မဿဲ ၂၁း၂၂ က
“ယုံကြည်ခြင်း ပါလျက် ပဌနာပြု၍ ဆုတောင်း သမျှတို့ကို သင်တို့သည် ရကြလိမ့်မည်” ဟု ဆိုထားသည်။
ဤအရာသည် ကြီးကျယ်သော စကားပင်ဖြစ်သည်။ ယေရှုသည် ယုံကြည်ခြင်းတွင် လက်ခံ ရရှိနိုင်သော အရာကို ကန့်သတ်၍ မထားချေ။ လူတို့သည် အဆိုပါ ကျမ်းပိုဒ်မျိုးကို ဖတ်ရှုသောအခါ ကျော် လိုက်ကြပြီး ထိုအဖြစ်မျိုး မရှိသလို ခံစား လိုက်ကြသည် (သို့) စိတ်ကူးဖြင့် မဖြစ်နိုင်ကြောင်း အကြောင်း ပြကြသည်။ “အားလုံးဟု ဆိုရာတွင် အရာ အားလုံးကို ဆိုလိုခြင်း မဖြစ်နိုင်ဘဲ တချို့သော အရာများကို ပြောခြင်းဖြစ်လိမ့်မည်” ဟု သူတို့ပြောကြသည်။ ကျွန်ုပ်တို့သည် ဘာသာရေး ဆန်သော မယုံကြည်ခြင်းနှင့် စဉ်းစားပုံများ၏ လွှမ်းမိုးမှုကို ခံရလွန်း သောကြောင့် ဘုရားသခင်ထံမှ ဘာကိုမျှ မမျှော်လင့်ဘဲ အဆိုပါ ကျမ်းပိုဒ်မျိုးကို အခြားအရာဖြင့် အစားထိုး၍ ပြန်ဖတ်တတ်ကြသည်။ သို့သော် “အားလုံး” ဟုဆိုရာတွင် “အရာခပ်သိမ်း” ကိုဆိုလိုသည်။
အရာခပ်သိမ်းဟုပြောသောအခါ အရာခပ်သိမ်းကိုဆိုလိုသည်
မာကု ၁၁း၂၄ တွင် ယေရှုပြောသည်မှာ “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”
ယောဟန် ၁၅း၇ ၌ ပြောသည်မှာ “သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။”
ယောဟန် ၁၆း၂၃-၂၄ ၌ ပြောသည်မှာ “သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။ ယခု တိုင်အောင် ငါ၏ နာမကို အမှီပြု၍ သင်တို့သည် အဘယ် ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင် စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။”
ကျွန်ုပ်တို့၏ စဉ်းစားပုံနှင့် ဆန့်ကျင်စွာပင် ယေရှုသည် ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်း ကြောင့် ရရှိနိုင်သော အရာကို အကန့်အသတ် မထားပါချေ။ မာကု ၉း၂၃ တွင် “ယုံကြည်သော သူတို့အတွက် ခပ်သိမ်းသော အရာတို့သည် ဖြစ်နိုင်ကြောင်း” ကို ပြောထားသည်။ ကိုယ်တော်က အရာခပ်သိမ်းဟု ပြောသောအခါ ခပ်သိမ်းသော အရာတို့ကို ဆိုလိုသည်။ အားလုံး၊ လူအယောက်တိုင်းနှင့် အရာခပ်သိမ်းတို့သည် အကန့်အသတ် မရှိချေ။ ကျွန်ုပ်တို့သည် မကြာခဏဆိုသလို ကျွန်ုပ်တို့၏ အသိဉာဏ်၊ အတွေ့အကြုံများ၊ အသွေးအသား၊ အခြားလူများနှင့် ကတိတော်များ ပြည့်စုံခြင်းကို မမြင်စေလိုသော စာတန် မာရ်နတ်၏ ကန့်သတ်ခြင်းကို ခံတတ်ကြသည်။
“သင်တို့သည် ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်”ဟု ယေရှုက ပြောထားသည်။ (မဿဲ ၂၁း ၂၂)။ ထို့ကြောင့် ယုံကြည်ခြင်းဖြင့် ဆုတောင်းပါက ကျွန်ုပ်တောင်းသော အရာကို ရရှိမည်ဟု သေချာစွာ ကတိပြုခြင်းဖြစ်သည်။
ထို့ကြောင့်လည်း မာရ်နတ်က အခြားသောအရာများထက် ယုံကြည်ခြင်းကို တိုက်ခိုက်ခြင်းဖြစ်သည်။
ယုံကြည်ခြင်းသည် မမြင်ရသော အရာကို သေချာစွာ သိခြင်းဖြစ်ပြီး (ဟေဗြဲ ၁၁း၁) နှုတ်ကပတ်တော် အားဖြင့် ယုံကြည်ခြင်း ရောက်လာ သည်ဟု ပြောခဲ့ကြပါသည်။ (ရောမ ၁၀း ၁၇) နှုတ်ကပတ် တော်ထဲ၌ ကျွန်ုပ် အချိန်ယူ လေလေ၊ မမြင်ရသော အရာ၊ သဘာဝထက် လွန်ကဲသော အရာကို မြင်ရလေလေဖြစ်သည်။ ကျွန်ုပ် ၄င်းကိုမြင်ရလေလေ၊ ၄င်းနှင့် ပတ်သက်၍ စိတ်ချ သေချာလေလေ ဖြစ်လိမ့်မည်။ ကျွန်ုပ်ဖက်မှ သေချာလေလေ၊ ကိစ္စ တစ်ခုခု အတွက် ဆုတောင်းရန် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ ယေရှု ကတိပြုသည့်အတိုင်း ကျွန်ုပ်တို့ တောင်းလျှောက် သောအခါ ရရှိလိမ့်မည်။
1/29/2012
ယုံကြည်ခြင်းပါလျက် ဆုတောင်းပဌ နာပြုသမျှတို့ကို ရကြလိမ့်မည်
1/29/2012
Dim




