Ōkunoshima လို့ အမည်ရတဲ့ ကျွန်းဟာ ဂျပန်နိုင်ငံ
ပိုင် ကျွန်းတစ်ကျွန်း ဖြစ်ပြီး ၂.၅ မိုင်သာ ကျယ်ဝန်းပါတယ်။ ယင်းကျွန်းမှာ
ထူးခြားချက်က ယုန်ပေါင်း မြောက်များစွာ အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါတယ်။
ဟိုတယ်ရှိတယ်။ ဂေါက်ကွင်းရှိတယ်။ အပန်းဖြေစရာ နေရာ ရှိပြီး စက်ရုံဟောင်း များကိုလည်း လည်ပတ်နိုင်ပါတယ်။ ထူးခြားချက် ကတော့ နေရာတိုင်းမှာ ယုန်တို့ ပြေးလွှား သွားလာနေခြင်း ဖြစ်ပါတယ်။ ဖမ်းဆီး သတ်ဖြတ်ခြင်းကို အရေးယူ တားမြစ် ပါတယ်။ လူဦးရေထက်တောင် များပြားနေတဲ့ ယုန် အရေအတွက်က လူတို့နဲ့ ရင်းနှီးကျွမ်းဝင်လာပြီး လူတွေနောက်ကို အစားအစာ ရဖို့ အတွက် လိုက်တတ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် များကို နောက်ကို လိုက်လို့ အစာတောင်းတဲ့ ယုန်များဟာ ချစ်ျန်းစဖွယ် ဖြစ်ပြီး လည်ပတ်သူတို့ကို စွဲဆောင်နိုင်ခဲ့ ပါတယ်။ ဒါကြောင့်မို့ Ōkunoshima ကို ယုန်ကျွန်း အဖြစ် အမည်တွင် စေခဲ့ ပါတယ်။
.
Ref:wiki,Dailymail
အောင်ခမ်း (ရိုးရာလေး)
