7/17/2009

ဖြေဆည်ရာ

ဂစ်တာတစ်လက်

ရင်ဝယ်ပိုက်လို့

ခံစားရသမျှ

တေးသံဖွဲ့ဆို

သံစဉ် လှပမြူးကြွသည်လည်း

ရှိကောင်းရှိမည် ။

သံစဉ် နိမ့်မြင့် လေးလွန်းသည်လည်း

ရှိပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ်

လောကရဲ့ တရားခြင်း၊ မတရားခြင်း

ချစ်ရသူ၏ ချစ်ခြင်း၊ မုန်းခြင်း

သောကဟူသမျှ ကုစားဖို့

ကိုယ့်အတွက် ဖြေဆည်ရာက

ဂစ်တာတစ်လက်ပါပဲ။ ။ ။