4/14/2015

Hillary Clinton နဲ့ အင်တာဗျူးတစ်ခု

 ဟီလာရီကလင်တန်ဟာ ဧပရယ်လ် ၁၂ရက်နေ့က ၂ဝ၁၆နှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
အမေရိကန်ရဲ့ ပထမဦးဆုံးသော အမျိုးသမီးသမ္မတဖြစ်ဖို့ သူမျှော်လင့်ပါတယ်။ သူဟာ ဇနီးသည်၊ အမေ၊ အဘွား၊ သမ္မတကတော်၊ လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး.. တစ်ဦးဖြစ်ပါတယ်။
You are what you read ဆိုတဲ့အတိုင်း ဟီလာရီဖတ်ခဲ့တဲ့စာအုပ်တွေက အမျိုးအစားစုံလှတယ်။ ဒါဟာလည်း ကျောင်းသူဘဝမှာတည်းက စာဖတ်ကျင့်ကိုမွေးမြူလာခဲ့တာနဲ့လည်း ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်။ သူဟာ စာဖတ်တာကို ရိုးရိုးတန်းတန်း ဖတ်ပြီးရင်ပြီးရောဆိုတဲ့စိတ်နဲ့ ဖတ်ခဲ့တာမဟုတ်ဘဲ စာဖတ်ပြီးနောက် စာအုပ်ထဲက ဒဿနအတွေးအမြင်တွေကို ပြန်လည်ဆန်းစစ်၊ ဆွေးနွေးတာမျိုး ပြုလုပ်ခဲ့တယ်။

နယူးသတင်းစာရဲ့အင်တာဗျူးတစ်ခုက သူပြောခဲ့ဖူးတာက သူဟာ အလုပ်ကိစ္စ တာဝန်တွေနဲ့ နေ့မအားညမအားအလုပ်များခဲ့ပေမယ့် အချိန်ရတာနဲ့ စာဖတ်တယ်လို့ဆိုပါတယ်။ ဥပမာ-- တီဗွီကြည့်မယ့်အချိန်ကို စာဖတ်တာမျိုး... သူဖတ်ခဲ့ဖူးတဲ့စာအုပ်တွေနဲ့ သူနှစ်သက်တဲ့စာရေးဆရာအချို့ကိုလည်း မျှဝေခဲ့ပါတယ်။

(၁) The Goldfinch By Donna Tartt
Pulitzer ဆုရထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ The Goldfinchဆိုတဲ့ပန်းချီကားတစ်ချပ်ကို အကြောင်းပြုပြီး လူငယ်တစ်ယောက် နယူးယောက် မန်ဟာတန်မှာနေပြီး ဘဝအတွက် ရုန်းကန်လှုပ်ရှားတဲ့အတွေ့အကြုံနဲ့ ဘဝအပေါ်အနုပညာရဲ့သက်ရောက်ပုံတွေ ရေးဖွဲ့ထားပါတယ်။

(၂) Mom & Me & Mom By Maya Angelou
အမေရိကန်အမျိုးသားဆုတံဆိပ်နဲ့ သမ္မတဆုတံဆိပ်ရထားတဲ့ စာရေးဆရာဟာ ဒီစာအုပ်မှာ အမေနဲ့ပတ်သက်ခဲ့တဲ့ ကလေးဘဝအတွေ့အကြုံတွေကို ရေးထားပါတယ်။

(၃) Missing You By Harlan Coben
လျှို့ဝှက်ဆန်းကြယ်စာရေးဆရာHarlan Cobenရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ နယူးယောက်ရဲမေတစ်ဦးဟာ
အောင်သွယ်ဝက်ဆိုက်ဒ်တစ်ခုကနေ ၁၈နှစ်ကြာမဆုံဖြစ်ခဲ့ရတဲ့ ချစ်သူကိုတွေ့ခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ်တဲ့ အစီအစဉ်တစ်ရပ်စတင်ခဲ့ပါတယ်။

(၄) The Hare With Amber Eyes By Edmund de Waal
အင်္ဂလန် Galaxy ဆုကိုရရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဂျပန်ပန်းပုရုပ်ထုနဲ့ ဂျူးလူမျိုးတစ်ဦးရဲ့ လေလွင့်ခြင်းအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။

(၅) The Signature of All Things By Elizabeth Gilbert
ရေညှိကမ္ဘာကိုရှာဖွေတွေ့ရှိပြီး သက်ရှိမျိုးစိတ်တို့ရဲ့ ဆင့်ကဲဖြစ်စဉ်လျှို့ဝှက်ချက်၊ သက်ရှိတို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုကို တစ်လှမ်းခြင်းဖော်ထုတ်ထားပါတယ်။

(၆) Citizens of London By Lynne Olson
သတင်းထောက်တစ်ဦးဖြစ်တဲ့ စာရေးသူဟာ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အမေရိကန်နိုင်ငံသား ၃ဦးရဲ့ သမိုင်းကြောင်း၊ နိုင်ငံရေးအကြောင်း ရေးဖွဲ့ထားပါတယ်။

(၇) A Suitable Boy By Vikram Seth
ကဗျာဆရာတစ်ဦးဖြစ်တဲ့ စာရေးသူက ဒီစာအုပ်မှာ အိန္ဒိယယဉ်ကျေးမှုနဲ့ အိန္ဒိယ ပါကစ်စတန်တို့ရဲ ဆက်နွှယ်မှုကို အနုစိတ်တဲ့စိတ်ခံစားချက်၊ စိတ်ပညာနဲ့ ရေးဖွဲ့ထားပါတယ်။ BBC အသံလွှင့်ဌာနရဲ့ အမြင့်မြတ်ဆုံးစာအုပ် အုပ် ၁ဝဝထဲက တစ်အုပ်အပါအဝင်ဖြစ်ပါတယ်။

(၈) Decision Points By George W. Bush
အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ ကိုယ်တိုင်ရေး အတွေ့အကြုံဖြစ်ပါတယ်။

(၉) Faith of My Fathers By John McCain
နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ စာရေးသူက အတ္ထုပ္ပတ္တိဆန်ဆန်အရေးနဲ့ သူရဲ့ငယ်ဘဝ၊ စစ်မှုထမ်းဘဝ၊ ဗီယက်နမ်စစ်ပွဲနဲ့ မိသားစုအကြောင်းရေးဖွဲ့ထားပါတယ်။


 ဟီလာရီအနှစ်သက်ဆုံး စာအုပ်

(၁ဝ) The Brothers Karamazov By Fyodor Dostoyevsky
ဟီလာရီအနှစ်သက်ဆုံး ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ဖတ်ခဲ့ဖူးတဲ့ ဒီစာအုပ်က သူ့ကို နက်နက်နဲနဲ မှတ်မိနေစေခဲ့ပါတယ်။

(၁၁) Carried Away By Alice Munro
၂ဝ၁၃ခုနှစ်မှာ စာပေနိုဘယ်လ်ဆုရခဲ့တဲ့ စာရေးသူရဲ့ စာအုပ်ဖြစ်ပါတယ်။ စာကြည့်တိုက်ဝန်ထမ်းတစ်ဦးနဲ့ စစ်သားတစ်ဦးတို့ရဲ့ အချစ်ပုံပြင်ဖြစ်ပါတယ်။

(၁၂) Runaway By Alice Munro
ဝတ္ထုတိုအမျိုးအစားဖြစ်ပါတယ်။


စီးပွားရေးနဲ့သက်ဆိုင်တဲ့ စာအုပ်

(၁၃) After the Music Stopped By Alan Blinder
အမေရိကန်ရဲ့စီးပွားရေးကပ်ဆိုက်မှုနဲ့ သင်ခန်းစာပေးစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို နယူးယောက်သတင်းစာက ၂ဝ၁၃မှာ အကောင်းဆုံးစာအုပ်၁ဝအုပ်ထဲက အပါအဝင်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


ဟီလာရီက သမီးကိုဖတ်ဖို့ အကြံပြုတဲ့စာအုပ်

(၁၄) Goodnight Moon By Margaret Brown
ကလေးငယ်ရဲ့ရှုထောင့်ကနေ ရေးဖွဲ့ထားတဲ့ ကဗျာဆန်ဆန်စာအုပ်ဖြစ်ပါတယ်။ လှပတဲ့ အိပ်ရာဝင်ပုံပြင်စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

(၁၅) The Runaway Bunny By Margaret Brown
ယုန်ကလေးတစ်ကောင်နဲ့ ယုန်မေမေတို့ရဲ့ စကားလုံးဖွဲ့တမ်း ပုံပြင်စာအုပ်ဖြစ်ပါတယ်။

(၁၆) Curious George By Margret Rey & H. A. Rey
စပ်စုလိုစိတ်များတဲ့ မျောက်ကလေးတစ်ကောင်အကြောင်းဖြစ်ပါတယ်။ အဲဒီမျောက်ရဲ့ ရိုးသားမှု၊ ထက်မြက်မှုကို တွေ့မြင်ရမှာဖြစ်ပြီး ပုံပြင်တိုင်းမှာ ပျော်ရွှင်ရယ်မောစရာနဲ့ အဆုံးသတ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။


ဟီလာရီက ကျောင်းသားတွေကို ဖတ်စေချင်တဲ့စာအုပ်
(၁၇) Pride and Prejudice By Jane Austen
(၁၈) Out of Africa By Isak Dinesen
(၁၉) Schindler’s List By Thomas Keneally

ဟီလာရီဖတ်တဲ့ ခရီးသွားစာအုပ်
(၂ဝ) The House at Sugar Beach By Helene Cooper
လစ်ဗျားမှာနေခဲ့တဲ့ စာရေးသူရဲ့ငယ်စဉ်ဘဝအကြောင်းဖြစ်ပါတယ်။
(၂၁) Finding George Orwell in Burma By Emma Larkin
ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာတာဝန်ကျခဲ့တဲ့ စစ်သားတစ်ဦးကို ရှာပုံတော်ဖွင့်တဲ့စာအုပ်ဖြစ်ပါတယ်။ ခရီးသွားဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

ဟီလာရီဘဝတစ်သက်ကို သက်ရောက်စေခဲ့တဲ့စာအုပ်
(၂၂) The Bible
ခရစ်ယာန်သမ္မာကျမ်း
"စာအုပ်ပါ သမ္မာကျမ်းတွေက ရှေးကျတယ်ဆိုပေမယ့် ကျွန်မငယ်ငယ်လေးကတည်းကဖတ်ခဲ့ပါတယ်။ တချို့စာတွေကို ရင်ထဲမှတ်မှတ်ထင်းထင်း မှတ်သားခဲ့ပြီး
ကျွန်မကို ဦးဆောင်လမ်းညွှန်စေခဲ့ပါတယ်။ ဒီစာအုပ်ဟာ ကျွန်မရဲ့ အသိဉာဏ်ပညာရင်းမြစ်၊ ကျွန်မကိုနှစ်သိမ့်ပေးနိုင်၊ အားပေးနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်" လို့ ဟီလာရီက ပြောခဲ့ပါတယ်။



နိုင်းနိုင်းစနေ (April. 13. 2015)