ရှီဟွန်ဒီ (SHIHUANDI)
(ဘီစီ ၂၅၉-၂၁၀)

ရှီဟွန်ဒီ (ရှီဟွန်တီ SHIHUANTI ဟုလည်း ရေးကြ သည်) ထင်ရှားသော ကျင်(Qin) မင်းဆက်မှ ဧကရာဇ် (ဘီစီ ၂၂၁ မှ ၂၁၀ အထိ နန်းစံခဲ့) ဖြစ်ကာ သူ့ကို Ying Zheng သို့မဟုတ် Zhoo Zheng ဟုလည်း ခေါ်ဝေါ် ကြသည်။ သူသည် အင်အားကြီးမားလှသည့် တရုတ်နိုင်ငံတော်ကြီးကို ပထမဆုံး စုစည်းထူထောင်နိုင်ခဲ့သူ ဖြစ်၏။
တရုတ်ပြည် အနောက်မြောက်ပိုင်းမှ Qin မင်းဆက်ဘုရင် ကျန်းဇီ ယန် (ZhungXiang)၏သား ဖြစ်သည်။ မိခင်မှာ ချမ်းသာသောကုန်သည် မျိုးရိုးမှ ဆင်းသက်လာသည့် မိဖုရားကြီး Lu Buwei ဖြစ်၏။ တကယ့်သား ရင်း အစစ်ဖြစ်သည်ဆိုတာကတော့ ဖြစ်တန်ရာပုံပြင်ဟု ယူဆသူတို့က ယူဆကြသည်။ သူသည် ၁၃ နှစ်သား ဘီစ ၂၄၆ ကပင် ထီးနန်းဆက်ခံခဲ့ရ ၏။ ငယ်လွန်းသဖြင့် ရင်ခွင်ပိုက်အဖွဲ့က အုပ်ချုပ်သည်။ သို့သော် အရွယ် ရောက်သည်နှင့် ၂၃၈ တွင် နန်းသိမ်းဘွဲ့ခံခဲ့သည်။ အစိပ်စိပ်အမွှာမွှာဖြစ် နေသော ပြည်နယ်များကို သူခန့်ထားသည့် စစ်သူကြီးများနှင့် တိုက်ခိုက် သိမ်းပိုက်စေကာ နယ်မြေချဲ့ထွင်မှုပြုသည်။ Totalitarian အြွကင်းမဲ့အာဏာ ရှင်စနစ် ထူထောင်ရန် အုတ်မြစ်ချခြင်းဖြစ်သည်။ သူ့ကိုယ်သူ ရှီဟွန်ဒီဟု ဘွဲ့အမည်ပေးသည်။ အဓိပ္ပာယ်မှာ First Sovereign Emperor ပထမနိုင်ငံ ဦးသျှော်ဧကရာစ်ဟု အဓိပ္ပာယ်ရသည်။ သူသည် သူ့နယ်မြေကို ဒိစတြိတ် ၃၆ ခုခွဲခြားကာ ဘုရင်ခံတစ်ယောက်၊ စစ်ဘက်တာဝန်ခံတစ်ယောက် ပူးတွဲ အုပ်ချုပ်စေသည့်စနစ်ကို ကျင့်သုံး၏။ အမှုထမ်း မင်းဆွေမင်းမျိုးများကိုရုံးစိုက်ရာနေပြည်တော် Xianyang ဇီယန်ယန်တွင် စုဝေးနေထိုင်စေသည်။ တချိန်တည်းမှာပင် နိုင်ငံတော်အတွင်း ကျင့်သုံးနေသည့် အလေးတင်း တောင်း အချင်အတွယ်တို့ကို လှည်းဝင်ရိုးကအစ တစ်ပြေးတည်းညီ ဖြစ် အောင် (Universal Standardization) ဆောင်ရွက်တော်မူသည်။ ဘာသာစာ အရေးအသားနှင့် ဥပဒေကိုလည်း တညီတညွတ်တည်းဖြစ်စေ၏။ ကြီးမား သော လမ်းများ၊ တူးမြောင်းများ နိုင်ငံအနှံ့ ကွန်ယက်သဖွယ်ဖောက်စေ သည်။ ပုန်ကန်ထြွကသည့် အရပ်များကို စစ်တပ်က အလွယ်တကူသွား ရောက် နှိမ်နင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်၏။ အပြစ်တင်စရာ သူ့လုပ်ရပ် တစ်ခုကား နိုင်ငံအတွင်းရှိ စာအုပ်စာတမ်းများ (စိုက်ပျိုးရေးနှင့်ဥပဒေက လွဲ၍) အားလုံးကို မီးရှို့ပစ်ရန် အမိန့်ထုတ်ခြင်းဖြစ်၏။ ကွန်ဖြူးရှပ်အပါ အ၀င် ဒသနကျမ်းများစွာ မီးရှို့ရာတွင် ပါဝင်သွားသည်။
သူ့လက်ထက်တွင် စစ်ပွဲများ များခြင်း၊ တံတိုင်းကြီးဆောက်ရာတွင် ပါဝင်ခြင်းကြောင့် လူတို့ ပင်ပန်းဒုက္ခရောက်ကြ၏။ စစ်အသုံးစရိတ်၊ တံတိုင်းစရိတ်တို့ကြောင့် အခွန်အကောက်တိုးပေးကြရသဖြင့် လူထုမကျေ မနပ်ဖြစ်သည်။ သုံးကြိမ်တိုင်တိုင် သူ့ကိုလုပ်ကြံဖို့ ကြိုးစားကြရာ အောင်မြင် လုနီး အခြေအနေရောက်ခဲ့ကြသည်။ ဘီစီ ၂၁၀ တွင် ရှီဟွန်ဒီဘုရင်သည် သဘာဝအတိုင်းပင် ကွယ်လွန်လေသည်။ သူ၏အင်မတန်ကြီးမားသော သင်္ချိုင်းဂူသည် ယခုအခါ Xian မြို့အနီးတွင် ရှိသည်။ သူနှင့်အတူ ထိုသင်္ချိုင်းဂူထဲတွင် သက်ရှိလူ၏ခန္ဓာကိုယ်အရွယ်အစားအတိုင်း ရှိသည့် စဥ့်ရုပ်စစ်သား ၆၀၀၀ ကျော်နှင့် မြင်းရုပ်များပါ တူးဖော်တွေ့ရှိခဲ့ကြသည်။
သူကွယ်လွန်ပြီး (၄)နှစ်အကြာမှာပင် သူ့၏သားလက်ထက်၌ Qin မင်းဆက်ပြတ်၍ သွားလေသည်။ သူ့ကို ရှေးဟောင်းအစဉ်အလာ သမိုင်း ဆရာတွေက ရိုင်းစိုင်းကြမ်းကြုတ်သူ၊ လူမဆန်သူ၊ အယူအစွဲကြီးသူအဖြစ် အပြစ်တင်ကြသော်လည်း ခေတ်သစ်သမိုင်းဆရာများကမူ တရုတ်ပြည်ကြီး ကို တစည်းတရုံးတည်းဖြစ်အောင် ဆွမ်းဆောင်နိုင်သူ၊ ပြုပြင်ရေးမင်း တစ်ပါးအဖြစ် အကောင်းမြင်ကြလေသည်။
ဂျူးလီယပ်စ်ဆီဇာ (JULIUS CAESAR)
မွေး-ဇူလိုင် ၁၂/၁၃ - ဘီစီ ၁၀၀
ကွယ်လွန်-မတ် ၁၅ - ဘီစီ ၄၄

ရောမစစ်တပ်၏ဗိုလ်ချုပ်၊ နိုင်ငံတော်အာဏာရှင် ဖြစ်သည်။ သူ့ကို ဘီစီ ၁၀၀ တွင် မွေးဖွားခဲ့ သည်ဟု အကြမ်းဖျင်းယူဆကြ သည်။ ဘီစီ ၇၈ တွင် ရိုးဒက်စ် Rhodes သို့ သွားကာ နာမည် ကျော် ပါမောက္ခကြီး Molon ထံတွင် ဟောပြောမှုအတတ်ပညာ သင်ကြား ခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် နိုင်ငံရေးလောကထဲဝင်ခဲ့ရာ ထူးချွန် ပြောင်မြောက်သော သူ့အဟောအပြောပညာကြောင့် လွှတ်တော်တွင် ခဏဖြင့် ထင်ရှားလေသည်။ ၆၈ တွင် ပြည်နယ်ငယ်သုံးခုတွင် ဘုရင်ခံ အဖြစ် ရောမနိုင်ငံအပြင်ဘက်ထွက်ကာ အမှုထမ်းရ၏။ ၆၀ တွင် ရောမ ပြန်လာကာ ၅၉ တွင် ကောင်ဆယ်လာအဖြစ် ရွေးချယ်တင်မြောက်ခံရ သည်။ ရောမလက်ရှိ ဗိုလ်ချုပ် ပွန်ပေ၊ နိုင်ငံရေးခေါင်းဆောင် လူစီနီးယပ်စ် ကရက်ဆပ်စ်တို့ဖြင့် မဟာမိတ်ဖွဲ့သည်။
သူသည် ၅၈ မှ ၅၀ အတွင်း ရောမစစ်တပ်ကို ဦးဆောင်ကာ ဂေါ်လ် လူမျိုးများကို အနိုင်တိုက်ခိုက် ချေမှုန်းနိုင်သဖြင့် နိုင်ငံအတွင်း သူရဲ ကောင်းသဖွယ် လေးစားလာကြသည်။ သူသည် နိုင်ငံရေးစွမ်းရည်သာမက စစ်ရေးစွမ်းရည်ပါရှိသူ ဖြစ်ကြောင်း ထုတ်ဖော်ပြနိုင်ခဲ့၏။ (ဗြိတိန်ကိုမူ သွား ရောက်တိုက်ခိုက်သော်လည်း အောင်မြင်မှုမရခဲ့ပေ) သူ့ပြိုင်ဘက် လူစီနီယပ်စ်မှာ ၅၃ တွင် စစ်မြေပြင်၌ကျဆုံးသွား၏။
ပွန်ပီနှင့် ဆီးနိတ် လူကြီးများက ဆီဇာသြဇာအာဏာကြီးမားလာတာ စိုးရိမ်လာကြသည်။ ဟန့်တားရန် ကြိုးပမ်းရာမှ နောက်ဆုံး ဆီးနိတ်နှင့်စစ်ခင်းရတော့သည်။ ဆီဇာ Rubicon ရူဘီကွန်မြစ်ကိုဖြတ်ကျော်လာကာ သမ္မတတယ်နှင့် ရင်ဆိုင်သည်။ ပြည်တွင်းစစ်မှာ (၄)နှစ်ကြာမြင့်ခဲ့၏။ ၄၉ တွင် ပွန်ပီ၏တပ်တွေကို အီတလီမှ စပိတ်ရောက်အောင် မောင်းထုတ် လိုက်နိုင်သည်။ ဆီဇာက ပွန်ပီကို လိုက်လံတိုက်ခိုက်သည်။ ပွန်ပီသည် အီဂျစ်တွင် အီဂျစ်အရာရှိတစ်ဦး လုပ်ကြံခံရကာ ကွယ်လွန်လေသည်။ ဆီဇာသည် ပြိုင်ဘက်မရှိသည့် ခေါင်းဆောင်ဖြစ်လာကာ တစ်ဆောင်းတွင်း လုံး အလက်ဇန္ဒယားမြို့တွင် ကလီယိုပတ်ထရာဘုရင်မနှင့် အချိန်ဖြုန်း နေသည်။ ၄၇ တွင် ပုန်ကန်ထြွကမှုတွေကို ခုနိမ်ချင်ဟုပြန်သည်။ (I came, I saw, I conquened) ဟူသော နာမည်ကျော် စကားဦးကို ပြောခဲ့သည်။
ဆီဇာသည် ရောမသို့ ပြန်လာခဲ့ပြီး လအနည်းငယ်အကြာတွင် dictator အာဏာရှင်ဘွဲ့ ခံယူသည်။ သို့သော် တစ်နှစ်ခန့်အကြာမှာပင် ဒီမိုကရေစီလိုလားသော သမ္မတဂိုဏ်းသားတွေက လွှတ်တော်အဆောက် အဦးထဲတွင် လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။ ဘီစီ ၄၄ မတ်လ ၁၅ ရက်နေ့ဖြစ်သည်။ သူ့ကိုသတ်ဖြတ်သူတွေထဲတွင် သူက လူယုံဟုထင်သူ ဘရူးတပ်စ်နှင့် ဘစီးယပ်စ်တို့လည်း ပါဝင်၏။
ဆီဇာမကွယ်လွန်မီ နောက်ဆုံးပြောသွားသော စကားမှာ ``အော် ဘရူးတပ်စ်၊ မင်းလဲပါသကိုး´´ (you too, Brutus)ဆိုသောစကား ဖြစ်သည်။ ထိုစကားမှာ ဆီဇာ၏သီးသန့် မချိတင်ကဲဝေဒနာကို ဖော်ထုတ်ပြရာ ရောက်၏။ ထိုစကားထဲတွင် သူ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့သူအပေါ် ထားရှိသည့် သူ၏ ယုံကြည်အားထားခြင်း၊ ချစ်မြတ်နိုးခြင်းနှင့် ခွင့်လွှတ်ခြင်း တို့ ရောထွေးနေသည်ဟု ခံစားရလေသည်။ သူသည်ပြက္ခဒိန်ကို ပြုပြင် တီထွင်ခဲ့သည်။ ဂျာမန်ဘာသာ Kaiser, ဆလတ်ဗိုးနစ်ဘာသာဖြင့် tsar, အစ္စလ်မစ္စဘာသာဖြင့် Qaysar ဆိုသော စာလုံးများပေါင်းစပ်ကာ Caesar ဟု ခေါ်တွင်ခြင်း ဖြစ်လေသည်။
ကလီယိုပတ်ထရာ
(Caleopatra)
မွေး - ၇၀/၆၉ ဘီစီ
ကွယ်လွန် - သြဂုတ် ဘီစီ ၃၀၊
အလဇန္ဒယားမြို့

ကလီယိုပတ်ထရာ (သတ္တမ မြောက်)သည် အီဂျစ်ပတိုဂါမီ နန်းဆက်ဘုရင် ပတိုလမီ(၁၂)ဘွဲ့ခံ Aulets ၏ သမီးတော် ဖြစ်သည်။ သူ့ဖခင်သည် ဘီစီ ၅၁ တွင် ကွယ်လွန်ရာ သားဖြစ်သူ ပတိုလမီ (၁၃)နှင့် ကလီယိုပတ်ထရာတို့ ကျန်ခဲ့၏။ ထိုစဉ်အခါ၌ ကလီယိုပတ်ထရာ သည် (၁၈)နှစ်သမီးဖြစ်ကာ သူ့မောင်ထက် (၈)နှစ်ကြီးသည်။ မောင့် ကိုယ်စား နိုင်ငံကို အုပ်ချုပ်ရ၏။
ထိုအချိန်၌ ရောမအင်ပါယာ၌ ဂျူးလီယက်ဆီဇာ တန်ခိုးထွားနေချိန် ဖြစ်၏။ သူအာဏာတည်မြဲဖို့အတွက် ရောမ၏ထောက်ခံမှုရမှဖြစ်မည်ကို ကလီယိုပက်ထရာက သဘောပေါက်၏။ ထို့ကြောင့် သူ့အလှဖြင့် ရောမ စစ်ဘုရင်ဆီဇာကို သိမ်းသွင်းခဲ့သည်။ အလက်ဇန္ဒယားတွင် ကလီယိုပက် ထရာနှင့် ဆီဇာတို့ ဆောင်းခိုနေထိုင်ရင်း၊ နွေဦးပေါက်တွင် အီဂျစ်ကို ၀င်ရောက်တိုက်ခိုက်ရာ ပတိုလမီ(၁၃)သည် ထွက်ပြေးရင်း နိုင်းမြစ်တွင် နစ်မြှုပ်ကွယ်လွန်ခဲ့လေသည်။
ဘီစီ ၄၇ ဇွန်တွင် ကလီယိုပတ်ထရာသည် ဆီဇာနှင့်လက်ထပ်ကာ သားတစ်ယောက် ပတိုလမီဆီဇာကို မွေးသည်။ သူက ရောမတွင်နေခိုက် အီဂျစ်နန်းကို သူ့မောင်အငယ် ပတိုလမီ (၁၄)က ထိန်းသိမ်းထားရ၏။ ဘီစီ ၄၄ ဆီဇာလုပ်ကြံသတ်ဖြတ်ခံရသောအခါ ကလီယိုပတ်ထရာသည် ရောမမှ အီဂျစ်သို့ပြန်လာသည်။ သူမနှင့်တွဲဖက်အုပ်ချုပ်ရသော ပတိုလမ(၁၄)သေဆုံးသည်။ သူ့နေရာ ဆက်လက်တည်မြဲရန် ရောမဗိုလ်ချုပ် မတ် အန်တိုနီယိုနှင့် လက်ဆက်ပြန်သည်။ အမွှာကလေးနှစ်ယောက် (Alexander Helios နှင့် Clopatola selence) မွေးဖွားသည်။
ရောမတွင် သြဇာကြီးလာသော ဆီဇာ၏တူတော် အော်တေးဗီးယစ် နှင့် ရင်ဆိုင်ရန် မတ်အန်တိုနီယိုသည် ရောမမြို့ပြန်ရ၏။ အန်တိုနီယိုက အော်တေးဗီးယပ်၏ညီမ အော်တေးဗီးယား (Octavia) နှင့် လက်ထပ်ထား သူ ဖြစ်၏။ (အော်တေးဗီးယားမှာ အဖျားရောဂါနှင့် ကွယ်လွန်ခဲ့သည်။) တိုင်းတစ်ပါး နိုင်ငံခြားသူနှင့် လက်ထပ်ထားသည့် အန်တိုနီယိုကို ရောမ လူထုက မထောက်ခံ။ ဘီစီ ၃၂/၃၃တွင် ဂရိ၌ ဆောင်းခိုနေထိုင်၍ Actium စစ်မြေပြင်တွင် သူတို့နှစ်ယောက်၏တပ်များနှင့် အော်တေးဗီးယပ်စ်တပ် တွေ ရင်ဆိုင်တိုက်ခိုက်ကြ၏။ စက်တင်ဘာ ၂ ရက် ဘီစီ ၃၁ တွင် သူတို့ နှစ်ယောက်လုံး၏ တပ်တွေ ရှုံးနိမ့်သည်။ သူတို့နှစ်ယောက် အီဂျစ်သို့ ထွက် ပြေးရသည်။
အန်တိုနီယိုက နောက်ဆုံးစစ်ပွဲကို ဆင်နွှဲရန် ပြင်ဆင်နေ၏။ ထိုစဉ် ကလီယိုပတ်ထရာကွယ်လွန်ကြောင်း သတင်းဆိုးရောက်လာသဖြင့် ကိုယ့် ဓားဖြင့် ကိုယ့်ကိုယ်ကိုယ်ထိုးစိုက်ကာ အဆုံးစီရင်လိုက်သည်။ ပြီးမှ ကလီယို ပတ်ထရာ မသေတာ သိရသည်။ ကလီယိုပတ်ထရာလက်ပေါ်တွင် သူ ကွယ်လွန်သည်။ သူ့အလောင်းကို သင်္ဂြိုလ်ပြီးသောအခါ ကလီယိုပတ် ထရာလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်လေသည်။ ကလီယိုပတ် ထရာဘုရင်မသည် သူမအလှကြောင့် နိုင်ငံပေါင်းများစွာ၏ ရာဇ၀င်တွင် ယုံတမ်းပုံပြင်တစ်ပုဒ်ပမာ နာမည်ကြီးခဲ့လေသည်။




