တစ်နေ့သော မနက်စောစောအချိန်တွင် မီးဖွားပြီးခါစ ခွေးမလေး
၁ကောင်နေထိုင်လျက်ရှိသော အိမ်တစ်လုံးမီးလောင်နေသည်။မီးသတ်သမားများကလည်း
မီးငြိမ်းရန် လူ့အသက်ကယ်ရန်သာ အလျင်လိုနေသောကြောင့်
တစ်ခြားသော အထွေထွေများကို ဂရုမမူမိဘဲရှိနေစဉ် မီးဖွားပြီးခါစ
ခွေးမလေးမှာတော့ တောက်လောင်နေတဲ့ မီးလျှံတွေပြည့်နှက်နေတဲ့ အိမ်ထဲသို့
ဝင်လိုက် ဘေးကင်းရာ အေးအေးလူလူရှိရာ မီးသတ်ကားပေါ်သို့ တက်သွားလိုက်နဲ့
အလုပ်တွေရှုပ်နေလေသည်။
ဘယ်သူပဲ တားတား မိမိ ရင်သွေးငယ်လေးများ အကောင်စေ့မကယ်နိုင်မခြင်း ပူပန်မှုတွေနဲ့အတူ အသက်အန္တရာယ်ရင်ဆိုင်နေရသော ခွေးမလေးကိုကြည့်ကာ မီးသတ်သမားများက အပူဒဏ်ခံနိုင်ရန် သူ့ခန္ဓာသို့ ရေများဖြန်းပေးခြင်းဖြင့် ကူညီပေးနိုင်သည်ကလွဲလို့ ဘာမှတော့ မတတ်နိုင်ခဲ့ပေ။
သို့သော် မေတ္တာတရား အထူးသဖြင့် မိဘတစ်ယောက် မိခင်တစ်ယောက်၏ မေတ္တာတရားနှင့်အတူ မိခင်တစ်ယောက်၏ရဲဝံ့စွာ စွန့်လွှတ်အနစ်နာခံမှုကြောင့် မီးလောင်ဒဏ်ရာ အနည်းငယ်သာရရှိထားသော ကုသ၍ပျေက်ကင်းသက်သာနေပြီဖြစ်သော ခွေးပေါက်ကလေးတစ်ကောင်အပါအဝင် ရင်သွေးငယ်အားလုံး ဘေးမသီရန်မခပဲ ခွေးမေမေ တစ်ယောက်ထဲ၏ သတ္တိစွမ်းပကားတစ်ခုထဲနဲ့ မိသားစုတစ်စု အသက်ရှင်ချမ်းသာရာ ရသွားခဲ့ပြီး မိမိသားသမီးအားလုံးကယ်ဆယ်ပြီးတာတောင် မမောနိုင် မပန်းနိုင် အမောအပန်းဖြေခြင်းမရှိဘဲ ကလေးငယ်လေးများကို ပြုစုစောင့်ရှောက် ယုယမှုတွေပြုလုပ်ပေးနေပြီး မီးအပူတွေကူးစက်လာမှာစိုးသဖြင့် သူ၏ချိနဲ့နေသော ခန္ဓာကိုယ်နှင့်ကာကွယ်ပေးနေသည့် မီးလောင်ဒဏ်ရာများနှင့် ခွေးမေမေကြီးအား ကြည့်ပြီး အနားမှ လူများမှာ မိဘမေတ္တာတရားကို ကူးစက်ခံစားရကာ မျက်ရည်မဆယ်နိုင်ဖြစ်သွားကြပါသည်။
ထို့နောက် အားလုံးရဲ့ အကူအညီနှင့် ခွေးမိသားစုလေးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပါတယ်။
အဖိုးထိုက်တန်လှတဲ့ မိခင်တစ်ဦးရဲ့ ရဲ့ဝံ့တက်ကြွ မြင့်မြတ်လှတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့ ခွေးမေမေရဲ့ နာမည်ကတော့ အမန်ဒါ ပါ။ အမန်ဒါ ကိုလည်း မိခင်များနေ့မှာ အမှတ်တရအနေဖြင့် ဝိုင်းဂုဏ်ပြုလိုက်ကြရအောင်...........
သူငယ်ချင်းတို့ရေ ခွေးမလေးတစ်ကောင်တောင် သူ့သားသမီးတစ်ကောင်စီတိုင်းကို
အသဲပေါက်မတတ် အသက်ပေးပြီးချစ်တယ်ဆိုရင် အသိဥာဏ်တွေ ခံစားမှုတွေ
နားလည်နိုင်မှုတွေပြည့်နှက်နေတဲ့ လူသားတစ်ဦးဖြစ်တဲ့ သူငယ်ချင်းတို့ရဲ့
မေမေဆိုရင် သူငယ်ချင်းတို့ကို ချစ်တဲ့အချစ်က
မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံးကျာ်လွန်ပေါက်ထွက်သွားမှာအသေချာပဲနော်။




