

အညစ်အကြေးအားလုံး မစွန့်ထုတ် နိုင်ချိန်မှာ သွေးကို အဆိပ်တက်စေပြီး ၀က်ခြံဖြစ်စေပါတယ်။ စားသောက်မှု ပုံစံမှန်ခြင်းဟာ လှပတဲ့

အသားအရေကို ရစေပါတယ်။ လတ်ဆတ်တဲ့ ဟင်းရွက်နဲ့ သစ်သီးတွေ စားသုံးမှု၊ သန့်ရှင်းတဲ့ရေကို အလုံအလောက် သောက်သုံးမှုတွေ

လုပ်ပေးရမှာ ဖြစ်သလို ၀က်ခြံလျော့နည်းစေဖို့ အားပေးတဲ့ ဆာလဖာဓာတ်ကြွယ်ဝတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေ စားပေးပါ။

နောက်ထပ်နည်းလမ်းလေးတွေကတော့

သခွားသီး /ခရမ်းချဉ်သီး/ အဲံ့တာတွေကို ပါးပါးလေးလှီးပြီးမျက်နှာပေါ်က ၀က်ခြံရှိတဲ့နေရာတွေမှာကပ်ပေးကပါမယ်။

ပုံမှန်လေး လုပ်ပေးရင်တော့မျက်နှာ မှာရှိတဲံ့ ဝက်ခြံတွေကိုသိသိသာသာလျော့နည်းလာစေပါတယ်။နောက်တစ်နည်းက

သွားတိုက်ဆေး ဂျယ်ကို ၀က်ခြံပေါ်မှာ ပွတ်ပြီးလိမ်းပေးပါ။ အမာရွတ်မကျန်စေပဲ ပျောက်ကင်းစေပါတယ်။

ဒီလောက်ဆိုရင် ၀က်ခြံ ထွက်တဲ့လူတွေအတွက် နည်းလမ်းလေးတွေပေးပြီးပြီမို့ ပျောက်ကင်းအောင် လုပ်နိုင်ပါပြီနော်။

မိုးလေး

အလှတရားတွေနဲံ့ပြည့်ဝကြပါစေ။