(၁) အတွေးအခေါ် အယူအဆ ကောင်းမွန်သူ
(၂) သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ရှိသူ
(၃) ငွေကြး ဥစ္စာကို စီမံခံန့်ခွဲတတ်သူ
(၄) အိမ်ထောင်ရေးကို ထိမ်းသိမ်းနိုင်သူ
(၅) အသောက်အစား ကင်းသူ
(၆) အပျော်အပါး ကင်းသူ
(၇) စိတ်ကူးကောင်း အတွေးကောင်းတွေ ရှိသူ
(၈) တစ်ပါးသူအပေါ် မှီခိုတတ်တဲ့ စိတ်ကင်းသူ
တစ်ခါတစ်ရံ အမျိုးသမီးတွေဟာ စိတ်အား ငယ်တတ်ပေမယ့် အခက်အခဲ အတား အဆီးတွေနဲ့
ကြုံတွေ့လာတဲ့ အခါမှာတော့ ရဲဝံ့စွာ ရင်ဆိုင်နိုင် တတ်ကြပါတယ်။
တစ်ခါတစ်လေမှာ အလွယ်တကူ စိတ်ကောက်တတ်ကြ ပေမယ့်လည်း နားလည်
ခွင့်လွှတ်နိုင်ပြီး သနားကြင်နာ တတ်တဲ့ သူမျိုးတွေပါပဲ။ ချစ်ခင်တတ်တဲ့
စိတ်ရှိ သော်လည်း နာကျဉ်းတဲ့ အခါ တစ်ဘဝ လုံးစာ မေ့ပစ် တတ်ကြပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့်
ယောက်ျားကို ရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ
ဓာတ်ပုံထဲကအမျိုးသမီးက
ဒီမူရင်းစာကိုရေးသားခဲ့တဲ့ နာမည်ကြီး တရုတ်ရုပ်သံအစီအစဉ်တင်ဆက်သူ၊
နာမည်ကြီး သတင်းထောက်၊ Talk Show အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ Yang Lan
ပဲဖြစ်ပါတယ်။
မူရင်းရေးသားသူ -- Yang Lan
10/02/2014
ကောင်းမွန်သော အမျိုးသမီးဆိုတာ
10/02/2014
Dim