3/11/2012

မြန်မာ့သမိုင်းထဲက သိကောင်းစရာ အပိုင်းအစများ ....

အောင်ဆန်း-အက်တလီစာချုပ်ကို အကြီးအကျယ်ကန့်ကွက်ခဲ့သူ.....

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘိလပ်သွားပြီး

အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်.. ထိုသို့
ချုပ်ဆိုလာသည့်အပေါ် ဆိုရှယ်လစ်ပါတီက

ဝေဖန်ဆွေးနွေးရန် အစည်းအဝေးကို ၁၉၄၇-ခုနှစ်၊
ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ရွှေတိဂုံစေတီ

ဗဟန်းဘက် စောင်းတန်း မြေစာရင်းဓမ္မာရုံ ၌ အစည်းအဝေးကျင်းပလေသည်...

အောင်ဆန်းအက်တလီစာချုပ်ကို ဦးဆောင်ဆွေးနွေးသူများမှာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်

အတူ ဘိလပ်သို့ လိုက်ပါသွားသော သခင်မြ၊ ဦးကျော်ငြိမ်း နှင့်
ဗိုလ်စကြာ တို့ဖြစ်သည်။ အောင်ဆန်း

အက်တလီစာချုပ်ကို မြန်မာ ဘာသာဖြင့် ရေးထားသည်ကို ဆွေးနွေးကြရာတွင်
သံတမန်ဆန်သော

အသုံးအနှုန်းများဖြင့် ရေးသားထားသဖြင့် "တို့တတွေ ခံရဦးမှာလား" ဟူသော
အတွေးဝင်နေကြသည်။

ထိုအချိန်က အလံနီပါတီခေါင်းဆောင် သခင်စိုး နှင့်
ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်း

တို့က နယ်ချဲ့သမားကို မယုံနှင့် တော်လှန်ပုန်ကန်မှ လွတ်လပ်ရေး
အစစ်အမှန်ရမည် ဟု ကြွေးကြော်နေချိန်

ဖြစ်သည်။

ဆိုရှယ်လသ်ပါတီခေါင်းဆောင်ပိုင်းက
အောင်ဆန်းအက်တလီစာချုပ်သည် လုံးဝ လွတ်လပ်ရေး

ရရှိရန် ကြီးမားသော အောင်မြင်မှုဖြစ်သည် ဟူသော သဘောထားကို ဆိုရှယ်လစ်ပါတီ
ခေါင်းဆောင်ပိုင်းက

အချို့က လက်မခံနိုင်ဖြစ်နေသည်.. ဆိုရှယ်လစ်ပါတီ ဗဟို အလုပ်အမှုဆောင်
တစ်ဦးဖြစ်သူက အကြီးအကျယ်

ကန့်ကွက်ခဲ့သည်..ထိုသူမှာ ...ရန်ကုန်ဘဆွေဖြစ်သည် ။



(သခင်တင်မြ ၏ "ဘုံဘ၀မှာဖြင့် ဒုတိယပိုင်း အမှား နှင့်အမှန်"
၊ရန်ကုန်ပန်းရွှေပြည်စာအုပ်တိုက် မှ)

===========================================================



တက္ကသိုလ် နှင့် တို့ဗမာသီချင်း

တို့ဗမာသီချင်းကို အခမ်းအနား နှင့် တရားဝင်
စတင်သီဆိုသည့်အချိန်က ၁၉၃၀-ခု၊ ဇူလိုင်လ

(၂၀)ရက်နေ့ဖြစ်သည်။ နေရာက ရွှေတိဂုံ ကုန်းတော် ရာဟုထောင့်
ဇရပ်တွင်ဖြစ်သည်။ တက္ကသိုလ်တွင်

တီးလုံးတိုက်သည့် အနေဖြင့် ကြိုတင်သီဆိုခဲ့ခြင်းဖြစ်သည်။ တို့ဗမာ
သီချင်းကို အဓိက စာသားပေးသူမှာ

သခင်ဘသောင်းဖြစ်သည်။ သီချင်းအဖြစ်သီကုံးပြီး တေးသွားသွင်းသူမှာ
ဝိုင်အမ်ဘီအေ သခင်တင် ဖြစ်သည်။

ထို တို့ဗမာ သီချင်းသည် နိုင်ငံရေးဟောပြောပွဲ အခမ်းအနားများတွင်
မဏာမဦးစွာ သီဆိုလေ့ရှိသည်။

အင်္ဂလန်သို့ ပုံနှိပ်လုပ်ငန်း ပညာတော်သင်သွားမည့် မီးတုတ်
သခင်သိန်းမောင်ကြီးအား မိတ်ဆွေများက

နှုတ်ဆက်ပွဲပြုလုပ်သည့် ၁၉၃၀ပြည့်နှစ် ဇူလိုင်လဆန်းတွင်
တို့ဗမာသီချင်းကို ပထမဆုံးသီဆိုခဲ့သည်။

ထိုသူမှာ ဦးချစ်စိန်(ရွှေညာမောင်)ဖြစ်သည်။



(သိန်းဖေမြင့် ၏ "သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်" ရန်ကုန်
စာအုပ်ဈေးစာအုပ်တိုက် မှ)

==========================================================



အနောက်တိုင်းသားများ အုပ်စိုးစဉ်ကာလ က မြန်မာတို့၏
အထွတ်အမြတ်ထားရာ ဘုရား

ကျောင်းကန်များတွင် အင်္ဂလိပ်စစ်သားများ နှင့် နိုင်ငံခြားသားများသည်
ဘွတ်ဖိနပ်များစီးကာ သွားလာနေကြသည် ။

ထိုအချိန်က ရိုးရိုး နှင့် ပြတ်ပြတ်သားသား တော်လှန်မှုကလေးကို
စတင်ခဲ့သူတစ်ဦး ရှိခဲ့သည်။ ယင်းမှာ ဘုရား

ကျောင်းကန် များတွင် " မည်သူမျှ ဖိနပ် မစီးရ" ဟူသော စာတန်းကို
ချိတ်ဆွဲခဲ့သူ ဖြစ်သည် ။

ထိုသူမှာ လန်ဒန်တွင် ၀တ်လုံစာမေးပွဲ အောင်မြင်ခဲ့ပြီး
ပြည်ထဲရေးဝန်ကြီးဟောင်း ဦးခင်(ဆာမောင်ခင်) နှင့်

အတူ ပူးတွဲအလုပ်လုပ်ရင်း ပြည်မြို့ တွင် နေထိုင်သူဖြစ်သည်။

မြန်မာပြည်သို့ တိုင်းခန်းလှည့်လည်လာသော အိန္ဒိယ ဘုရင်ခံချုပ် သည် ပြည်
ရွှေဆံတော်ဘုရားကို ကြည့်ရှု

လိုရာ ဂေါပက လူကြီးများထံ ဖိနပ်စီးခွင့် ပြုရန် အကြောင်းကြားလာသည်ကိုပင်
ထိုသူက နှင့် ဂေါပက လူကြီး

များက လက်မခံသဖြင့် ဘုရင်ခံချုပ်လည်း ပြည်ရွှေဆံတော်ဘုရားသို့
မလာရောက်တော့ပေ.. ထိုနောက်ပိုင်း

ရန်ကုန်ရောက်လာသည့် အချိန်ထိ "ဖိနပ်ချွတ် ပြဿနာ"ကို
ဆက်လက်တိုက်ပွဲဝင်ခဲ့သည့်အတွက် နာမည်ကြီး

သထက် ကြီးလာသူမှာ ၀တ်လုံတောရ ဦးသိန်းမောင် မှ ဖိနပ်သိန်းမောင် အဖြစ်ပင်
နာမည်တွင်ခဲ့သည်။



(ဒေါက်တာမောင်မောင် ၏ "သက်ရှိရာဇ၀င် "ရန်ကုန် ယူနတီစာအုပ်တိုက် မှ)

================================================


ကိုတင့်