1/27/2012

မှတ်သားစရာများ

အားလုံးပဲ မင်္ဂလာပါ

၁။ ဒေါသဖြစ်ပေမယ့် …… မပေါက်ကွဲမိစေနဲ့
စိတ်ညစ်ပေမယ့် …… အားမငယ်ပါစေနဲ့
ချစ်ပေမယ့် ………… မစွဲလမ်းမိပါစေနဲ့
၂။ ထိုင်နေသူရဲ့နောက်မှာ လမ်းလျှောက်ဖို့ စောင့်မနေပါနဲ့။
၃။ လွတ်လပ်မှုမရှိရင် ဘ၀ဟာ တိုးတတ်မှုမရှိနိုင်ပါဘူး။
သိပ်ပြီးလွတ်လပ်လွန်းပြန်ရင်လည်း ဆုံးရှုံးမှု ပျက်စီးမှုတစ်ခုခုနဲ့ တွေ့ရနိုင်ပါတယ်။
၎။ အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကို မကြောက်။
လောက၌ဟန်အမူအယာဟူသော ဇာဖြင့် မိမိကိုယ်ကိုကွယ်ခြင်းသည် အရုပ်အဆိုးဆုံးဖြစ်၏။
နဂိုဟန်သည်အကောင်းဆုံးဖြစ်သည်။
၅။ အချိန် နဲ့ မိဘ မေတ္တာဟာ အလကားရပြီး တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။
၆။ အချစ်နဲ့ပတ်သတ်ပြီး သူ့အတွက်ချည်း အချိန်ပေးနေရလျှင် ကျန်သောကိစ္စများ ဆောင်ရွက်ရန်
အချိန် ” ရှိတော့မည် မဟုတ်ပါ။
၇။ သင့်ဘ၀၌ တစ်သတ်တာလုံး နောက်တကြီးစွာရနိုင်တဲ့ အချက် (၃)ချက်ကို မကျူးလွန်မိအောင်
သတိပြုပါ။
(၁) ငယ်စဉ်ကာလ ပညာသင်ချိန်မှာ မသင်မိခဲ့တဲ့နောင်တ……………။
(၂) မိဘကျေးဇူးကိုဆပ်နိုင်ပါလျက်နဲ့ မဆပ်ဖြစ်ခဲ့တဲ့နောင်တ………..။
(၃) သစ္စာနဲ့ယှဉ်တဲ့ ချစ်ခြင်းမေတ္တာကို ဥပေက္ခာပြုခဲ့မိတဲ့နောင်တ……။
ထိုသုံးချက်ကို ကျူးလွန်မိပါက ဘယ်သောအခါမှ ချေဖျက်လို့ မပျက်နိုင်တော့ပါဘူး…………။
၈။ လူတစ်ယောက်ပြောလိုက်သောစကားမှာ နားဖြင့်မကြားရသော်လည်း လုံးဝပျောက်ကွယ်သွား
ခြင်းမဟုတ်ပါ။ လေလှိုင်းနှင့်အတူ အာကာသထဲသို့ ပြန့်လွင့်သွားခြင်းသာ ဖြစ်သည်။
တစ်ကြိမ်မှာတော့…….
သင်ပြောလိုက်သောစကားသည် သင့်ထံသို့ မလွဲမသွေပြန်ရောက်လာလေ့ရှိသည်။
၉။ စာပေသည် ဦးနှောက်အတွက် အစာဖြစ်သည်။
၁၀။ ပျော်ရွှင်ဖွယ်ကောင်းသော ဘ၀တွင်နေထိုင်လိုလျှင် ပထမဆုံးလူသည်…….
ပျော်ရွှင်ဖွယ်ကောင်းသော အတွေးများ တွေးတောခြင်းကို လေ့ကျင့်ရပေလိမ့်မည်။
၁၁။ ပျော်ရွှင်မှုရရုံသက်သက်နဲ့တော့ အချိန်မဖြုန်းပါနဲ့။
အချိန်အတွက် အကျိုးရှိသောအလုပ်ကို လုပ်ရင်းနဲ့ စိတ်ပျော်ရွှင်မှု ရလာနိုင်ပါတယ်။
၁၂။ လူမြင်ကွင်းမှာ အသီးအပွင့်နဲ့ လှပတဲ့ သစ်ပင်တစ်ပင်ဟာ……
လူတွေမမြင်နိုင်တဲ့ မြေအောက်မှာ ကွေ့ကောက်တဲ့အမြစ်၊ ရှုတ်ထွေးတဲ့အမြစ်တွေ ရှိပါတယ်။
၁၃။ တစ်ပါးသူရဲ့ အားနည်းချက် အပြစ်တွေချည်း ရှာနေသောသူဟာ….
သူ့မှာ အားနည်းချက် အပြစ်မတွေ အများကြီး ရှိနေလို့ပါပဲ……….။
၁၄။ ကိုယ်ကပဲ ပြုံးပြဖို့တွေးပါ……..
သူများရယ်စရာပြောမှာကို မမျှော်လင့်ပါနဲ့…………။
၁၅။ မှန်တာကိုလုပ်ရန်အတွက် မည်သည့်အချိန်ပင်မဆို အချိန်ကောင်းဖြစ်သည်။
၁၆။ အိမ်နီးချင်းကိုခင်သော်လည်း ခြံစည်းရိုးကို မဖျက်သင့်သလို………
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် ကိုယ်ကျင့်သိက္ခာနဲ့တန်ဖိုးကိုတော့ မဖျက်ဆီးပါနှင့်…..
၁၇။ ကိုယ်ပျော်ရွှင်လာပြီဆိုရင် ကိုယ့်ပျော်ရွှင်မှုကို မျှဝေပေးတာဟာ
လူကြီးလူကောင်း စိတ်ဓါတ်ပါပဲ………….။
၁၈။ မိမိဘ၀ကို ဘာဖြစ်စေချင်တာပါလဲ…….?
ကျွန်းသားတော့ ကျွန်းသားပေါ့……..ဒါပေမယ့် ….
ခုံဖိနပ်စုတ်လား ………? နတ်ရုပ်လား……….? ဆိုတာကိုတော့ သတိထားပါ.။
၁၉။ အားငယ်ပါ ….. စိတ်ဓါတ်တော့မကျပါနဲ့…………
၂၀။ လူဖြစ်ရသောဒုက္ခ ကြီးမားလွန်းသဖြင့် သေချင်ပါလျက်နှင့် သေခွင့်မရသောဒုက္ခသည်
အကြီးမားဆုံးဖြစ်သည်။
၂၁။ သင့်ချစ်သူ၏အလှကို သင့်မျက်စိနှင့်ကြည့်ပါ။
သူ့အသည်းနှလုံးနှင့် စိတ်ဓါတ်အမှန်သိရဖို့ကိုတော့ အချိန်ဆိုတဲ့ ပညာရှိကို အကြည့်ခိုင်းပါ။
၂၂။ လူကြီးတွေ ရိုင်းစိုင်းကြတာကိုတော့ ပွင့်လင်းသည်ဟုပြောကြသည်………။
လူငယ်တွေ ပွင့်လင်းတာ…. ပေါက်ကွဲတာကျတော့“ရိုင်းသည် ”ဟုပြောကြသည်….။
၂၃။ ကိုယ်မှန်တယ်ဆိုတိုင်း လက်သီးလက်မောင်းတန်းလို့ မရပါဘူး။
မှားတဲ့လူကများနေရင် မှန်တဲ့လူက ခဏလောက်တော့ ငြိမ်ငြိမ်နေပေးရတယ်……။
၂၄။ ကျွန်တော်/ကျွန်မတို့၌ ကိုယ်တင်ထားသည်ထက် ပိုမိုသော အရည်အချင်းရှိပါသည်။
၂၅။ သင်၏ပျော်ရွှင်မှုကို ယုတ်ညံ့သောပြက်ရယ်မှုများနဲ့ တစ်ပါးသူအား ထိခိုက်နာကျင်စေသည့်
စကားလုံးများမှ ထာဝရကင်းရှင်းနေပါစေ။
အဘယ့်ကြောင့်ဆိုသော်……..
စကားလုံးကပေးသော ဒဏ်ရာသည် ဓါးကပေးသောဒဏ်ရာထက် ကုစားရပို၍ခက်သောကြောင့်
ဖြစ်ပါသည်။
၂၆။ “ မျှော်လင့်ချက် ” ဆိုသည်မှာ တစ်ယောက်တည်းရှိသော အခါမျိုးတွင် အလွန်အထီးကျန်သော
အရာပါလားဟု တွေးမိသည်။
၂၇။ ဇွတ်ဖန်တီးသောဘ၀သည် ရေရှည်မတည်မြဲနိုင်ပေ။
စနစ်တကျ ဖန်တီးတည်ထောင်သော ဘ၀သာလျှင် ခိုင်မြဲတည်တံ့နိုင်ပါသည်။
အထူးသဖြင့်……..အချစ်ကိုဇွတ်မဖန်တီးပါနှင့်.
အဘယ့်ကြောင့်ဆိုသော်……အသည်းနှလုံးရင်းရသောကြောင့် ဖြစ်ပါသည်။
၂၈။ တိမ်တိုက်မိုးသားများတွင် ငွေရောင်အနားကွပ်တစ်ခု ရှိသကဲ့သို့ပင်
ကံဆိုးမိုးမှောင်ကျနေစဉ်မှာပင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို တွေ့ရနိုင်ပါတယ်။
၂၉။ သင်ကအ၀ါရောင်ကိုကြိုက်၍ အပြာရောင်ကို မကြိုက်ပေ……..
သင့်ချစ်သူကတော့ အပြာကိုကြိုက်၍ အ၀ါရောင် ကိုမနှစ်သက်ပေ……
သို့သော်….ဘ၀တစ်ခုကိုထူထောင်ကြသောအခါ……….
မိမိတို့ကြိုက်နှစ်သက်သော အရောင်များ၏ စွဲလမ်းမှုကိုဖယ်၍
နှစ်ယောက်ပေါင်း၍ရလာသော အစိမ်းရောင်ကိုလည်း လက်ခံနိုင်ရပေမည်။
၃၀။ လက်ထပ်ခြင်းသည် ဘ၀အတွက်အရေးကြီးသော ကိစ္စဖြစ်သောကြောင့်
မစဉ်းစားဘဲဆုံးဖြတ်လျှင် အမှားတွေ့နိုင်သလို သိပ်စဉ်းစားလွန်းပြန်လည်း
ဆုံးရှုံးမှုများ ” နဲ့ တွေ့ရတတ်ပါတယ်………..။

ဖတ်ထားဖူးတဲ့ စာအုပ်တွေထဲက မှတ်သားထားတဲ့ စာကြောင်းလေးတွေကို ပြန်ပြီး Share လိုက်ပါတယ်။