3/12/2012

လိမ္မာယဉ်ကျေး ဆုံးမစာ

၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။


၂။ ဆရာ မိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။


၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။


၎။ ကိုယ်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါ-ဟူ၍ မပြောနဲ့။


၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။


၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့။


၇။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။ ( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့၊ )။


၈။ ထမင်းစားရာ၊ တစာစာ၊ များစွာစကား မပြောနဲ့။


၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစာကွဲ့ ဖိတ်စေနဲ့။


၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။


၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။


၁၂။ နှုတ်ခမ်းပါးနား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။


၁၃။ လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။


၁၄။ ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန် မပြုနဲ့။


၁၅။ ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့် မကိုင်နဲ့။


၁၆။ အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်းနဲ့။


၁၇။ ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။


၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။


၁၉။ ဒူးထောင် ပေါင်ကား၊ ဆရာနား (မိဘနား)၊ အလျာမှောက်၍ မနေနဲ့။


၂၀။ အိပ်ရာ နေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။


၂၁။ သောက်ရေ သုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။


၂၂။ ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျှင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့။


၂၃။ မိန်းခလေးမှာ၊ အရာရာ၊ ပြာတီး ပြာတာ မရှပ်နဲ့။


၂၄။ မိန်းမ, မင်း, ဆင်၊ ရဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့ လေးဦးတဲ့။


၂၅။ မိန်းမဣနြေ္ဒ၊ သိရ်သရေ၊ စိတ်ကုဋေ တန်သကွဲ့ မှတ်လေတဲ့။


၂၆။ ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။


၂၇။ မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။


၂၈။ အများပိုင်ကို၊ ကိုယ့်ဟာလို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။


၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့ မခိုနဲ့။


၃၀။ ဧည့်သည် အာဂန္တု၊ ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။


၃၁။ လူရှုပ် လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။


၃၂။ ဘိန်အရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။


၃၃။ ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။


၃၄။ ဘုရားပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။


၃၅။ မိခင် ဖခင်၊ ဆရာရှင်၊ နေ့စဉ်မမေ့နဲ့ ရှိခိုးကွဲ့။


၃၆။ သူကပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ကွဲ့။