10/31/2015

*** စစ်တပ်မရှိသော နိုင်ငံ ***

“ ကော်စတာရီကာ နိုင်ငံ ” ဟာ စစ်တပ်မရှိသော နိုင်ငံဖြစ်ပါတယ်တဲ့။
ယင်းနိုင်ငံဟာ ဗဟိုအမေရိကတွင် တည်ရှိပြီး၊ အိမ်နီးချင်းနိုင်ငံများကတော့ မြောက်ဘက်တွင် နီကာရာဂွါ၊ အရှေ့ တောင်ဘက်တွင် ပနားမား၊ အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ၊ အရှေ့ ဘက်တွင် ကာရစ်ဘီယန် ပင်လယ်၊ တောင်ဘက်တွင် အီကွေဒေါ နိုင်ငံတို့ ဖြစ်ကြပါတယ်။ နိုင်ငံ၏ စုစုပေါင်း ဧရိယာ အကျယ်အ၀န်းမှာ ၁၉၆၅၃ စတုရမ်းမိုင်ရှိပြီး၊ လက်ရှိ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်အထိ လူဦးရေ မှာ ၄ ဒသမ ၅ သန်း ၀န်းကျင်ရှိပါတယ်။ နိုင်ငံ၏ မြို့ တော်မှာ ဆန်းဂျို့ စ်ဖြစ်ပြီး နိုင်ငံတွင်း အကြီးဆုံးမြို့ လည်း ဖြစ်ပါတယ်။ 


ကော်စတာရီကာကို ၁၅၀၂ ခုနှစ်မှာ ကမ္ဘာ့လှည့်ခရီးသွား ကိုလံဘတ်စ် ဆိုသူက ရှာဖွေတွေ့ ရှိခဲ့စဉ် အင်ဒီးယန်းလူမျိုးများ နေထိုင်လျက်ရှိတာကို တွေ့ ရပြီး၊ ထိုလူမျိုးများဟာ ရွှေများကို အဆင်တန်ဆာအဖြစ် ၀တ်ဆင်ကြတာကြောင့် ချမ်းသာသော ကမ်းရိုးတမ်းဒေသ (Rich Coast) ဟု အမည်ပေးခဲ့ပါတယ်တဲ့။ 


ယနေ့ ကော်စတာရီကာ၏ တရားဝင် ရုံးသုံးဘာသာစကားမှာ စပိန်ဘာသာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွား အများစုလာရောက်သော နိုင်ငံဖြစ်တာကြောင့်လည်း အင်္ဂလိပ်စကားကို နိုင်ငံ၏ ဒုတိယ ဘာသာစကားအဖြစ် ပြောဆိုကြပါတယ်တဲ့။
၁၈၂၄ ခုနှစ်တွင် ကော်စတာရီကာ မြို့ တော် ပြောင်းရွှေ့ မှုကြောင့် ပြည်တွင်းစစ် စတင်ခဲ့ခြင်းကို ၁၉၄၈ ခုနှစ်တွင် သမ္မတ ဂျို့ စ်ဖစ်ဂါရက်ဖာရာ က အဆုံးသတ်ဖြေရှင်းနိုင်ခဲ့ပြီး နိုင်ငံရဲ့ စစ်တပ်ကို ဖျက်သိမ်းပစ်ခဲ့ပါတယ်တဲ့။


နိုင်ငံစစ်တပ် ဖျက်သိမ်းခြင်းကို ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂ တွင် ဖော်ပြထားခဲ့ပြီး ယခင်စစ်တပ်အတွက် သုံးစွဲရန် လျာထားသော အသုံးစရိတ်ကို နိုင်ငံလုံခြုံရေး၊ ပညာရေး နှင့် ယာဉ်ကျေးမှုတို့ အတွက် သုံးစွဲခဲ့ပါတယ်။ ဒါကြောင့် ကော်စတာရီကာ နိုင်ငံမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ရှိသော်လည်း စစ်တပ်မရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း။ ။
 

Credit to စိုးမိုး(IN’D)
ရန်ကုန်တိုင်းမ် (The Yangon Times) အပတ်စဉ်ထုတ်ဂျာနယ် အတွဲ(၁၁)၊ အမှတ်(၂၈)၊ ၂၃-၂၉ ဇူလိုင်၂၀၁၅။