ဟိုး......ရှေ့ရှေ့တုန်းကလမ်းကလေးပေါ်မှာစာကလေးလင်မယားဟာအသိုက်ပြုပြီးနေကြသတဲ့...-တစ်နေ့မှာအဲဒီလမ်းအတိုင်းပဲဘုရားလောင်း
ဦးသောဆင်(၅၀၀)ကသွားတယ်ဒီတော့စာကလေးလင်မယားကအသိုက်ရှေ့ကနေရှေ့ဦးဆုံးဆင်ကိုပြောတယ်အသင်ဆင်မင်းကျွနုပ်လင်မယား
ဟာဒီလမ်းမှာနေပါတယ်သားလောင်းဖြစ်မဲ့အဥလဲရှိနေပါပြီဒါကြောင့်ဖြစ်နိုင်ရင်လမ်းလွှဲပြီးသွားစေချင်ပါတယ်လို့ပြောတော့ ဆင်မင်းကအသင်
စာလင်မယားငါနှင့်အတူ(၄၉၉)သောဆင်တွေကိုပြောလို့ရတယ်နောက်ဆုံးကဆင်ရိုင်းကိုတော့အသင်တို့သာပြောပေတော့ဆိုပြီး(၄၉၉)သော
ဆင်တွေကလမ်းလွှဲသွားကြတယ်တဲ့ နောက်ဆုံးဆင်ကျတော့စာလင်မယားကရှေ့နည်းအတိုင်းတောင်းပန်ကြတာပေါ့ ထိုအခါဆင်ရိုင်းက
ဘာပြောလဲဆိုတော့ ဒီမှာစာစုပ်အသင့်လိုငယ်တဲ့စာကိုငါကလမ်းလွှဲသွားမယ်တဲ့လားဆိုပြီးတော့စာသိုက်ကိုခြေနဲ့နင်းပြီးကျင်ငယ်စွမန့်ကာ
သွားတာပေါ့စာလင်မယားကအကောင်ငယ်တော့ဘာမှမတတ်နိုင်ဘူးလေဒါကြောင့်သူကလက်စားချေဖို့မိတ်ဆွေတွေဖွဲ့တော့တာပေါ့ပထမ
ဆုံးကျီးကန်း ယင်ကောင် ဖား တွေနဲ့မိတ်ဖွဲ့တာပေါ့ နောက်တော့ကျီးကန်းကဆင်မျက်လုံးကိုဖောက်တယ်ပြီးတော့ယင်ကောင်ကဥတွေ
ဥတယ်ဒီတော့ဆင်ကမျက်လုံးကန်းပြီးတော့ဘာမှမမြင်ရတော့ဘူးလေလောက်ကောင်တွေကလဲကျလို့ပေါ့အဲဒီအခါမှာဖားကတောင်ပေါ်က
နေအော်တယ် (ဖားအော်ရင်ရေရှိတယ်)ဆိုသလိုပေါ့ဆင်ကရေဆာတော့ဖားအော်ရာကိုသွားတယ်တောင်ပေါ်ရောက်တော့ဖားကတောင်
အောက်ကိုပြန်ဆင်းအော်တယ်အတက်တော့ဘာမှမဖြစ်ပေမဲ့အဆင်းကျတော့ဆင်ကကိုယ်ကြီးတဲ့အတွက်အောက်ကိုတစ်ခါတည်းဆင်းကျ
သွားတာပေါ့အောက်လဲရောက်ရောဆင်ကအသက်ထွက်သွာတယ်တဲ့ဒီတော့စာလင်မယားကဆင်ကျောကိုတက်ပြီးတော့(အကောင်ငယ်
စာကလေးကိုလဲအထင်မသေးနဲ့)ဆိုပြီးတော့ကခုန်ရှာတတဲ့
ဒီပုံပြင်လေးကိုဖတ်ပြီးပုံပြင်ရဲ့အဓိပါယ်ကိုလဲသိကြလိမ့်မယ်လို့ထင်ပါတယ်
စာဖတ်သူတို့ရွှင်လန်းချမ်းမြေ့ပါစေ............။
3/12/2012
စည်းလုံးမူ၏အောင်မြင်ခြင်းရလာ
3/12/2012
Dim