2/27/2012

ဒေါသကို ထိန်းချုပ်ခြင်း

ဒေါသကို သေသေချာချာ ကိုယ်တွယ်ထိန်းကျောင်းနိုင်ခြင်း
မရှိရင် ကျန်းမာရေးကိုထိ
ခိုက်စေနိုင်ပါတယ်။ ဒါတွင်မကပါဘူး သင့်ရဲ့  ဆက်ဆံရေးတွေကိုပါ
ထိခိုက်ပျက်ပြားစေနိုင်ပါတယ်။ ဒေါ
သကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့ ကို မျှဝေပေးလိုက်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ခုခေတ်
က လူသားတွေဟာ ဒေါသတွေ အရမ်းများလာလို့ ဖြစ်ပါတယ်။
၁။ လေ့ကျင်းခန်းပြုလုပ်ခြင်း
ကိုယ်ခန္ဓာကိုယ် လှုပ်ရှားအားထုတ်မှုက ဒေါသကို
အချိန်တိုအတွင်းမှာ ပျက်ပြယ်သွားဖို့ အ
ထောက်အကူပေးပါတယ်။ ပြုလုပ်နေကျ လေ့ကျင့်ခန်းတစ်မျိုးကို ပြင်းပြင်းထန်ထန်
ပြုလုပ်ကြည်ပါ။ ခပ်
သွက်သွပ်ကလေး လမ်းလျှောက်ပါ။ ခပ်ဝေးဝေးလေး ချွေးထွက်တဲ့အထိ လျှောက်ပါ။ ရေကူးတတ်ရင်
နာရီဝက်လောက် ရေကူးပါ။
၂။ စာတစ်စောင်ရေးပါ
သင့်ရဲ့ ဒေါသကို စကားလုံးတွေနဲ့  အကျိုးအကြောင်း ရှင်းပြပါ။
အဲဒီစာကို ပေးပို့ ရမယ်လို
တော့ မဆိုလိုပါဘူး။ ဒါပေမယ့် တချို့ အခြေအနေတွေမှာတော့
သင့်ကိုစိတ်ဆိုးအောင် ပြောဆိုပြုမူ
တဲ့သူ သိရှိအောင် ရေးပြီးသားစားကို ပို့ ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူက
အသားလွတ် တိုက်ခိုက်
လာတဲ့အတွက် သင့်ဘယ်လို စိတ်ထိခိုက်သွားသလဲဆိုတာကို သဘောပေါက်ပြီး သူ့ ရဲ့ လောဘ ၊
ဒေါသနဲ့  မာန စသည်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ 
ဒေါသတွေလည်း ပျက်ပြယ်သွား
ပါလိမ့်မယ်။
၃။ ခေါင်းအေးသွားအောင် စောင့်လိုက်ပါ
ပြင်းထန်နေတဲ့ ဒေါသအခြေအနေမှာ တစ်ဖက်လူကို ချက်ချင်းကြီး
ထိပ်တိုက်မတွေ့ခြင်း
ဟာ သင့်လျော်တဲ့ အကြံအစည် ဖြစ်ပါတယ်။ ဒေါသဖြစ်နေတုန်းမှာ
ရင်ဆိုင်လိုက်ရင် အမှားတွေ ပါ
သွားပါလိမ့်မယ်။ အလွန်အကျွံ ပြောမပိပါလိမ့မယ်။ သွေးအေးသွားမှ
အကျိုးသင့်အကြောင်းသင့် ရှင်း
ပြတာ ကောင်းပါလိမ့်မယ်။ ထူပူနေတုန်းမှာဆိုရင် နှုတ်က ကျူးလွန်တာမကဘဲ ကိုယ်ထိလက်ရောက်
အဆင့်အထိ ရောက်သွားနိုင်ပါတယ်။
၎။ ဝုန်းဒိုင်းကြဲ မပေါက်ကွဲပါနဲ့ 
ဒေါသကို ပေါက်ကွဲလိုက်တာ
အကောင်းဆုံးနည်းဗျူဟာပဲဆိုတဲ့ ဆိုစကားတစ်ရပ်ရှိပါ
တယ်။ ပေါက်ကွဲပစ်လိုက်ခြင်းက ပြေလည်သွားခြင်းထက် ပြဿနာတွေကို
ဖြစ်ပေါ်စေပါတယ်။ ဈေးထဲ
မှာ ဈေးသည်နဲ့ အပြိုင် ဒေါသတွေ ပေါက်ကွဲပြီး ဆဲဆိုရိုက်နှက်တဲ့အထိ
ဖြစ်မယ်ဆိုရင် မိမိအဆင့်အ
တန်းကို နိမ့်ကျသွားအောင် မိမိဘာသာ ဖန်တီးလိုက်တာပဲ မဟုတ်ပါလား။
ပေါက်ကွဲခြင်းက သင့်ရဲ့ 
ဆက်ဆံရေးတွေကိုလည်း ထိခိုက်ပျက်ဆီးစေပါတယ်။ အသာလေးရှောင်သွားပြီး ဒေါသကို
ထုတ်ပြခြင်း
က သားသမီးတွေအတွက် ကောင်းမွန်တဲ့ စံပြမိဘတွေ မဟုတ်တော့ပါဘူး။
သူငယ်ချင်းအပေါင်းအသင်း
တွေကြားမှာလည်းအဲဒီလိုပါပဲ ။
၅။ ဆက်ဆံမှုကို ပြေပြစ်စေလိုက်ပါ
အရှိန်လျှော့ချလိုက်ပြီး သင်ဘာကို
ပြောချင်သလဲဆိုတာကို စဉ်းစားလိုက်ပါ။ ဒေါသဖြစ်
စရာ တစ်စုံတစ်ရာကြောင့် မာန်ပါပါနဲ့  တုံ့ ပြန်မယ့်အစား
သင့်စိတ်ဆိုးရတဲ့အကြောင်း ရှင်းပြပါ။ မတုံ့ 
ပြန်ခင်မှာ တခြားသူပြောတာတွေကို သေသေချာချာ နားထောင်ပါ။ တချို့ က
တစ်ဖက်လူပြောတာကို
မကြားချင်ပါဘူးလို့ တားမြစ်ကြပါတယ်။ ဒါဆိုရင် အဖုအထစ် ဖြစ်သွားပါပြီ။
၆။ ဟာသကို အသုံးပြုပါ
တစ်ခါတစ်လေမှာတော့ ဟာသဥာဏ်လေးနဲ့  လှည့်တွေးရင် ဒေါသတွေ
ပျောက်သွားစေ
ပါတယ်။ သူ့ ဒေါသဖြစ်နေပုံက ရယ်စရာကြီးပါလားလို့  ပုံဖော်ကြည့်လိုက်ပါ။
ဒေါသမရှိတော့တာကို
သင့်ကိုတိုင်တွေ့ ရပါလိမ့်မယ်။
၇။ ရွေးချယ်စရာတွေ ရှာဖွေပါ
နေ့ စဉ် သွားလနေတဲ့ ယာဉ်ရထားတွေပေါ်မှာ ဒေါသကို လှုံ
့ဆော်ပေးနေတာတွေနဲ့ ကြုံတွေ့ 
နေရလို့  စိတ်မချမ်းမသာဖြစ်နေရင် တခြားနည်းတွေနဲ့ သွားလာဖို့ စဉ်းစားပါ။
ဒါမှမဟုတ် အိမ်နဲ့ မဝေးဘဲ
လမ်းလျှောက်သွားလို့ ရတဲ့ အလုပ်ကို ရွေးချယ်ကြည့်ပါ။
၈။ အကျိုးနဲ့ အပြစ်
ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ။ “ ဒီဒေါသကနေ
တစ်ခုခု အကျိုးရှိတာ ရနိုင်မလား ၊
ဒါမှမဟုတ် ငါ့ကို ဒုက္ခပေးဖို့ သက်သက် ဖြစ်နေသလား ” အကျိုးမရှိရင်
ထုတ်လိုက်ပါ။ တချို့ လူတွေက
ဒေါသကို ထုတ်ပစ်လိုက်ဖို့  ဝန်လေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါသကို
ဖြစ်ပေါ်စေတဲ့လူက
အောင်နိုင်သူဖြစ်သွားကြတာကို သူတို့  မြင်တွေ့ လို့ ပါပဲ။
၉။ ပြဿနာနဲ့  အဖြေ
“ ဒီပြဿနာကို ငါတစ်ခုခုပြေလည်အောင် လုပ်ပေးနိုင်သလား
” လို့  မိမိကိုယ်ကို မေး
ကြည့်ပါ။ ဘာမှ ထူးထူးခြားခြား လုပ်မပေးနိုင်ဘူးဆိုရင် ကိုယ့်လမ်းကို
ဆက်ပြီးသွားပါတော့။ မကပ်ငြိပါ
နဲ့ တော့။
၁၀။ လက်ခံခြင်း
ဘဝမှာ တချို့ သောအရာတွေက တရားမျှတမှု
မရှိဘူးဆိုတာကို အသိအမှတ်ပြုလိုက်
ပါ။ တစ်ခါတလေမှာတော့ တရားမျှတမှု မရှိခြင်းဟာ ဘဝရဲ့ 
အစိတ်အပိုင်းတစ်ခုပဲလို့  လက်ခံရမှာပဲ
ဖြစ်ပါတယ်။
၁၁။ တခြားသူတွေရဲ့  ဒေါသကို ကိုယ်တွယ်ဖြေရှင်းခြင်း
ပထမအချက်ကတော့ ဆဲရေးတိုင်းထွာခြင်းကို သည်းမခံပါနဲ
့။ တစ်စုံတစ်ယောက်က
စိတ်ဆိုးနေမယ်။ ဒါပေမယ့် ရန်လိုနေတာမဟုတ်ဘူးဆိုရင် သူ့ ရဲ့ အမြင်ကို
အကျိုးသင့်အကြောင်းသင့်
အထောက်အထားပြပြီး ရှင်းပြတာက အခြေအနေကို လျော့ပါးသွားစေဖို့  အထောက်အကူပေးပါတယ်။
ဥပမာ “ မင်းဒီလို ခံစားရတာကို ငါ နားလည်သဘောပေါက်ပါတယ်။ မင်းအတွက် တော်တော် စိတ်အ
နှောင်အယှက် ဖြစ်စရာပါပဲ ” လို့ ပြောကြည့်ပါ။ အဲဒီနည်းက သူ့ ဒေါသကို
သင်က တာဝန်ယူပေးမယ်
လို့  ဆိုလိုတာ မဟုတ်ပါဘူး ။ ဘယ်လိုပဲဖြစ်စေ၊ သင်က ဒေါသကို လှုံ
့ဆော်ပေးတဲ့ တစ်စုံတစ်ရာကို
ပြုလုပ်မိတယ်ဆိုရင် “ Sorry ” လို့ တောင်းပန်လိုက်တာက
ဝမ်းသာတဲ့အံ့သြဖွယ်တွေကို ဖြစ်ပေါ်စေ
နိုင်ပါလိမ့်မယ်။
လူသားတိုင်း ဒေါသကို ထိန်းချုပ်နိုင်တဲ့သူများ ဖြစ်ကြပါစေ။