8/26/2015

Magic Comb လေးရဲ့ ထူးခြားချက်ေ

Magic Comb လေးရဲ့ ထူးခြားချက်လေးတွေကို အောက်ပါအတိုင်းဖော်ပြပေးလိုက်တယ်နော်။
၁။ သာမန်တွေ့နေကျ ဘီးတလက်လိုပဲ အသုံးပြုပုံက ရိုးရှင်းလွယ်ကူတဲ့အပြင် ဆိုးကျိုး (Side Effect) လုံးဝမရှိပါဘူး။ ဘယ်လောက်ပဲရှုပ်ထွေးနေတဲ့ ဆံသားဖြစ်ပါစေ Magic Comb လေးနဲ့ ဖီးလိုက်ရုံနဲ့ သဘာဝကျကျဖြောင့်စင်းသွားမှာပါ။


၂။ Magic Comb ထိပ်ဖူးလေးတွေမှာ အပူကာကွယ်ပေးတဲ့ ပုတီးလုံးလေးတွေပါတာမို့ ယခင်ဖြောင့်စက်တွေလို ဆံသားခြောက်သွေ့ခြင်း ဦးရေပြားပူလောင်ခြင်းစတာတွေ မဖြစ်တော့တဲ့အပြင် ပုတီးလုံးလေးတွေ အပူနဲ့ထိတွေ့တဲ့အခါ လေနဲ့ပေါင်းစပ်ပြီး Anion ဆိုတဲ့ ဦးရေပြားကို Moisture အစိုဓာတ်ဖြည့်တင်းပေးတဲ့ ဓာတ်တစ်မျိုးထုတ်ပေးတာကြောင့် ဦးရေပြားကို အားဖြည့်စေပြီး ဆံသားကိုပိုမိုသန်မာစေပါတယ်။

၃။ Magic Comb ကို 360 ဒီဂရီ လိုသလိုလှည့်ပြီး အသုံးပြုလို့ရတာမို့ လိုအပ်သလို အဆင်ပြေလွယ်ကူစွာ မိမိဆံသားကို ပုံသွင်းလို့ရတဲ့အပြင် Wire ကြိုးပတ်မှာ ပူစရာမလိုတော့ပါဘူး။

၎။ အပူချိန်အတိုင်းအတာကို ပြပေးတဲ့ LCD Screen Display ပါပါတယ်။ Magic Comb ကိုစက္ကန့် ၃၀ အပူပေးရုံနဲ့ ဆံသားကို ဖြောင့်စင်းအောင် လိုသလို ဖီးလို့ရတာမို့ အချိန်ကုန်သက်သာပါတယ်။

အသုံးပြုပုံ........
- မီးပလပ်ထိုးပြီး Power ခလုတ်ကိုနှိပ်ပါ။
စက္ကန့်၃၀လောက် အပူပေးပြီးတာနဲ့ မိမိဆံသားပေါ်ကို ပုံမှန်ဆံပင်ဖီးသလို ဖီးလိုက်ရုံပါပဲ။
(ဆံသားခြောက်သွေ့နေအောင်အရင်သုတ်ပြီးမှ အသုံးပြုပါက ပိုမိုထိရောက်မှုရှိပါတယ်။)
- ဆံသားထူတဲ့သူတွေအတွက် အပူချိန် 210-230 ကြား
- မထူမပါးဆံသားရှိတဲ့သူတွေအတွက် အပူချိန် 190-210 ကြား
- ဆံသားပါးတဲ့သူတွေအတွက် အပူချိန် 170-190 ကြား
မိမိဆံသားကိုလိုက်ပြီး မီးအပူချိန်ကို ညှိယူလို့ရပါတယ်။

( မှတ်ချက်------ ဆံသားအရမ်းထူတဲ့သူများ အလွှာလေးတွေ ခွဲပြီး ဖီးပါက ထိရောက်မှု ပိုမို မြန်ဆန်စေပါတယ်။)
အသုံးပြု ပြီးပါက ပလပ်ဖြုတ်ပြီး အပူချိန်လျော့သွားသည်အထိ အအေးခံပြီးမှ ဘူးတွင် ထည့်သိမ်းပါ။

Credit to - မူရင်းရေးသားသူ