3/05/2015

အစ္စရေးဟာ လယ်ယာစိုက်ပျိုးရေးတွေနဲ့ ဖွံ့ဖြိုးခဲ့

အစ္စရေးလူမျိုးတွေဟာ Canaanလို့ခေါ်တဲ့ နယ်ပယ်ဧရိယာကျဉ်းထဲမှာ ကန့်သတ်ခံခဲ့ရတယ်။ ဘေးပတ်လည်မှာတော့ အင်အားကြီးရန်သူတွေ ဝန်းရံနေခဲ့ပါတယ်။ ဒါကို အစ္စရေးတွေက “အာရပ်တွေကို ငါတို့ကျေးဇူးတင်သင့်တယ်။ သူတို့က ငါတို့ကို ပင်လယ်ထဲနစ်မြှုပ်သေဆုံးစေချင်ခဲ့ကြတယ်။ ဒါဟာ ငါတို့ရဲ့ကြံရည်ဖန်ရည်နဲ့ တီထွင်ဖန်ဆင်းအားကို လှုံ့ဆော်ပေးခဲ့တာပဲ။”လို့ ဂုဏ်ယူပြောခဲ့ကြတယ်။

 အစ္စရေးဟာ ပြည်တွင်းရေးမှာ ပါလက်စတိုင်းနဲ့ ရှုပ်ထွေးနေပြီး ပြည်ပမှာ ရန်လိုတဲ့အာရပ်နိုင်ငံတွေ ရှိပါတယ်။
 ပြည်တွင်းပြည်ပ ငြိမ်းချမ်းတဲ့နိုင်ငံမဟုတ်ခဲ့တဲ့အပြင် သဘာဝဘေးအန္တရာယ်ဆိုးဝါးတဲ့နိုင်ငံလည်း ဖြစ်တယ်။

 နိုင်ငံဧရိယာတော်တော်များများက သဲကန္တာရဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာ မိုးကျချိန် ရက်၃ဝလောက်သာရှိပါတယ်။

 ရေရရှိဖို့ သူတို့ မဖြစ်မနေအကြံထုတ်ပြီး နည်းပညာအကူ ယူရပါတယ်။ 

အစ္စရေးတွေဟာ ရေစက်ချနည်းကိုအသုံးပြုပြီး ရေတစ်စက်တိုင်း သစ်မြစ်ထဲရောက်ရှိစေပါတယ်။

 ရာသီထွက်သီးနှံတွေကို ကိုယ်တိုင်လုံလုံလောက်လောက် စားသုံးနိုင်ရုံတင်မက နှစ်စဉ်နှစ်တိုင်း ပြည်ပဝင်ငွေ၂ဘီလီယံဒေါ်လာခန့် ရှာဖွေနိုင်ခဲ့ပါတယ်။

အစ္စရေးဟာ ပင်လယ်ရေကို ရေချိုဖြစ်အောင်ပြုလုပ်တဲ့ စက်ရုံ၅ရုံ တည်ဆောက်ခဲ့ပြီး သောက်သုံးရေ၈ဝ%က ပင်လယ်ရေကရတဲ့ ရေချိုဖြစ်ပါတယ်။
 လိုအပ်တဲ့ကျန်ရှိရေကို စွန့်ပစ်ရေကနေ ပြန်လည်သုံးစွဲတာဖြစ်တယ်။

အစ္စရေးဟာ ကမ္ဘာမှာ ပြန်လည်အသုံးပြုရေကိုသုံးစွဲတဲ့ ကမ္ဘာ့နံပါတ်တစ်နိုင်ငံဖြစ်တယ်။

 စွန့်ပစ်ရေ ၈ဝ%ခန့်ကို ပြန်လည်သုံးစွဲနိုင်ပါတယ်။

 ဒုတိယဖြစ်တဲ့ စပိန်က ၂၅%သာ သုံးစွဲနိုင်ပါသေးတယ်။

 နိုင်ငံတည်ထောင်ပြီးနောက်ပိုင်း အစ္စရေးလူဦးရေ ဆယ်ဆခန့် မြင့်တက်ခဲ့ပေမယ့် ရေပြတ်လပ်တာမျိုး၊ မလုံလောက်တာမျိုး မရှိခဲ့ပါဘူး။ တခြားလူတွေ ဘာမှမတတ်နိုင်တဲ့ သဲကန္တာရမှာ အစ္စရေးလူမျိုးတွေက ကောက်ပဲသီးနှံအပြည့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ဘုရားသခင်က အစ္စရေးကို သဲကန္တာရပေးခဲ့တယ်။

 အစ္စရေးဟာ လယ်ယာစိုက်ပျိုးရေးတွေနဲ့ ဖွံ့ဖြိုးခဲ့တယ်။

ဘုရားသခင်က စင်ကာပူကို နေရောင်ခြည်ပေးခဲ့တယ်။ စင်ကာပူဟာ ခရီးသွားလာရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးခဲ့တယ်။

ဘုရားသခင်က နယူတန်ကို ပန်းသီးတစ်လုံးပေးခဲ့တယ်။ နယူတန်ဟာ ကမ္ဘာမြေထုရဲ့ဆွဲငင်အားကို ရှာဖွေတွေ့ရှိခဲ့တယ်။

ဘုရားသခင်က ဒစ္စနီကို ကြွက်တစ်ကောင်ပေးခဲ့တယ်။ ကာတွန်းရဲ့ဦးခေါင်အဖြစ် ရပ်တည်နိုင်ခဲ့တယ်။

သင့်ကို ဘုရားသခင်ပေးတဲ့အရာတွေက အကောင်းဆုံး ကောင်းချီးမင်္ဂလာဖြစ်တယ်ဆိုတာကို ယုံကြည်ထားပါ။
 ရင်ထဲမှာကျေးဇူးသိပါ။ အကျိုးရှိရှိအသုံးပြုပါ။ ထွက်ပေါက်ရာလမ်းအဖြစ် တွေ့ရှိရုံတင်မက အနိုင်တွေကိုပါ သိမ်းပိုက်နိုင်ပါလိမ့်မယ်။
-----
မူရင်းလင့်-- http://www.85nian.net/xinling/16758.html
နိုင်းနိုင်းစနေ (Feb. 20 2015)
.