အိမ်ထောင်ပြုပြီးနောက်
မျိုးပွားခြင်း(သားသမီးယူခြင်း) ဟာ ဇနီးမောင်နှံတွေ အ တွက်
မထူးဆန်းတဲ့ဖြစ်စဉ်ပါ။ါပေမယ့် အိမ် ထောင်သက် တနှစ်ကျော်ကြာလာ တာေ တာင်
သားသမီးပွားစီးမလာနိုင်တာကြောင့် နားလည်ကျွမ်းကျင်သူ ဆရာဝ န်တွေနဲ့ ဆေး
စစ်ကြည့်တော့မှ ဥပမာ… အိမ်ထောင်သည် ၅-စုံမှာ ၁-စုံက ယော ကျာ်းဖြစ်သူရဲ့ 
ကျား သဘာဝ မစွမ်းဆောင်နိုင်(မြုံ)နေတာကို ကြုံတွေ့ ကြရပါတယ်။
အမျိုးသား မျိုးပွားအင်္ဂါအဖွဲ့ အစည်းကို testes(ခေါ်)သုက်
/ဟိုမုန်းတွေကိုထုတ်ပေး တဲ့ဥတစ်စုံ၊ ထို ဥတစ်စုံပေါ်က ducts(ခေါ်)ဖို
အင်္ဂါသုက်ပြွန်တစ်ခုနဲ့ အတူ အဲဒီ သု က်ပြွန်ရဲ့ အတွင်းပိုင်းတလျှောက်
ဂလင်းတွေနဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။ အရွယ်ရောက်ပြီးသူ
အမျိုးသားတစ်ဦးရဲ့ testes ဥအရွယ်ဟာ ခန္ဓာကိုယ်ကြီး ထွား မှုပေါ်မူတည်ပြီး
၁၅ မီလီလီတာ မှ ၃၅ မီလီလီတာ အထိ ရှိတတ်ပါတယ်။ မျိုးပွား
အင်္ဂါအရွယ်အစားလူစဉ်မှီနေပြီး၊ ဖို-မ ဆက်ဆံရာမှာလည်း တစ်စုံတစ် ရာ ပြဿနာ
မဖြစ်၊ သုက်သွေးလွှတ် နိုင်ပါလျှက်နဲ အမျိုးသားတွေမြုံရခြင်းအကြောင်းကတော့-
(၁) သုက်ရည်ထွက်ရှိမှုပမာဏနည်း(ခမ်း)ခြင်း (၂) သုက်ရည်ထွက်ရှိမှု မနည်းသော်ြ
ငား သုက်ေ ကာင်ရည် ပမာဏနဲ ပါးခြင်း (၃) သုက်ကောင်ရည်ပမာဏ မနည်းေ သ်ာငြား
အရေအသွေး ပြည့်ကျမ္မာတဲ့ သုက်ကောင်မဟုတ်ခြင်း (၄) သုက်ရ ည်ြ ပွန် ပိတ်ဆို
့နေခြင်း (၅) လိင်ဆက်ဆံစဉ် အနေအထား ပုံစံမှားယွင်းနေခြင်း (၆) ဖိုအင်္ဂါ
တွင်းရှိ ဂလင်းပြဿနာများ (၇) ခန္ဓာကိုယ်တွင်းအပူဓာတ်များလွန်းခြင်း (၈)
အမျိုးသား အ င်္ဂါပိုးဝင်ခြင်း (၉) မျိုးရိုး ဗီဇပြဿနာ (၁၀) မွေးရာပါ testes
ရောဂါ (၁၁) ကပ္ပါယ်အိ တ်ပုံသဏ္ဍာန်မမှန်(လိမ်ကွေးနေခြင်း) (၁၂)
ရောဂါတခုခုကြောင့် သောက်သုံးေ နရ တဲ့ ပိဋိဇီဝဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုး
(၁၃) ရောဂါတခုခုကြောင့် ဓာတ်ရောင်ခြည်ြ ဖင့် ကုသခံ ထားရသူ (၁၄) ဖို-မ
ဆက်ဆံသည့်အကြိမ်ရေ နဲလွန်းခြင်း (၁၅) ဆီြး ကိတ်ရောဂါရှိသူ(သို
့မဟုတ်)ဆီးကြိတ် ခွဲစိပ်ခံထားရသူ (၁၆) ကျောရိုးဝေ ဒနာရှိသူ (၁၇)
အာရုံကြောအားနည်းခြင်း (၁၈) အိပ်ချိန်မမှန်ခြင်း(နေ့ ဘက် အိပ်ပြီးည ဘ
က်အလုပ်လုပ်ရသူများ) (၁၉) စိတ်ဖိစီး မှုများခြင်း (၂၀) နေ့ စဉ်ညဆက် ဆိုသလို
ဖို-မ ဆက်ဆံမှု အကြိမ်ရေများလွန်းတာကြောင့် သုက်ရည်လိုက်မှုအားနဲလာခြင်း (၂၁)
မကြာခဏ သူ့ အလိုလို သုက်ယိုစိမ့်ခြင်း (၂၂) သုက်လွှတ်မြန်ခြ င်း (၂၃) သားေ
ကြာဖြတ်ပြီးပြန်ဆက်ထားသူများ …. စသည် တို့ ကြောင့် ဖြစ်ပါတယ်။
အထက်ပါ ပြဿနာအချို့ ကို သက်ဆိုင်ရာ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ပုံမှန်ေ
ဆးစား/ဆေးထိုး/ခွဲစိပ် /လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကျားသဘာဝစွမ်းဆော င်
လာနိုင်ပြီး၊ သားသမီးထွန်းကာလာနိုင်တာကြောင့် စိတ်ဓာတ် မကျ ပါနဲ့ ။ ဆရာဝန်
ရဲ့ ဆေး ကုသမှုကိုခံယူရင်း အောက်ပါရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး
(ဓာတ်စာ )ေ လးများဖြင့်ကြိုးစားကြည့်စေလိုပါတယ်။
(သုက်ကို ပွားစေသော ဓာတ်စာများ)
(၁) ကန်စွန်းရွက် (၂) ကြက်သွန်ဖြူ (၃) ခိုသား (၄)ငါးကျည်း(ငါးကျီး) (၅) နံ
့သာပု ဌက်ပျောသီး(မှည့်မှည့်) (၆) စာကလေး (၇) ပိန္နဲသီးအမှည့် (၈)
ပဲလင်းမြွေသီး(ေ ခါ်)ဗုံလုံသီး (၉) ပဒတ်သား (၁၀) ဗူးသီး (၁၁) ဖရဲသီး (၁၂)
ရစ်ဌက်သား (၁၃) ၀မ်း ဘဲသား (၁၄) သမင်သား (၁၅) ထောပတ်သီး (၁၆) ကြက်သွန်နီ
(၁၇) ကြာစေ့ (၁၈) ရုံးပတီသီး (၁၉) အုန်းသီး (၂၀) ထန်းမြစ်(ထန်း ပင်မြစ်)
(၂၁) လက်ပံပွင့်…စသည် တို့ ဖြစ်ပါတယ်။
(ပန်းသေး၊ ပန်းညှိုးခြင်းအတွက်ဆေးမြီးတိုများ)
(၁) ဒန့် သလွန်မြစ် နဲ့ ပရံန၀ါတို့ ကို အမှုန့် ပြု၍ အုန်းနို့ ၊
ပျားရည်တို့ ဖြင့်ရောချ က်ပြီး နံက်-ည တစ်ဇွန်းစီသောက်ပါ။ (ကာမ ခွန် အား
တိုးပွားစေပါတယ်)
(၂) သုက် အားနည်းသူများ ခွေးလှေးယားစေ့၊ ဆူးလေစေ့၊
သကြားတို့ ကို ဆတူရော အမှုန့် ဖြစ်အောင် ထောင်းပြီး နေ့ စဉ် ၆-ပဲ သားခန်
့စားပြီးနောက် နွားနိ့ ပူပူေ သာ က်ပါ
(၃) ခွေးလှေးယားသီးနု(အစိမ်း)ကို
အရိပ်ထဲမှာ ခြောက် အောင်လှန်ြး ပီး နွား နို့ ၂၅-ကျပ်သားနဲ့  ရောကျို၍ နေ
့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ (သုက်ရည် ယိုခြ င်းနဲ့  ကာမကြော
အားပြော့သူများ ကို ကောင်းကျိုးပြုပါတယ်)
(၄) ညဉ့် အိပ်မ က်၍
သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ် အားနည်းသူများ အ ဖို့ 
ခွေးလှေးယားစေ့ ၁-ကျပ် သား၊ မိကျောင်းကွမ်းဖတ် ၁-ကျပ်သား၊ သကြား၂-ကျပ် သား
ရောကာ အမှုန့် ပြု၍ နေ့ စဉ် ၆-ပဲသားခန့် ကို နွားနို့ ပူပူဖြင့် သောက်ပါ
(၅) ေ ခြးေ လှးယားပင်မြစ် ၂-ပဲသားခန့် ကို ဖြတ်ယူ၍ ရေစင်စင် ဆေးပြီး ဖို-မ
ဆက်ဆံေ နစဉ် ထို အပင်မြစ်ကို ပါးစပ်ထဲ ထဲ့ငုံထား ခြင်းဖြင့်
သုက်လွှတ်ခြင်းကို ကြာကြာ ထိန်း ထားနိုင်ပါတယ်
(၆) ဂျုံမှုန့် ကိုခွေးလှေး
ယားစေ့နဲ့  ရောချက်၍ အေးအောင် ထားပြီးနောက် ထောပတ်ရောသောက်ပါ။ ပြီးရင်
နွားနို့ ပူပူသောက် ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ် (၇) မြင်းခွာရွက်
၎-ကျပ်သား၊ ငရုပ်ကောင်း ၁-ကျပ် သား ကို အမှုန့် ပြု၍ပျားရည်ဖြင့် နံက်/ည ၆-လ
တိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍ လူပျိုအရွယ်ကဲ့သို
့စွမ်းဆောင်နိုင်ပါတယ် (သို့ မဟုတ်) မြင်းခွာရွက် ကိုအရည် ညှစ် ၍ ပျားရည်၊
သကြားတို့ နှင့် သောက်ပေးခြင်းက ခွန်အားတိုးပွားစေပြီး
အမောအပန်းခံနိုင်ပါတယ်
(၈) ပန်းသေ ပန်းညှိုးရောဂါရှိသူများ ငါးဖရုံကို
မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ် သုပ်စားပါ
(၉) ကျွဲခေါင်းသီးကို မှုန်
့ ညက်နေအောင်ပြုပြီး နွားနို့ ဖြင့်စိမ်သောက်ပေးခြင်းဖြင့်
သုက်ခမ်းရောဂါပျောက်ကင်းပြီး၊ သုက်ဓာတ်ပွားလာ စေပါတယ်
(၁၀) ငရန့် ပတူပင်
အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ ရောပြီး တကိုယ်လုံးလူးပေးခြင်းဖြင့်
အားကုန် ခမ်းခြင်းကို မဖြစ်စေတော့ပါဘူး
(၁၁) ကာမသတ္တိလျော့ နည်းသူများ
ကျည်းနီသီးအဆန်ကို ဗူးသီးအနှစ်ဖြင့် ရော ကြိတ်ပြီး လိင်တံမှာ
လိမ်းကျံပေးခြင်းဖြင့် ကြီးထွား တောင့်တင်းခိုင်မာ လာ စေပါတယ်
(၁၂)
ပန်းသေရောဂါအတွက် ကျည်းနီသီး အဆန်ကို ပေါက်ပန်းဖြူ သတ္တုရည်ဖြင့်
တွဲဖက်သောက်ပါ (၁၃) ခွေးတောက်ရွက်က သွေး ကို ပွား စေပြီး၊
ကာမကိုအားပေးတာကြောင့် ခွေးတောက်ရွက်ကို ဘဲဥန့ ကြော်စားပါ
(၁၄)
ဖန်ခါးသီးကို အမှုန့် ပြုလုပ်၍ ပျားရည်၊ ထောပတ်တို
့နှင့်ရောနှောသောက်သုံးပါက ခွန်အားဖြစ်စေပါတယ်
(၁၅) လိင်သန်မာကြီထွားစေဖို့ 
ထိကရုံးပင်မြစ်နဲ့  ဒဟတ်သစ်ကိုင်းမြစ်တို့ ကိုကြိတ်၍
ထောပတ်အနည်းရောလိမ်းပါ
(၁၆) ပရန္န၀ါကိုပါးပါးလှီး၍ ဒန့်သလွန်ပွင့်၊
အုန်းသီးရင့်ရင့် နှင့်ရောစပ်ကာ ပျားရည်ဖြင့်ကျိုချက်ပါ။ နံက်/ည
စားပွဲတင်ဇွန်း ၁-ဇွန်း စီ စားပေးခြင်းဖြင့် အားနည်းမောပန်း ခြင်းနဲ့ 
ပန်းသေပန်းညှိုးရောဂါတို့ ကို ပျောက်ကင်းစေပါတယ်
(၁၇) ကညွတ်စားပါ (သို
့မဟုတ်) ကညွတ်ဥကို နွားနို့ နှင့်အတူ နို့ ထမင်းကဲ့သို့ ပြုလုပ်စားပေးပါက
ကာမအားတိုး၍ သုက်ပွား စေပါတယ်
(၁၈) နတ်ဆေးဂမုန်း အခြောက်မှုန့်  ၂-ကျပ်သား၊
ပျားရည် ၅၀-ကျပ်သား၊ ထောပတ် ၂၅-ကျပ်သားတို့ ကို သမ အောင် ရောစပ်၍ နေပူပူမှာ
၇-ရက်လှမ်းပြီးနောက် ဖန်ပုလင်းထဲ သိမ်းထားပြီး၊ နံက်/ည စားပွဲတင်ဇွန်း
၁-ဇွန်းစီစားပေးပါ။ ထိုဆေးက ပန်းသေ ပန်းညှိုး၊ အင်အားကုန်ခမ်းမောပမ်း
လွယ်ခြင်းအတွက် အသုံးဝင်လှပါတယ်
(၁၉) ဖလံတောင် ဝှေးကို ငါးခူနဲ့ 
ချက်စားပါက၊ ကာမအားကိုဖြစ်စေပါတယ်
(၂၀) ဆိတ်ဖလူးပန်း
ပွင့်ကိုအခြောက်လှမ်းအမှုန့် ထောင်းပြီး သကြားနဲ
့ဆတူရောစပ်သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်အားနည်းခြင်းကို
ကုသနိုင်ပါတယယ်
(၂၁) ပင်စိမ်းရွက်ကို ဆိတ်သား၊ ငုံးသားတို့ နဲ့ ကြော်စားပါက
ပန်းညှိုးရောဂါပျောက်၍ ခွန်အားနဲ့ သုက်ကို ပွားစေပါတယ် (သို့ မဟုတ်)
ပင်စိမ်းပင်အစေ့များ၊ ထန်းလျက်၊ ပျားရည်တို့ ကိုဆတူရောစပ်ပြီး နံက်အိပ်
ယာထ၊ ညအိပ်ယာဝင် လ္ဘက်ရည်ဇွန်း ၁-ဇွန်းစီ မှန်မှန်စားပေးပါ
(၂၂) မဉ္ဇူပန်း (၎
နာရီပန်း) ကို နေပူလှန်း၍ ရလာသော အခြောက်ကို ရေနွေးကြမ်း သောက်သကဲ့သို့ 
ခတ်၍သောက်ခြင်းက ကာမအားကို တိုးပွားစေပါတယ်
(၂၃) ဗာဒံစေ့
၅-လုံး၊
ငရုတ်ကောင်း ၅-စေ့၊ ချင်းခြောက် ၂-ပဲသားတို့ ကို သကြားသင့်သလို ထည့်ကာ
သမအောင်ရောနယ်၍ ညက်ညက်ဝါးပြီမှ မျိုချပါ။ ပြီးရင် နွားနို့ ပူပူ တစ်ခွက်ကို
တငုံချင်းသောက်ပါ။ ဤအချိုးအဆအတိုင်း ညအိပ်ခါနီး
သောက်ပေး ခြင်းဖြင့်
သုက်ထွက်မြန်သူ၊ သုက်လွှတ်မြန်သူ၊ သုက်ဓာတ်ခိုင်မာမှု မရှိသူများကိုကောင်း
ကျိုးပြု ပါတယ်
(၂၄) ဇာတိပ္ဖိုလ်သီး ကို သုက်ထိန်းဆေးအဖြစ်
မြန်မာ့တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင် အသုံးပြုကြပါ တယ်
(၂၅)
ပန်းသေပန်းညှိုးခြင်း နဲ့ အကြောအားနည်းခြင်းတို့ အတွက် ခပေါင်းကြီး
ပင်(ခပေါင်း ခါး)ရွက်ကို အခြောက်ခံအမှုန့် ပြု၍ ပျားရည်ဖြင့်ရောစားပေးပါ
(သို့ မဟုတ်) ခပေါင်းကြီးစေ့ ၄-ပဲသားကို ငရုပ်ကောင်းစေ့ ၂-စေ့ ရောစပ်၍စားပါ
(၂၆) ဆီးအတွင်းမှ သုက်များယိုစီခြင်းအတွက် မြေဇာမြက်ကို အခြောက်ခံ မှုန
့်ပြု၍ ဒိန်ချဉ်ဖြင့်ရော သောက် ပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
(မှီငြမ်း American Daily Health Tips + မြန်မာ့ဆေးမြီးတိုများ)
10/02/2014
အမျိုးသားများမြုံရခြင်းအကြောင်း သိကောင်းစရာ
10/02/2014
Dim