8/26/2015

ဆီးချိုရောဂါအတွက် ရုံးပတီသီး

ရုံပတီးသီး အစွမ်း အံ့မခန်း
ရုံးပတီသီးဟာ ကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရရှိတယ်လို့ သိရပါတယ်။ ရုံးပတီသီး စားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့-
- အရိုးကိုသန်မာစေပါတယ်။
- နှလုံးကိုကာကွယ်ပေးပါတယ်။
- အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာလျော်ကင်း စေပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

ဆီးချိုရောဂါအတွက် ရုံးပတီသီး


ဆီးချိုရောဂါကို လုံးဝအမြှစ်ပြတ် ကုလို့မရနိုင်ဘူးဆိုပေမယ့် သက်သာအောင်တော့ ကုသပေးနိုင်ပါတယ်။ အနေအထိုင်၊ အစားအသောက်တို့ကို ဆင်ခြင်ပြီး ဆေးနည်းမျိုးစုံတို့ဖြင့် ကုသလို့ ရပါတယ်။
ဆေးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှမ်းဝေးပြီး အခက်အခဲ ကြုံနေသူများအနေဖြင့် အောက်ပါ သဘာဝဆေးနည်းလေးကို ကုသနိုင်ကြပါတယ်။
ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်ပြီး ကောင်းမွန်သည့် ဘဘာဝကုထုံးမို့ အများသိအောင် မျှဝေပေးလိုက်ပါသည်။

၁။ ရုံးပတီသီးကို အရင်းပိုင်းနှင့် ထိပ်သီးအပိုင်းတို့ကို ဖြတ်လိုက်ပါ။ ၄ ထောင့် ၅ ထောင့်ခန့်ဆိုလျှင် လုံလောက်ပါပြီ။

၂။ ၄င်းရုံပတီသီးထောင့်များကို ဖန်ခွက်ထဲ ထည့်ပြီး ရေကျက်အေး သို့မဟုတ် ရေသန့် ထည်ြ့ပီး စိမ်ထားလိုက်ပါ။ ညပိုင်းမှာ စိမ်ထားပြီး မနက်မိုးလင်း ရေသောက်သည့်အချိန်မှာ အဖတ်များကို ဖယ်လိုက်ပြီး ၄င်းရေကို သောက်ပေးနိုင်ပါသည်။

၃။ တစ်ပတ်ကို ၂ ရက်ခန့် သောက်ပေးပါ။ တစ်လလောက်ဆိုလျှင် ဆီးချို သွေးချိုရောဂါကို သက်သာစေနိုင်ပါသည်။

(သတိပြုရန်) ။ ။ အလွန်အကျွံမသောက်သင့်ပါ။ သကြားဓါတ်၊ အချိုဓါတ်များ ဆုံးရှုံးမှု အလွန်များပြားလွန်းသွားလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။
ဆီးချိုရောဂါကို ခံစားနေရသော ဝေဒနာရှင် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ Diabetes cure using okra | Natural cures.
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
နွေည(လေပြေလေညှင်းလေး)