11/18/2017
Blessed Assurance ( ဓမ္မသီချင်းတို့၏ရာဇ၀င် )
11/18/2017
Dim
သီချင်းစာသား – Fanny J. Crosby
သံစဉ်စပ်ဆိုသူ – Phoebe P. Knapp
“ငါတို့သည် သစ္စာနှင့် ပြည့်စုံသောသဘောရှိ၍ ၀ိစိကိစ္ဆာ နှင့် ကင်းသော
ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂ တရားနှင့် လွတ်အောင်
ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊
အထံတော်သို့ ချဉ်းဝင်ကြကုန်အံ့” ( ဟေဗြဲ ၁၀း ၂၂)။သံစဉ်စပ်ဆိုသူ – Phoebe P. Knapp
(၁၉) ရာစုနောက်ပိုင်း မူးဒီ၊ စိန်ကီ၊ ဘလီးစ် နှင့် ဖန်နီ ဂျေ ခရော်စ်ဘီ တို့ ကို ဘုရားသခင်အသုံးပြုခြင်းအားဖြင့် ခရစ်ယာန် ဓမ္မသီချင်းတို့၏ ကဏ္ဍသည် ပို၍ အရေးပါလာသည်။ ခရော်စ်ဘီ ၏ ပါဝင်မှုသည် ခရစ်ယာန် ဓမ္မတေးနှင့် ဧ၀ံဂေလိလုပ်ငန်းတွင် လွန်စွာ ထိရောက်လှပါသည်။ စာရေးဆရာ တစ်ယောက်က အောက်ပါအတိုင်းရေးသားခဲ့ဘူးသည်။
ဧ၀ံဂေလိ ဓမ္မသီချင်း (Hymn) သည် ခရစ်ယာန်တေးသီချင်းကဏ္ဍကို အထောက်အကူအပြုဆုံးဖြစ်သည်။ ဧ၀ံဂေလိ ဓမ္မသီချင်း (Hymn) သည် မာကျောသော မျက်နှာပြင်များကို ထွန်ယက် တူးဖော်သည်။ ၄င်း၏ သိသာ ထင်ရှားခြင်းသည် ၄င်း၏ အစွမ်းဖြစ်သည်။ ၄င်းမှာ လူတို့၏ တေးဂီတဖြစ်သည် (ရောဘတ် အမ်စတီဗင်ဆန်)။
Fanny J. Crosby သည် သူမ၏ အသက်တာတစ်ခုလုံးတွင် ဧ၀ံဂေလိ သီချင်းပေါင်း (၈၀၀၀) ကျော်ခန့်ကို ရေးသားခဲ့သည် ဟု ခန့်မှန်းရသည်။ သူမ၏ ဓမ္မသီချင်း တို့ကို အခြားသော သီချင်းများထက် ယနေ့တိုင် ပို၍ သီဆိုကြသည်။ သူမ ကြိုက်နှစ်သက်သော သီချင်းများစွာတို့မှာ ကုန်လွန်ခဲ့သော ရာစုနှစ် တစ်လျှောက်အတွင်း ပြုလုပ်ခဲ့သည့် ဧ၀ံဂေလိ ဆိုင်ရာဝတ်ပြု စည်းဝေးပွဲများတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။
မျက်မမြင်တစ်ယောက် ဖြစ်သော Fanny J. Crosby သည် ၀ိညာဉ်ရေးရာ သမ္မာတရားကို အမှီပြုကာ Proliferation နှင့် ဤ မျှလောက် များစွာသော ဓမ္မတေးများကို စပ်ဆိုနိုင်ခဲ့သည်မှာ အမှန်တကယ် အံ့သြဖွယ်ရာ ဖြစ်သည်။ သူမ အသက်ရှင်စဉ် တေးသီချင်း ထုတ်ဝေသူ တစ်ယောက်နှင့် စာချုပ် ချုပ်ဆိုခဲ့စဉ်တွင် တစ်ပတ်လျှင် ဓမ္မသီချင်း သုံးပုဒ်ရေးသားနိုင်ခဲ့သည်။ သူမ၏ နဂိုမူလ သီချင်းစာသားတို့မှာ ယနေ့တိုင် ရှိနေပြီ မကြာခင် ပုံနှိပ်ထုတ်ဝေရန် ရှိသည်ဟုလည်းသိရှိရသည်။ သူမ စပ်ဆိုသော ဓမ္မသီချင်းအတော်များများသည် အကြောင်းအရာတစ်ခုခု ကြောင့် သီချင်းသစ် လိုချင်သူ ဧည့်သည် ဓမ္မအမှုတော်ဆောင် များ၏ အကြံပေးချက် များကြောင့် စပ်ဆိုဖြစ်သော ဓမ္မတေးများဖြစ်သည်။ အချို့သော အချိန်များတွင် တေးသွားဖက်တွင် ကျွမ်းကျင်သော မိတ်ဆွေများက သံစဉ်စပ်ဆိုပြီး Fanny J. Crosby အားစာသားထည့်ပေးရန် တောင်းဆို ကြသည်။ Blessed Assurance ဓမ္မတေးသည် ဤ ပုံစံဖြစ် မွေးဖွါးလာသော သီချင်းဖြစ်သည်။
ဤဓမ္မတေး၏ တေးသွားသံစဉ်ကို တေးဂီတ ဖက်တွင် ၀ါရင့်သူ တစ်ဦးဖြစ်သည့် Fanny J. Crosby ၏ မိတ်ဆွေ ဖီဘီနက်ပ် က စပ်ဆိုခဲ့သည်။ တစ်နေ့တွင် မျက်မမြင် ကဗျာဆရာမ Fanny J. Crosby အတွက် မစ္စ နက်ပ် က ဤ သံစဉ်ကို တီးခတ် ပြီး “ဒီသံစဉ်က ဘာကိုဖော်ပြသလည်း” ဟုမေးရာ Fanny J. Crosby က ချက်ချင်း “ယေရှုသည် ကျွန်ုပ်အတွက် စိတ်ချစရာ Blessed Assurance, Jesus is mine” ဟု ပြန်ဖြေသည် ဟုဆိုသည်။ နောက်ပိုင်း ထိုသံစဉ် အတိုင်း Fanny J. Crosby က စာသားကို ရှာဖွေပြီး ယနေ့တိုင် သီဆိုနေဆဲ ဓမ္မသီချင်းဖြစ်သည့် “Blessed Assurance” မွေးဖွားလာခဲ့သည်။
မစ္စနက်ပ် သည် ဧ၀ံဂေလိ ဓမ္မသီချင်း ပုဒ်ရေ ၅၀၀ ကျော်ကို ထုတ်ဝေခဲ့ပြီး ထိုအထဲတွင် လူကြိုက်များသော “ဗိမ္မာန်တော်တံခါးများ ဖွင့်ပါ” (The Gate Of The Temple) လည်းပါဝင်သည်။
Fanny J. Crosby သည် အသက် ၉၅ နှစ်အရွယ် ကွယ်လွန်ခဲ့သည်။ သူမ၏ တေးသီချင်းများအားဖြင့် ယေရှုခရစ်တော်ကို ယုံကြည်ပြီး ကယ်တင်ခြင်း ရရှိသူတို့ နှင့် ၀ိညာဉ်ရေးရာ၌ ကြွယ်ဝသော အသက်တာကို ရရှိသွားသူတို့သည် သူမစပ်ဆိုခဲ့သော တေးသီချင်းများကို ထာဝစဉ် အမှတ်ရနေမည်ဖြစ်သည်။
လာဇရု၏ အမဖြစ်သော မာရိသည် တန်ဖိုးကြီးသော ရေမွေးနှင့် သခင်ယေရှု၏ ခြေဖ၀ါးကို လောင်းချသည့် အချိန်တွင် သခင်ယေရှုမိန့်တော်မူခဲ့သော နှုတ်ထွက်စကားဖြစ်သည့် “သူမသည် တတ်နိုင်သည့် အရာကို ပြု၏ She hath done what she could” ဟူသော စာသားကို ကွန်နက်တီကပ်ပြည်နယ် Bridgeport ရှိ သူမ၏ ခန္ဓာလဲလျောင်းရာ ဂူသင်္ချိုင်းအပေါ်တွင် ရေးထု ထားသည်။
Fanny J. Crosby ရေးသော လူကြိုက်များသည့် ဓမ္မသီချင်း အချို့တို့တွင်-
- All the Way My Savior Leads Me
- My Savior Fist of All
- Rescue the Perishing, Save by Grace
11/05/2017
လီလီပန်းပင်အကြောင်း
11/05/2017
Dim
ဟိုးဝေးခေါင်တဲ့ တောင်တန်းကြားမှာ
နက်ရှိုင်းတဲ့တောင်စောင်းတစ်ခုရှိတယ်။ အဲဒီနေရာမှာ လီလီပန်းလေးတစ်ပင်
ပေါက်နေခဲ့တယ်။အဲဒီလီလီပန်းပင်လေး စပေါက်တုန်းက သူ့ပုံစံက ပေါင်းမြက်တွေအတိုင်းပါပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သူဟာ
လီလီပန်းတစ်ပင်ဆိုတာ သိနေခဲ့တယ်။
သူ့ရဲ့နှလုံးသားနက်နက်ထဲမှာ သန့်ရှင်းစင်ကြယ်တဲ့ အတွေးအိပ်မက်တစ်ခုရှိတယ်။ အဲဒီအတွေးက " ငါဟာ လီလီပန်းတစ်ပင်ဖြစ်တယ်။ ငါဟာ မြက်ရိုင်းတစ်ပင်မဟုတ်ဘူး။ ငါ လီလီဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တဲ့တစ်ခုတည်းသောအရာက လှပတဲ့လီလီပန်းတွေ ဖူးပွင့်ဖို့ပဲ"။
ဒီလို စိတ်ကူးအတွေးရှိပြီးတဲ့နောက် လီလီပင်လေးဟာ လုံလောက်တဲ့ ရေဓာတ်နဲ့ နေရောင်ခြည်ကို ကြိုးစားပြီးခံယူတော့တယ်။ အခြေခိုင်အောင် အမြစ်ကို နက်သထက်နက်နက် ကုပ်ယူပြီး ရင်ကိုစွင့်ထားလိုက်တယ်။
ဒီလိုနဲ့နွေဦးရာသီတစ်ခုမှာလီလီပင်ကနေအဖူးလေးတွေငုံလာခဲ့တယ်။သူ့စိတ်ထဲမှာအရမ်းပျော်မိတယ်။
သူ့နံဘေးကမြက်ရိုင်းတွေကသူ့နောက်ကွယ်မှာသူ့ကိုအချင်းချင်းလှောင်ရယ်ကြတယ်။
"သူက မြက်တစ်ပင်ဖြစ်ရက်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ပန်းတစ်ပင်လို့ဆိုတယ်။ အဲဒီအငုံကိုများ ပန်းဖူးလို့ထင်နေသေးတာ..တကယ်တော့အဲဒါကအဖူးမဟုတ်ဘူး....အဖုပေါက်နေတာ"သူ့ရှေ့မှာလည်း ကဲ့ရဲ့ဝေဖန်တယ်...
"နင် အိပ်မက်မက်မနေနဲ့တော့... နင် ပန်းပွင့်တတ်တယ်ဆိုရင်လည်း ဒီလိုဝေးခေါင်တဲ့နေရာမှာ နင်လည်း ငါတို့နဲ့အတူတူပဲ တန်ဖိုးမရှိဘူး"
ဘယ်လိုကဲ့ရဲ့လှောင်ပြောပေမယ့် လီလီပင်လေးက
"ငါ ပန်းပွင့်မယ်... ငါ့မှာ လှပတဲ့ပန်းရှိတယ်ဆိုတာကို ငါသိတယ်။
ငါ ပန်းပွင့်မယ်...ငါ့မှာ ပွင့်လန်းနိုင်တဲ့အရည်အချင်းရှိတယ်။
ငါ ပန်းပွင့်မယ်... ဒါဟာ ငါ့ရဲ့တည်ရှိနေမှုကို ပန်းနဲ့သက်သေပြတာဖြစ်တယ်။
ဘယ်သူ့မှ ငါ့ကို မကြည့်ချင်နေ၊ ငါ့ကို ဘယ်လိုမြင်မြင်
ငါ ပန်းပွင့်မယ်" လို့ သံဓိဌာန်ချလိုက်တယ်။
မြက်ရိုင်းတွေရဲ့ အထင်သေးမှုအောက်မှာ လီလီပင်လေးဟာ ကိုယ့်အစွမ်းအစနဲ့ တတ်နိုင်သလောက် ကြိုးစားရှင်သန်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဖူးငုံ့လေးတွေဟာ ဖြူဖွေးစွင့်ကားလာခဲ့တယ်။
လီလီပင်လေး ပန်းပွင့်ခဲ့ပါပြီ။ အဲဒီပန်းဟာ အဲဒီတစ်ဝိုက်က အလှဆုံးပန်းဖြစ်ခဲ့ပါတယ်။
ဒီလိုအချိန်မျိုးမှာ မြက်ရိုင်းတွေရဲ့ပါးစပ် ပိတ်ကုန်ခဲ့ကြပါတယ်။
လီလီဟာ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်နေခဲ့ပါတယ်။ သူ့ရဲ့ပွင့်ဖတ်ပေါ်မှာ လင်းလက်တဲ့ရေစက်တွေ နေ့တိုင်းရှိနေခဲ့ပါတယ်။ ဒါဟာ ညပိုင်းကကျတဲ့ နှင်းစက်တွေလို့ မြက်ရိုင်းတွေက ထင်နေကြတယ်။ တကယ်တော့ ဒါဟာ သူ့ရဲ့ပျော်ရွှင်မှုမျက်ရည်တွေဆိုတာကို လီလီပဲသိပါတယ်။
နှစ်စဉ်နှစ်တိုင်းရဲ့ နွေဦးရာသီမှာ လီလီဟာ အစွမ်းကုန်ဖူးပွင့်တယ်၊ အသီးသီးတယ်။ မျိုးစေ့တွေကို လေနဲ့အတူ လွင့်ပါးစေပြီး တောင်စောင်းအနှံ့၊ မြက်ခင်းပြင်အနှံ့၊ ချောက်ကမ်းပါးအနှံ့မှာ ဖြူဖွေးတဲ့လီလီပန်းတွေ ပေါက်ရောက်ဖူးပွင့်စေခဲ့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီတောနက်တောင်စောင်းဟာ မြို့ပေါ်က လာရောက်အပန်းဖြေသူတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ တစ်တောတစ်တောင်လုံး ဖူးပွင့်နေတဲ့လီလီပန်းကို လာရောက်ကြည့်ရှုသူတွေ များလာခဲ့ပါတယ်။
ကလေးငယ်တွေက ဒူးထောက်ပြီး လီလီပန်းရနံ့ကို ရှုရှိုက်ကြတယ်။
ချစ်သူရည်းစားတွေက လီလီပန်းတွေရဲ့ရှေ့မှာ ရာသက်ပန်ပေါင်းဖက်ကြရဖို့ ဆုခြွေကြတယ်။ လှပသန့်ရှင်းစင်ကြယ်တဲ့ ဒီနေရာလေးကိုကြည့်ပြီး လူတွေဝမ်းသာပီတိ စိတ်ကြည်လင်ခဲ့ကြတယ်။ အချင်းချင်းရဲ့ရင်တွေ နွေးထွေးခဲ့ကြတယ်။
အဲဒီနေရာကို လီလီ့နိဗ္ဗာန်ဘုံလို့ လူတွေတင်စားခဲ့ကြတယ်။
ဘယ်သူမှ မနှစ်သက် မကြည့်ရှုခံစားလည်း အဲဒီနေရာမှာ ဖူးပွင့်နေတဲ့ လီလီပန်းတွေက အဲဒီဒေသမှာ ပထမဆုံးပေါက်ရောက်တဲ့ သူတို့ရဲ့မိခင်
လီလီပင်ရဲ့စကားကို သေချာမှတ်သားထားခဲ့ကြတယ်... "ငါတို့ အစွမ်းကုန်ဖူးပွင့်ကြရမယ်... ငါတို့ရဲ့ရှင်သန်တည်ရှိနေမှုကို ပန်းပွင့်နဲ့ ငါတို့သက်သေပြမယ်" ဆိုတာပဲဖြစ်ပါတယ်။
*****
ဘယ်ဒေသရောက်ရောက်၊ ဘယ်လိုဘဝမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါစေ... သာမန်လူတန်းစားပဲဖြစ်နေပါစေ...
အားလုံးလည်း လီလီပန်းလေးလို အစွမ်းကုန်ဖူးပွင့်ပြီး ကိုယ့်ရဲ့ရှင်သန်တည်ရှိနေမှုကို
သက်သေပြနိုင်ပါစေ...
သူ့ရဲ့နှလုံးသားနက်နက်ထဲမှာ သန့်ရှင်းစင်ကြယ်တဲ့ အတွေးအိပ်မက်တစ်ခုရှိတယ်။ အဲဒီအတွေးက " ငါဟာ လီလီပန်းတစ်ပင်ဖြစ်တယ်။ ငါဟာ မြက်ရိုင်းတစ်ပင်မဟုတ်ဘူး။ ငါ လီလီဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တဲ့တစ်ခုတည်းသောအရာက လှပတဲ့လီလီပန်းတွေ ဖူးပွင့်ဖို့ပဲ"။
ဒီလို စိတ်ကူးအတွေးရှိပြီးတဲ့နောက် လီလီပင်လေးဟာ လုံလောက်တဲ့ ရေဓာတ်နဲ့ နေရောင်ခြည်ကို ကြိုးစားပြီးခံယူတော့တယ်။ အခြေခိုင်အောင် အမြစ်ကို နက်သထက်နက်နက် ကုပ်ယူပြီး ရင်ကိုစွင့်ထားလိုက်တယ်။
သူ့နံဘေးကမြက်ရိုင်းတွေကသူ့နောက်ကွယ်မှာသူ့ကိုအချင်းချင်းလှောင်ရယ်ကြတယ်။
"သူက မြက်တစ်ပင်ဖြစ်ရက်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ပန်းတစ်ပင်လို့ဆိုတယ်။ အဲဒီအငုံကိုများ ပန်းဖူးလို့ထင်နေသေးတာ..တကယ်တော့အဲဒါကအဖူးမဟုတ်ဘူး....အဖုပေါက်နေတာ"သူ့ရှေ့မှာလည်း ကဲ့ရဲ့ဝေဖန်တယ်...
"နင် အိပ်မက်မက်မနေနဲ့တော့... နင် ပန်းပွင့်တတ်တယ်ဆိုရင်လည်း ဒီလိုဝေးခေါင်တဲ့နေရာမှာ နင်လည်း ငါတို့နဲ့အတူတူပဲ တန်ဖိုးမရှိဘူး"
ဘယ်လိုကဲ့ရဲ့လှောင်ပြောပေမယ့် လီလီပင်လေးက
"ငါ ပန်းပွင့်မယ်... ငါ့မှာ လှပတဲ့ပန်းရှိတယ်ဆိုတာကို ငါသိတယ်။
ငါ ပန်းပွင့်မယ်...ငါ့မှာ ပွင့်လန်းနိုင်တဲ့အရည်အချင်းရှိတယ်။
ငါ ပန်းပွင့်မယ်... ဒါဟာ ငါ့ရဲ့တည်ရှိနေမှုကို ပန်းနဲ့သက်သေပြတာဖြစ်တယ်။
ဘယ်သူ့မှ ငါ့ကို မကြည့်ချင်နေ၊ ငါ့ကို ဘယ်လိုမြင်မြင်
ငါ ပန်းပွင့်မယ်" လို့ သံဓိဌာန်ချလိုက်တယ်။
မြက်ရိုင်းတွေရဲ့ အထင်သေးမှုအောက်မှာ လီလီပင်လေးဟာ ကိုယ့်အစွမ်းအစနဲ့ တတ်နိုင်သလောက် ကြိုးစားရှင်သန်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဖူးငုံ့လေးတွေဟာ ဖြူဖွေးစွင့်ကားလာခဲ့တယ်။
လီလီပင်လေး ပန်းပွင့်ခဲ့ပါပြီ။ အဲဒီပန်းဟာ အဲဒီတစ်ဝိုက်က အလှဆုံးပန်းဖြစ်ခဲ့ပါတယ်။
ဒီလိုအချိန်မျိုးမှာ မြက်ရိုင်းတွေရဲ့ပါးစပ် ပိတ်ကုန်ခဲ့ကြပါတယ်။
လီလီဟာ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်နေခဲ့ပါတယ်။ သူ့ရဲ့ပွင့်ဖတ်ပေါ်မှာ လင်းလက်တဲ့ရေစက်တွေ နေ့တိုင်းရှိနေခဲ့ပါတယ်။ ဒါဟာ ညပိုင်းကကျတဲ့ နှင်းစက်တွေလို့ မြက်ရိုင်းတွေက ထင်နေကြတယ်။ တကယ်တော့ ဒါဟာ သူ့ရဲ့ပျော်ရွှင်မှုမျက်ရည်တွေဆိုတာကို လီလီပဲသိပါတယ်။
နှစ်စဉ်နှစ်တိုင်းရဲ့ နွေဦးရာသီမှာ လီလီဟာ အစွမ်းကုန်ဖူးပွင့်တယ်၊ အသီးသီးတယ်။ မျိုးစေ့တွေကို လေနဲ့အတူ လွင့်ပါးစေပြီး တောင်စောင်းအနှံ့၊ မြက်ခင်းပြင်အနှံ့၊ ချောက်ကမ်းပါးအနှံ့မှာ ဖြူဖွေးတဲ့လီလီပန်းတွေ ပေါက်ရောက်ဖူးပွင့်စေခဲ့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီတောနက်တောင်စောင်းဟာ မြို့ပေါ်က လာရောက်အပန်းဖြေသူတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ တစ်တောတစ်တောင်လုံး ဖူးပွင့်နေတဲ့လီလီပန်းကို လာရောက်ကြည့်ရှုသူတွေ များလာခဲ့ပါတယ်။
ကလေးငယ်တွေက ဒူးထောက်ပြီး လီလီပန်းရနံ့ကို ရှုရှိုက်ကြတယ်။
ချစ်သူရည်းစားတွေက လီလီပန်းတွေရဲ့ရှေ့မှာ ရာသက်ပန်ပေါင်းဖက်ကြရဖို့ ဆုခြွေကြတယ်။ လှပသန့်ရှင်းစင်ကြယ်တဲ့ ဒီနေရာလေးကိုကြည့်ပြီး လူတွေဝမ်းသာပီတိ စိတ်ကြည်လင်ခဲ့ကြတယ်။ အချင်းချင်းရဲ့ရင်တွေ နွေးထွေးခဲ့ကြတယ်။
အဲဒီနေရာကို လီလီ့နိဗ္ဗာန်ဘုံလို့ လူတွေတင်စားခဲ့ကြတယ်။
ဘယ်သူမှ မနှစ်သက် မကြည့်ရှုခံစားလည်း အဲဒီနေရာမှာ ဖူးပွင့်နေတဲ့ လီလီပန်းတွေက အဲဒီဒေသမှာ ပထမဆုံးပေါက်ရောက်တဲ့ သူတို့ရဲ့မိခင်
လီလီပင်ရဲ့စကားကို သေချာမှတ်သားထားခဲ့ကြတယ်... "ငါတို့ အစွမ်းကုန်ဖူးပွင့်ကြရမယ်... ငါတို့ရဲ့ရှင်သန်တည်ရှိနေမှုကို ပန်းပွင့်နဲ့ ငါတို့သက်သေပြမယ်" ဆိုတာပဲဖြစ်ပါတယ်။
*****
လီလီပန်းက မြင့်မြတ်တဲ့ချစ်ခြင်း၊
ကောင်းမွန်တဲ့ တောင်းဆုခြွေခြင်းကို ဖော်ဆောင်တယ်
လီလီပန်းက သန့်ရှင်းစင်ကြယ်တဲ့ အနက်လည်းဆောင်တယ်တဲ့...
ကိုယ့်အပေါ်ဘယ်လောက်မကောင်းခဲ့လည်း ကိုယ့်ဘက်ကတော့ မြင့်မြတ်တဲ့ချစ်ခြင်းနဲ့ သန့်ရှင်းစင်ကြယ်စွာ
ကောင်းရာမွန်ရာရောက်စေကြောင်း တောင်းဆုခြွေတယ်ပေါ့... ခွင့်လွှတ်ခြင်းကို ဖော်ဆောင်တယ် လို့ပြောရင်လည်း
မမှားပါဘူး
Credit to - 99