သကြားပါဝင်မှုများသော အချိုရည်များ သောက်သုံးမှုကြောင့်ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း
၁၈၀,၀၀၀ သေဆုံးနေပြီး၎င်းတို့အနက်လူပေါင်း၄၅၀၀၀ခန့်မှာ နှလုံးရောဂါကြောင့်
သေဆုံးသူများ ဖြစ်သည်။ အချိုရည်များစွာသောက်ခြင်းကြောင့်ကိုယ်အလေးချိန်တိုးလာနိုင်ပြီးဆီးချိုရောဂါဖြစ်လာနိုင်ကာ
နှလုံးသွေးကြော
ပိတ်ဆို့မှုများဖြစ်ပေါ်နိုင်သည်။
နှလုံးအတွက် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများများ စားပေးရန်
လိုအပ်သည်။ အစိမ်းရောင် ဟင်းရွက်များဖြစ်သည့် ဆလတ်ရွတ်၊ ကိုက်လန်ရွက်၊
ဗီတွတ်ပင်၊ ဒေါက်ခွရွက်နှင့် အခြားဟင်းရွက်များတွင် နိုက်ထရိတ်ဓာတ်
ကြွယ်ဝစွာပါဝင်သည်။
အစာချေဖျက်မှုအတွင်းယင်းဒြပ်ပေါင်းမှာအရေးပါသောဓာတ်ငွေ့ဖြစ်သည့် နိုက်ထရိတ်အက်စစ်အဖြစ်
ပြောင်းလဲသွားပြီး ယင်းအက်စစ်က
သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းများ ဖြစ်ပေါ်ခြင်းတို့ကို ကာကွယ်ပေးသဖြင့်
လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။
နိုက်ထရိတ်ဓာတ်ကြွယ်ဝသော ဆလတ်ရွက်ကဲ့သို့ ဟင်းရွက်မျိုးကို စားပေးသူများ
သွေးတိုးကျကြောင်း သုတေသီများ လေ့လာတွေ့ရှိ ခဲ့သည်။ သင်နေ့စဉ်စားသော
အစားအသောက်များတွင် အစိမ်းရောင် အရွက်များများပါပါစေ။
အကယ်၍ အသားများစားမည်ဆိုပါက ပဋိဇီဝ၊ ဟိုမုန်း၊ ဆိုဒီယမ်၊ အရောင်ဆိုးဆေး နိုက်ထရိတ်နှင့် ပိုးသတ်ဆေး(သို့မဟုတ်) ရသာမှုန့် ပါဝင်သည့် အသားများမစားပါနှင့်။ အခြားသဘာဝ အစားအစာ စားသောတိရစ္ဆာန်၏ အသားများကိုသာ ရွေးဝယ်စားပါ။ အသားစားမည့်အစား အိုမီဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝစွာ ပါဝင်သည့် ငါးစားပေးခြင်းဖြင့် သွေးတိုးခြင်း၊ နှလုံးရောဂါနှင့် ကိုယ်ခန္ဓာရောင်ရမ်းမှုများကို ကာကွယ်ပေးနိုင်သည်။
လက်ဖက်ခြောက်အနက်၊ အစိမ်းနှင့် ရေနွေးကြမ်း သောက်ပေးခြင်းဖြင့် နှလုံးသွေးကြောရောဂါများကို အဘက်ဘက်မှကာကွယ်ပေးနိုင်ပြီး သွေးထဲသကြားပါဝင်မှုကိုထိန်းညှိပေးကာကိုယ်ခန္ဓာရောင်ရမ်းမှုကို
လျော့ပါးစေသည်။
Credit to >Internet