8/31/2015

ရေ သောက်ခြင်းကကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံး နည်းလမ်း

သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတာ ၊ အားကစား လေ့ကျင့်ရေးနည်းပြ အကူအညီ နဲ့ ၀ိတ်ချနေရတာတွေကို မေ့ပစ်လိုက်ပါ။ ပိန်သေး သွယ်လျ တဲ့ ခန္ဓာကိုယ် ကို ရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ရေ သောက်ပေးပါ။
ထမင်းမစားခင်မှာ တစ်ပိုင့်ခန့် ရှိတဲ့ ရေ ပမာဏ ၅၀၀ မီလီလီတာ ခန့်ကို သောက်သုံးပေးခြင်းဖြင့် အ၀လွန်တဲ့ အရွယ်ရောက်ပြီးသူတွေကို ကိုယ်အလေးချိန် လျော့ကျသွား အောင် ကူညီပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဗြိတိန် မှာရှိတဲ့ သုတေသီတွေရဲ့ ပြောကြားချက်အရ ရိုးရှင်းတဲ့ ကြားဝင်စေ့စပ်မှုလေးဟာ ကြီးမားတဲ့ ကောင်းကျိုးသက်ရောက်မှု ဖြစ်လာနိုင်တယ်လို့ သိရပြီး ဆရာဝန်တွေနဲ့ အခြား ကျန်းမာရေး ပညာရှင်တွေက လည်း အလွယ်တကူ ထို နည်းပညာကို ဖြန့်ဝေပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။
လေ့လာမှု ကတော့ သုတေသီတွေဟာ အ၀လွန်နေတဲ့ အရွယ်ရောက်ပြီးသူ ၈၄ ယောက်ကို သာမန် လေ့ကျင့်ခန်းတွေလုပ်စေပြီး ၁၂ ပတ် တိတိ စောင့်ကြည့်ခဲ့ကြပါတယ်။ ထို ၈၄ ယောက်လုံးကို ကိုယ်အလေးချိန် စီမံခန့်ခွဲတဲ့ နည်းလမ်းတွေ ပေးထားခဲ့ပါတယ်။ ထိုနည်းလမ်းတွေထဲမှာတော့ လူနေမှုဘ၀ ပုံစံကို ဘယ်လို နေထုင်ရမယ် ၊ ဘယ်လိုစားရမယ် ဆိုတာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အဆင့်ကို ဘယ်လို မြှင့်တင်ရမယ် စသဖြင့် လမ်းညွှန်ပေးထားပါတယ်။

သူတို့ ဟာ အဖွဲ့ ၂ ဖွဲ့ကွဲသွား ခဲ့ပါတယ်။ ၄၁ ယောက်က အစားမစားခင် နာရီဝက်အလိုမှာ ရေသောက်ဖို့ လက်ခံခဲ့ကြပြီး ကျန် ၄၃ ယောက် ကတော့ အစာမစားခင်ကတည်းက ဗိုက်ပြည့်နေတဲ့ စိတ်မျိုးမွေးခဲ့ရပါတယ်။ ထို လေ့လာမှုမှာတော့ သောက်ရေ ပဲ ခွင့်ပြုထားပါတယ်။ စပါကလင် ၊ ဖျော်ရည် ၊ အချိုရည် အားလုံးကို တားမြစ် ထားပါတယ်။

အဲဒီနောက်မှာတော့ ၁၂ ပတ် ကြာတဲ့အခါမှာ အစာမစားခင် ရေသောက်ခဲ့ရတဲ့ အဖွဲ့ဟာ အစာမစားခင် ဗိုက်ပြည့်နေတဲ့ စိတ်မျိုး မွေးထားရသူတွေထက် ပျမ်းမျှအားဖြင့် ၂.၈၇ ပေါင် ( ၁.၃ ကီလိုဂရမ် ) ကိုယ်အလေးချိန် လျော့ကျသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
ထို လေ့လာမှုကိုတော့ ဘာမင်ဂမ် တက္ကသိုလ်မှာရှိတဲ့ ဒေါက်တာ Helen Parretti ဦးဆောင်တဲ့ သုတေသီ အဖွဲ့ က ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Obesity ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )
‪#‎သစ်ထူးလွင်‬(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Dailymail

8/30/2015

ဆီးကျောက်တည်၊ ဆီးသွားမရ ပျောက်တဲ့ဆေး

 လက်တွေ့ တကယ်ပျောက်တဲ့ ဆီးကျောက်တည်၊ ဆီးသွားမရ ပျောက်တဲ့ဆေး
 ယောက်ျားဆီး မိန်းမမီးတဲ့ ….ဆီးရောဂါက ကျွန်တော်တို့ အမျိုးသားတွေအတွက် ကြောက်စရာ ရောဂါ တစ်မျိုးပါ…ဒီရောဂါအတွက် ကုသဖို့ ဆေးနည်းလေးကို ကျွန်တော် ပုဂံ ပြည်သားမှ တင်ဆက်လိုက်ပါတယ်။
တစ်နေ့မှာ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း ကိုခင်မောင်ဦးတို့ ထမင်းဆိုင်မှာ ထမင်းစားနေကြပါတယ်။ ထမင်းစားနေစဉ်မှာပဲ လူတစ်ဦး ရောက်လာပြီး ကိုခင်မောင်ဦးကို အဲဒီလူက လှမ်းပြီး နှုတ်ဆက်လိုက်တယ်။ ညာဘက်လက်မကို ထောင်ပြီး ကိုခင်မောင်ဦးရေ ခင်ဗျား ပေးလိုက်တဲ့ ဆေးက တကယ့် ကောင်းတယ်ဗျာ…. ကျွန်တော် ဆေးရုံမှာ ခွဲစိတ်ဖို့ ခွဲစိတ်ကု ဆရာဝန်ကြီးတွေ Date ပေးလိုက်တယ်။ နောက်တစ်လ ပြည့်ရင် Operation ၀င်မယ်လို့ ပြောထားတယ်။ ပြီး ခွဲစိတ်ဖို့ အတွက် အစစ အရာရာ ပြင်ဆင်ထားပါတယ်တဲ့။
ဒါပေမယ့် ခင်ဗျား ပေးတဲ့ ဆေးနည်းကို အိမ်က မိန်းမကို ချက်ခိုင်းပြီး တစ်ပတ်အတွင်းမှာ ညမနက် ကျွန်တော် စားလိုက်တာ လုံးဝ ဆီးအိမ်ထဲမှာ ရှိတဲ့ ကျောက်တွေက အားလုံးအရည်ပျော်ပြီး အားလုံးကုန်သွားပြီ။ ဆီးအိမ်ထဲမှာ ကျောက်မကျန်တော့ဘူး။ တစ်လ မပြည့်ခင်မှာပဲ ဆီးထဲမှာ ရှိတဲ့ ကျောက်တွေအားလုံး အကုန်လုံး ပြောင်စင်သွားတယ်။ ကျွန်တော်လည်း ဆီးသွားရတာ အရင်လို မအောင့်ဘဲ သာမန်လူလို ဆီးသွားလို့ရသွားပြီ။


တစ်လ ပြည့်တာနဲ့ ခွဲစိတ်ကု ဆရာဝန်ကြီး သွားပြီး ထပ်မံပြ၊ ဆီး၊ သွေး အားလုံးစစ်လိုက်တာ…ဆီးအိမ်ထဲမှာ ကျောက်တွေအားလုံး ကုန်သွားပြီ လုံးဝ(လုံးဝ) ဆီးအိမ်ထဲမှာ Negative ကျောက်လုံးဝမရှိတော့တဲ့အကြောင်း သိရှိရတော့တယ်။ ခွဲစိတ်ကု ဆရာဝန်ကြီးကတောင် ပြောလိုက်သေးတယ်။ ခင်ဗျား ဘုရားမ တာပဲ….ဆီးအိမ်ထဲမှာ လုံးဝ ကျောက်မရှိတော့ဘူး။ ကျွန်တော်လည်း သူတို့ပေးတဲ့ ဆေးကို သောက်လို့ ပျောက်သွားတဲ့ ပုံစံနဲ့ နေလိုက်တယ်။ ဆေးရုံဆင်းကတည်းက သူတို့ ပေးတဲ့ ဆေးကို ဖြတ်ပြီး ကိုခင်မောင်ဦးရဲ့ ဗမာဆေးနည်းလေးကိုပဲ နေ့စဉ် ချက်စားတာ အခုလုံးဝ ပျောက်သွားပြီဗျာတဲ့…..


သူတို့ ၂ဦး ပြောနေတဲ့ စကားကို နားထောင်နေပြီး ကျွန်တော်ကြားထဲက ဖြတ်ပြီး 

…ကိုခင်မောင်ဦးရေ…ခင်ဗျားရဲ့ ဆေးနည်းကို ကျွန်တော်ကို ပေးပါလားဗျာ… ပုဂံ ပြည်သား ပရိတ်သတ်တွေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအားလုံး ဒီဆေးလေးကို မှီဝဲရအောင်လို့ …ဒုက္ခတွေ့နေတဲ့ သူတွေလည်း ဒီဆီးဒုက္ခက ကင်းဝေးရအောင်လို့ ကျွန်တော်က ပြောပြီး ဆေးနည်းလေးကို ဒီအတိုင်း ချရေးလိုက်ပါတော့တယ်….
 

 ဆေးသောက်ရန် လိုအပ်တဲ့ ပစ္စည်း ၂မျိုးက-
(၁) စောင်းလျားသီး(၂)လုံး
(၂) ငါးပြေမ(ငါး) (၁၅)ကျပ်သား တို့ပဲ လိုအပ်ပါတယ်။
 

ချက်နည်းကတော့  
-စောင်းလျားသီးကို အနေတော် ၂လုံးကိုယူပြီး ငါးပြေမ ၁၅ကျပ်သား(တစ်ကောင်)နဲ့ ချက်ပြုတ်ရမှာဖြစ်ပါတယ်။
 

-စောင်းလျားသီး (၂)လုံးကို ရေစင်အောင်ဆေး၊ ဓားနဲ့ အကွင်းလိုက်လှီး (အစေ့များမထည့်ရ)၊ အဲဒါကိုလှီးပြီး ပုဂံလုံးထဲမှာ ထည့်ထား။ သာမန်ဟင်းချက်တဲ့ နည်းအတိုင်း ကြက်သွန်ဖြူ/ နီကို ထောင်းထားပါ။
 

-ငါးပြေမကို အကြေးခွံချွတ် ဗိုက်ခွဲ….အူထုတ် ရေဆေး ဟင်းခတ်မှုန့်၊ ဆား-နနွန်းထည့်ပြီးနှယ်….(အကောင်လိုက်ချက်ရန်)
 

-ပုံမှန် ဟင်းချက်တဲ့အတိုင်း ဆီသတ်၊ ဆား၊ နနွန်းနှယ်ထားတဲ့ ငါးပြေမ ကို အကောင်လိုက်ထည့် ရေအနည်းငယ်ရော မွေပြီး အဖုံးအုပ်ထားပါ။ ငါးမိနစ်ခန့်နေလျှင် အကွင်းလိုက် လှီးထားတဲ့စောင်းလျားသီးကို ဟင်းအိုးထဲကို ရောထည့်ပြီး အဖုံးအုပ်ထားပေးပါ။ ငါးကျက်ခါနီးလျှင် ဟင်းအိုးကို အောက်ချပေးပါ။ စောင်းလျားသီး အာနိသင်များသည် ငါးပြေမအတွင်းသို့ ရောက်သွားမည်။ စောင်းလျားသီး/ငါးပြေမဟင်းကို ထမင်းဖြူနှင့် ဆီးရောဂါ ဖြစ်နေသူများ စားသောက်ပါ။ ၁၂နာရီကျော်တာ နှင့် ဆီးအောင့်ခြင်း၊ ဆီးကျင်ခြင်း ပျောက်သွား ပါလိမ့်မည်။ အထက်ပါ မြန်မာ ဆေးနည်းကို တစ်ပတ် ခန့်ချက်စားပါက ဆီးရောဂါ ပျောက်သွားမည်။
 

(မှတ်ချက် ထမင်းစားသည့်အခါ ရောဂါမပျောက်ခင် အရိုးစူး နိုင်ပါသည်။ ငါးပြေမငါးသည် အရိုးများသည့် ငါးဖြစ်၍ သတိထားစားရန် လိုအပ်ပါသည်။)
ပုဂံ ပြည်သား ပရိသတ်များ ဆီးရောဂါ ကင်းပြီး မိသားစုများနှင့်၊ ချစ်သူများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀လမ်းကို လျောက်လှမ်းနိုင်ကြပါစေ……


သူငယ်ချင်း ကိုခင်မောင်ဦး မှ ဆေးနည်းကို မျှဝေထားပါသည်။

ပုဂံ ပြည်သား - Page - မှ

8/29/2015

သိမ်းငှက်ပုံပြင်

ငှက်တွေထဲမှာ သိမ်းငှက် က သက်တမ်း အရှည်ဆုံး စာရင်း ထဲ ပါ ၀င်ပါတယ်။

 အသက်လေးဆယ် ကျော်လာတာနဲ့ သူ့ ရဲ့ နှုတ်သီး နဲ့ ခြေကုပ်တွေဟာ သားကောင်ကို ကောင်းကောင်းမဖမ်းနိုင်တော့ပါဘူး
သူ့ ရဲ့ ရှည်လျားပြီး ချွန်ထက်တဲ့ နှုတ်သီးဟာလည်း ကွေးညွှတ်လို့ လာပါပြီ။
 
 အဲဒီ အတွက် သူ့ အဖို့ရွေးချယ်စရာ နှစ်လမ်း ပဲ ရှိပါတယ်။
(၁) အသတ် အသေခံ မလား။
(၂) ရက် ၁၅၀ ကြာတဲ့ အလွန် နာကျင်မယ့် ပြောင်းလဲ မှုတစ်ခုစွန့်စားလုပ်ဆောင်မလားဆိုတာပါပဲ။
 
နံပါတ် (၂) စွန့်စားမှု ကို လုပ်ဆောင်ဖို့ အတွက် သူဟာ တောင်ရဲ့ ထိပ်ဆုံး အသိုက်ရှိရာသို့ ဦးစွာသွားရပါတယ်။ သူ့ ရဲ့ နှုတ်သီးနဲ့ ခြေစွယ်တွေ ၊ အတောင်တွေ အကုန် လုံးကို နာကျင်မှု ဒဏ်ကို အံတုပြီး နှုတ်ပစ်ရမှာ ဖြစ်ပါတယ်။
 
 
နောက်ငါးလ အကြာမှာတော့ သူဟာ လျင်မြန်ဖျတ်လတ်တဲ့ သိမ်းငှက် တစ်ကောင်ရဲ့ အသွင်သဏ္ဍာန်ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် နှစ်သုံးဆယ်လောက်ကို သူဟာ ဒီပုံစံ နဲ့ ပဲ ဆက်လက်ရှင်သန် ပါတယ်။
ဘာကြောင့် ပြောင်းလဲမှု ဆိုတဲ့ အရာဟာ ကျွန်ုပ်တို့ အတွက် လိုအပ်တာလဲ?
ဘ၀ပြန်လည်ရှင်သန်ဖို့ ကျွန်ုပ်တို့ အကြိမ်များစွာပြောင်းလဲကြရတယ်။
အဲ့ဒီအတွက် တစ်ချို့ အမှတ်ရစရာတွေ ဖျောက်ဖျက်ပစ်ရသလို ၊ တစ်ချို့ အကျင့် တွေကို လည်း ပြင်ခဲ့ရတယ်။
အတိတ်ရဲ့ အရိပ်တွေက လွတ်မြောက်မှပဲ ကျွန်ုပ်တို့ ပစ္စုပန် ရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာလေ။
ကျွန်ုပ်တို့ ဘ၀ကို ဖြစ်ပေါ် လာတဲ့ အဖြစ်အပျက်တွေက အဆုံးအဖြတ် မပေးပါဘူး။
အဲ့ဒီ အဖြစ်အပျက်တွေ အပေါ် ကျွန်ုပ်တို့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကသာ အဆုံးအဖြတ်ပေးတာပါ။
ကျွန်ုပ်တို့ ရဲ့ စိတ်သဘောထား တော့ မှန်ကန်နေဖို့ လိုအပ်မယ်။
အပြုသဘော ဆောင်တဲ့ သဘောထားဟာ အကောင်းတွေ တွေး ပြီး ၊ အကောင်းတွေ ဆက်တိုက် ဖြစ်ပေါ် လာစေပါတယ်။
အကောင်းမြင် စိတ်ဟာ အကျိုးတရားကောင်းတွေ ဖြစ်ပေါ် လာစေဖို့ ဓာတ်ကူပစ္စည်းပါ။
မိုးတွေ ရွာ နေတဲ့ အခါ ငှက်တွေဟာ ခိုလှုံ လို့ ရမယ့် နေရာဆီ ကို ဦးတည်ပြီးသွား တတ်ကြပါတယ်။
 
သိမ်းငှက်ဆိုတဲ့ ငှက်မျိုးကတော့ မိုးမစိုဖို့ မိုးမခိုပဲ  တိမ်တွေ ရဲ့ အထက်ကို တက်သွားကြတယ်။
 
(ဘာသာပြန်သူ-ရွှေပိုးကောင်၊ True Motivational Story of Eagle ကို ဘာသာပြန်သည်။)
 
 
သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက်
ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်
(၄၈)နှစ်မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ် ချက်တစ်ခုကိုချကြရပါတယ်။

သူ့အသက် (48) နှစ်ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်
တွေကလဲ အရမ်းလေးလာပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက် ပျံရတာလဲအရမ်း
ပင်ပန်းလှပါတယ်။
 
သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲသေရတာထက်
စာရင် စွန့်စားပြီးသေရတာကပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့်အလွန်မြင့်တဲ့ တောင်တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်လိုက်
ပါတယ်။ ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီး
တော့နုတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။နုတ်သီး
သစ်ထွက်လာတော့အဲဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခုဆွဲနုတ်ရပါတယ်။
ခြေသည်းအသစ်တွေထွက်လာမှသူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်ပါ
တယ်။အတောင်ပံအသစ်တွေထွက်လာတော့သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
ပါပဲ ။

ဒီတော့မှသူဟာပျန်သန်းနိုင်ပြီး နောက်ထပ်နှစ်ပေါင်း(30)အကြာ အသက် (78)နှစ်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်းလဲမှု့ကိုပြောခြင်တာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်။ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်
စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ သိမ်းငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို
နုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change) မလုပ်
နိုင်ကြဘူးလား? သိမ်းငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင်ပါတယ်။ 

ချစ်ခြင်းမေတ္တာကိုတော့ အရှုံးမခံနိုင်

တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယာက်ရှိတယ်။
 ဒါပေမယ့်စကားများတဲ့အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။
.
တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့မေးလာမိတယ်။
.
"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"
.
သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွ။ဘာပဲပြောပြော ရှေ့ ဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။


တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။
.
Credit : ငွေတာရီ

သင့်ကြောင့် သင့်သားသမီး များ၏ ဘ၀ မပျက်စီးပါစေနှင့်


ကျွန်မရဲ့ ဆယ်နှစ် အရွယ် သမီးလေး လီလီ စိတ်ကုပညာရှင်၏ ရုံးခန်းထဲသို့ ရောက်ရှိနေသည်။ လီလီမှာ စိတ်ရောဂါ ခံစားနေရ ခြင်းကြောင့် မဟုတ်၊ ဉာဏ်ရည် မပြည့်ခြင်းကြောင့်လည်း မဟုတ်ဘဲ အခြားအကြောင်း တစ်ခုကြောင့် စိတ် ကုပညာရှင်နှင့် တွေ့ဆုံနေရခြင်း ဖြစ်သည်။ လီလီကို စိတ်ဆင်းရဲအောင် လုပ်ဆောင်နေသည့် အရာမှာ သင်္ချာဘာသာရပ် ဖြစ်သည်။ “သင်္ချာကို ဘာကြောင့် ကြောက်နေတာလဲ”ဟု စိတ် ကုပညာရှင်က မေးသော အခါ လီလီက ပုံတစ်ပုံ ဆွဲပြသည်။
.
ပုံထဲတွင် အမျိုးသမီး တစ်ဦး၊ ခါးထောက်လျက် မနှစ်သက်သော အမူအရာနှင့် မတ်တပ်ရပ်လျက်ရှိ နေသည်။ ပါးစပ်ကလည်း ဝေဖန် ပြစ်တင် လိုဟန် ဖွင့်လှစ် ထားသည်။ ပုံကို ကျွန်မ တစ်ချက်ကြည့် လိုက်သည်။ ကျွန်မနဲ့ တူလိုက်သည့် ဖြစ်ချင်း။ဒါပေမဲ့ သမီးလေးက ဒီပုံဟာ သူ့ပုံပါ၊ ညံ့ဖျင်းလွန်း တဲ့ သူ့ပုံစစ်စစ်ပါ ဟု တဖွဖွ ပြောနေခဲ့သည်။ ကျွန်မ အတော့်ကို စိတ်မကောင်းဖြစ် သွားမိသည်။
.
ယနေ့ခေတ် ပညာရေး အသိုင်းအ၀ိုင်းရှိ ယှဉ်ပြိုင်မှု မျိုးစုံကြောင့် စစ်ဆေးလွှာများ၊ စာမေးပွဲများနှင့် စွမ်းဆောင်ရည် သုံးသပ်ချက် များကို ကလေးများသည် ငယ်ရွယ်စဉ် ကတည်းက နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဆရာများနှင့် မိဘများ အတွက် ကလေးငယ်တွေ ငယ်ရွယ်စဉ် ကတည်းက ဘာတွေ၊ ဘာတွေကို တတ်မြောက် ထားရမည် ဆိုသည့် မျှော်လင့်ချက်များ ကလည်း မြင့်မားသထက် မြင့်မားလာ ခဲ့သည်။ မိဘများက အဲဒီလောက် မျှော်မှန်းနေပြီဖြစ် သောကြောင့် ကလေးတွေ ကလည်း ဒါတွေ ဒါတွေကို တတ်မှ လူရာ ၀င်မယ်၊ မိဘ တွေ၊ ဆရာ တွေရဲ့ ချစ်ခင်ယုယခြင်း ကိုခံရမယ် ဆိုသည့် အဖျက်သဘော ဆောင်သော အမြင်များကို လက်ခံလာခဲ့သည်။
.
သမီးလေး လီလီကို ဖိအားပေးဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါ ဘူးရှင်။ အခြားမိဘတွေ လိုပါပဲ ကိုယ်သားသမီးလေး အစစ အရာရာမှာ အောင်မြင်ဖို့ သာ ရည်မှန်းခဲ့ တာပါ။ လီလီကို မွေးချိန်၊ ချက်ကြိုးဖြတ်ချိန် ကတည်းက ကျွန်မမှာ စိုးရိမ်စိတ် တစ်ခုသာ ရှိခဲ့သည်။ယင်းမှာ ကိုယ့် သားသမီးတွေ အတော် ဆုံး၊ အထက်ဆုံး၊ အကောင်းဆုံး ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ တတ်နိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်သာ ဖြစ်သည်။ ကလေးငယ်ရဲ့ ဦးနှောက်တွင်းမှာ ရှိတဲ့ နာ့ဗ်ကြော ပေါက်ကွဲမှုဟာ သုံးနှစ် အရွယ်မှာ အဆုံးသတ် သွားတယ်လို့ စာတွေပေတွေက တစ်ဆင့် ကျွန်မ သိထားခဲ့သည်။ သမီး ဦးလေး ဆိုတော့ ကျွန်မ အနေနှင့် ကလေး၏ ဦးနှောက် တိုးတက် ဖွံ့ဖြိုးမှုကို ပုံသွင်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။
.
ဒါကြောင့်ပဲ သင့် ကလေးကို ထက်မြက်သူ တစ်ဦး ဖြစ်အောင် ဘယ်လို လုပ်မလဲ၊သင့်ကလေးကို ပါရမီရှင် ဖြစ်အောင် လုပ်ဆောင်ပါ အစရှိသည့် စာအုပ်တွေကို ၀ယ်ယူပြီး အငမ်းမရကို ဖတ်ရှုခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုတွေ အဆင့်ဆင့် ရရှိနေသော သမီးလေး၏ ပုံကိုလည်း စိတ်ကူးယဉ်မိခဲ့သည်။ မိဘနှင့် ဆရာ တွေ့ဆုံပွဲများ တွင်လည်း လီလီလေး ကျောင်းနေ ပျော်နေပြီး စာတော်သည်ဟု ပြောဆိုနေသည့် ဆရာများ၏ စကားကြောင့် ကျေနပ်ခြင်း မရှိခဲ့။
.
ကျွန်မသမီးလေးကို ဒီထက် မျှော်လင့်ထား ခဲ့သည်။ ကလေးတိုင်း နီးပါး ကျောင်းနေပျော် နိုင်သည်။ ကျွန်မ သမီးက ဒီကလေး အားလုံး ထက်သာ ရမည်။ လက်ချောင်းလေး တွေမှာ ဆေးလေးတွေ သုတ်ပြီး ပုံဆွဲတတ်သည့် အရွယ်မှာ ကတည်းက ကျွန်မ လီလီကို ပြောထားခဲ့သည်။ သမီး ဟာ မိုနေးတို့၊ အိုင်းစတိုင်း တို့လို ဖြစ်လာနိုင်သည်။ သမီးလေး ကတော့ ကျွန်မပြောဆို တာကို နားမလည်သလို မျက်လုံးအ၀ိုင်း သားလေးနှင့် ကြည့်နေ ခဲ့သည်။

.
သို့သော် ကလေးငယ်များမှာ တိရိစ္ဆာန် များကဲ့သို့ ဆပ်ကပ်တွင် အသုံးတော် ခံရန် လေ့ကျင့် သင်ကြားပေး လို့ရသည့် သတ္တ၀ါများ မဟုတ်ခဲ့ပါ။ ကလေးတွေကို ဖိအားပေးသည့် မိဘဖြစ်မှု သို့မဟုတ် စာတွေ ပေတွေ အခေအရ ကျားမိဘ ဖြစ်မှုတွင် အောင်မြင်မှု ရရှိရန်မှာ ကိုယ်သွန်သင်သည်ကို နောက်က လိုက်နိုင်သည့် ကလေးငယ် တစ်ဦးတော့ အနည်းဆုံး ရှိဖို့လို ပါသည်။ကျွန်မ၏ သမီးလေး လီလီ ထူးချွန် ထက်မြက်မှု ရှိရေး လုပ်ဆောင်မှု ကြောင့် ကျွန်မတို့ အိမ်မှာ ပျော်ရွှင်မှုတွေ ရှိနေသည့် အိုအေစစ်လေးက ကန္တာရ ဖြစ်လာခဲ့ သည်ကို ကျွန်မ သတိမထားမိဘဲ ရှိခဲ့သည်။ အမေနှင့် သမီး အတူရှိ နေသည့် လွတ်လပ်သော အချိန်လေးများ ပင်လျင် ပညာရေးဆိုင်ရာ ဂိမ်းတွေ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ သမီးလေး အတွက် ကိတ်မုန့်ဖုတ် သည့် အချိန်များပင်လျင် ကျွန်မသည် လီလီလေးကို အလေးချိန်တွေ၊ တိုင်းတာပုံတွေ အကြောင်း ပြောနေမိခဲ့သည်။
.
သမီလေး လေးတန်းနှစ် ရောက်သည့် အချိန်မှာတော့ သမီးနှင့် ကျွန်မတို့ အတွက် သတိပေး အချက်ပြမှု တစ်ခုရှိလာ ခဲ့သည်။ လီလီ၏ သင်္ချာ အိမ်စာများမှာ ကျွန်မနှင့် သမီးလေးကြား စစ်မြေပြင် ဖြစ်လာခဲ့သည်။ ပထမတော့ လီလီလေး ဂဏန်းသင်္ချာနှင့် ပတ်သက်ပြီး မှတ်ဉာဏ်ချို့တဲ့သော ရောဂါ ရှိနေ ပြီဟု ကျွန်မ စိုးရိမ်တကြီး ထင်မိခဲ့သည်။ နောက်ပိုင်း ပညာရေး စိတ်ပညာရှင်များနှင့် တွေ့ဆုံ အကြံတောင်း ပြီးနောက်တွင် သိလာခဲ့ သည်က လီလီ သည် သင်္ချာ မညံ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ချို့ယွင်းနေခြင်းသာ ဖြစ်သည်။ တစ်နည်းပြောရလျင် သင်္ချာကြောက်သည့် စိတ်လွှမ်းမိုးနေခြင်း ဖြစ်သည်။ ဖိအားများသည့် အချိန်မျိုး သင်္ချာတွက်ရ တော့မည် ဆိုလျင် လီလီ၏ အပြင်ပန်းက ပုံမှန်ဖြစ်နေ သော်လည်း အတွင်းစိတ် မှာတော့ ဘာကိုမှ သတိမရ တော့ဘဲ ဖြစ်သွားတတ်သည်။ သင်္ချာသည် အန္တရာယ် ဆိုသည့် အချက်ကို သူ့ဦးနှောက်ထဲ သံမှိုစွဲ သွားပြီ ဖြစ်သည်။
.
အာရုံကြော ဘာသာဗေဒ ပညာရှင် ဂျင်းနီ ဖော်စတာနှင့် တွေ့ဆုံပြီး အကြံတောင်း ရတော့သည်။ ကုခန်း ပညာရှင် အဖြစ် အတွေ့အကြုံ အနှစ် (၃၀) ခန့်ရှိ နေသည့် ဂျင်းနီက ကလေးငယ် များအား ငယ်ရွယ်စဉ် ကလည်းက ထူးချွန် ထက်မြက်အောင်၊ စာတော်အောင် ဖိအားပေးမှုကြောင့် ယင်းကလေးငယ် များသည် သင်ယူမှုကို ကြောက်လန့်စိတ် ရှိလာတတ်ကြောင်း ရှင်းပြသည်။ ဂျင်းနီ ကူညီပေးနေသည့် ကလေး များတွင် အသက်(၆) နှစ်အရွယ် များပင် ပါဝင်သည်။
.
ဖိအားပေး မှုကြောင့် ကလေးငယ်တွေ ဘက်စုံ ထူးချွန်လာမည့် အစား ကလေးငယ်များ စွမ်းဆောင်ရည် ပိုညံ့ဖျင်းသွား တတ်ကြောင်း နောက်ပိုင်း တွင် ကျွန်မသိရှိ လာခဲ့သည်။ အရွယ်နှင့် မလိုက်အောင် ဖိအားပေးခံ ရမှုကြောင့် ကလေးငယ် များသည် နောက်ပိုင်းတွင် သူတို့ ကိုယ်သူတို့ အရည်အချင်း မရှိဘူးဟု ထင်မြင်လာ တတ်သည်။ လူကြီးများ၏ မျက်လုံးထဲ တွင်တော့ ကလေးငယ်တွေ ပျင်းသည်၊ စာကို စိတ်မ၀င်စားဘူးဟု ထင်မြင်တတ် ကြသည်။ သို့သော် ကလေးငယ်များသည် မိဘများ၊ ဆရာများ အလိုကျ အကြိမ်ကြိမ် ကြိုးစားပြီး နောက်ဆုံးတွင် အရှုံးပေးခဲ့ ရသူ လေးများသာ ဖြစ်ကြောင်း ပညာရေး စိတ်ပညာရှင် နိုဝယ် ဂျနစ်-နော်တန်က ပြောဆိုခဲ့သည်။
.
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မိဘများ၏ အမြင်တွင် ကလေးငယ် များသည် တစ်ဘာသာ၊ နှစ်ဘာသာ လောက် ထူးချွန် နေရုံနှင့် မဖြစ် တော့ကြောင်း ယူဆလာ ခဲ့သည်။ ဘက်စုံ ထူးချွန်သော ကလေး ဆိုသည်မှာ စာလည်း တော်ရမည်၊ အားကစား လည်း ချွန်ရမည်၊ ဂီတတွင်လည်း ပေါက်မြောက် ရမည်ဟု မိဘ အားလုံးက တစ်ညီတစ်ညွတ်တည်း ယူဆခဲ့ကြသည်။ ယင်းကြောင့် ကလေးများကို စာသင်ကျောင်းတွင် ဖိအားပေး သင်ကြားသည်။ ကျောင်းချိန် ပြင်ပတွင် သင်တန်း မျိုးစုံ တက်ရောက် စေသည်။ မိဘများသည် သားသမီး ၏ ဖွံ့ဖြိုးရေးတွင် အလွန်အကျွံ ရင်းနှီး မြုပ်နှံပြီး ရဲရင့်သော ကမ္ဘာသစ်၏ ထူးချွန် ပြောင်မြောက်သော မဟာ ပညာကျော်လေးများ ဖြစ်အောင် ကြိုးပမ်းကြသည်။ အကျိုးဆက်မှာ အလွန်အမင်း စိုးရိမ်တတ် သည့် ကလေးများကို မွေးထုတ် လိုက်ခြင်း ဖြစ်သည်။ ကုလ ကလေးငယ်များ ဆိုင်ရာ ဌာနသည် နိုင်ငံ (၂၁) နိုင်ငံရှိ ကလေးငယ် များ၏ ပျော်ရွှင်မှုကို လေ့လာခဲ့ရာ ပညာထူးချွန် လှသည်ဟု သတ်မှတ်ခံထား ရသော ဗြိတိန်ရှိ ကလေးငယ် များ၏ ပျော်ရွှင်မှု အနေအထားသည် အဆင့် (၁၆) သာရ ရှိခဲ့ သည်။ ကလေးများ ပညာချွန်သော်လည်း ပျော်ရွှင်မှု မရှိကြောင်း ထင်ဟပ်ပြ လိုက်ခြင်း ဖြစ်သည်။
.
ဒီနေရာမှာ သရော်ချင်စရာ ကောင်းသော အချက်မှာ ကျားမိဘများသည် သားသမီးကို ကာကွယ်ပေး နိုင်ရန် ပြုလုပ်နေ သော်လည်း သူတို့ လုပ်ဆောင်ချက်ကြောင့် သားသမီးနှင့် ဝေးသထက် ဝေးသွားခြင်း ဖြစ်သည်။ ကလေးတွေကို ဘာပဲဖြစ်ဖြစ် ချစ်နေမှာ ဖြစ်ကြောင်း မိဘများက ပြောဆိုနေ သော်လည်း ယင်း ပြောဆိုမှုမှာ ကလေးများ အတွက် အဓိပ္ပာယ် မရှိသော စကားများသာ ဖြစ်လာခဲ့သည်။ ဒါ ခိုင်းရင် ဒါလုပ်ရသည့် အရုပ်များ ဖြစ်အောင် လုပ်ဆောင် နေသည့် မိဘများကို ကလေးများက မကျေမနပ် ဖြစ်လာခဲ့သည်။ မိဘများ စိတ်ပျက်အောင် လုပ်မိနေပြီဟု ကလေးများက ထင်မြင်လာမည့် အစား သူတို့လေး တွေသည် မိဘများနှင့် အဆက်အသွယ် ပြတ်ချင်လည်း ပြတ်သွားမည် သို့မဟုတ် လူတိုင်း စိတ် ကျေနပ်အောင် လုပ်ပေးတတ်သည့် ဟုတ်ကဲ့ ကိုကို၊ မမလေး တွေလည်း ဖြစ်သွားနိုင်ပေသည်။
.
လီလီလေး ကဲ့သို့ သူတို့လေး တွေသည် မိဘများအား ပြဿနာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြင်လာခဲ့သည်။ လီလီ မျက်လုံး ထဲတွင် ကျွန်မမှာ ဖိအားပေး တတ်သည့် စာသင်ကျောင်း စနစ်၏ ဘက်တော်သားကြီး ဖြစ်ခဲ့သည်။ လီလီမှာ ကျွန်မနှင့် ဆုံတိုင်း မျက်လုံးချင်း ဆုံအောင်ပင် မကြည့်တော့ သလို ကျွန်မ အနားနားမှာရှိ နေလျင်လည်း စိတ်ဖိစီးနေသည့် ပုံရလာသည်။
.
ကိုယ့်အပြစ် ကိုယ်သိလာသော ကျွန်မလည်း လမ်းကြောင်း ပြောင်းလိုက်ပါသည်။ လီလီကို လီလီသာ ဖြစ်စေရမည်ဟု ကျွန်မ ဆုံးဖြတ် လိုက်သည်။ ကျွန်မမှာ ရှေ့က လမ်းညွှန် သူမဟုတ်၊ ဘေးက ဖေးမသူသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချ လိုက်သည်။ ယခု အချိန်တွင် (၁၂) နှစ်ရှိနေပြီ ဖြစ်သော လီလီသည် သူ့နည်း သူ့ဟန်ဖြင့် အောင်မြင်မှု ရနေပြီ ဖြစ်သည်။
.
ကိုယ့်သားသမီးနှင့် ဆက်ဆံရေး ပြန်လည် ပြေလည် သွားရေး အတွက် မိဘများ ပထမဆုံး ၀န်ခံရမည့် အချက်မှာ စိတ်ဖိစီးမှု ရှိနေသော ကလေးငယ် သည် ကောင်းစွာ သင်ယူနိုင်စွမ်း မရှိဆိုသည့် အချက် ဖြစ်သည်။ အကောင်းဆုံး အချက်မှာ လက်ချာ မပေးနှင့်၊ ဖေးမမှုသာ ပေးပါသာ ဖြစ်သည်။ နေအိမ် အား ပညာရေး ဆိုင်ရာ စခန်းသွင်း လေ့ကျင့်မှု အဖြစ်မှ ပျော်ရွှင်မှု ဗိမာန်လေး ဖြစ်အောင် ကြိုးပမ်းရပါမည်။
.
အောင်မြင်သော မိဘတစ်ဦး ဆိုတာ ဘာလဲဆိုသည့် အချက် ကိုလည်း ပြန်လည် သုံးသပ်ပြီး ကလေးငယ်များ နေရာတွင် ၀င်ရောက် ခံစားကြည့်ရ ပါမည်။ ကိုယ့်သားသမီးငယ်များ ကြီးပြင်း လာသည့် အခါ သူတို့ရဲ့ ကလေးငယ် ဘ၀ကို ဘယ်လို ပြန်လည် သုံးသပ်မလဲ ဆိုသည့် အချက်ဖြင့် စတင် ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေ တွေ့ရှိခွင့် ရရှိခဲ့သည့် ကလေးငယ် ဘ၀လား၊ စာမေးပွဲ တစ်ခုမှ အခြား စားမေးပွဲ တစ်ခုကို လွန်းပြန် ပြေးလွှား ဖြေဆိုနေ ရသည့် ကလေးငယ် ဘ၀လား ။ မိဘများ၏ ရွေးချယ်မှု အပေါ် မူတည်နေသည်ကို သတိရပါ။
.
ကိုယ့်သားသမီးလေးတွေ ထိပ်တန်း တက္ကသိုလ် တွေတက်၊ အကောင်းဆုံး အလုပ်အကိုင်တွေ ရရှိမှသာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး မိဘလို့ သတ်မှတ်မည်လား၊ ဒါမဟုတ် ပျော်ရွင်မှုရှိ၊ ကိုယ်ကျင့်တရား လည်းကောင်း၊ ထောက်ထား ညှာတာတတ် သူလေးတွေ ဖြစ်မှ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး မိဘလို့ သတ်မှတ်မည်လား ဒီမေးခွန်း နှစ်ခုအနက် တစ်ခုခုကို ဖြေဆိုကြည့် စေချင်သည်။
.
ဒီမေးခွန်းတွေက ဉာဏ်စမ်း မေးခွန်းတွေ မဟုတ်သည်ကို သတိထား စေချင်သည်။ ကလေးငယ် များကို ပြုစု ပျိုးထောင်ခြင်း ဆိုသည်မှာ အချိန်ပိုင်း အလုပ်မဟုတ် သောကြောင့် အထက်ပါ မေးခွန်းနှစ်ခု အနက် တစ်ခုခုကို ရွေးချယ်ခြင်း မပြုခဲ့ပါက မိဘဆိုသည့် အင်မတန် အရေးကြီးသော အလုပ်အကိုင်ကြီးကို လက်မခံလိုက်ပါနှင့် ဟုသာ ပြောလိုပါသည်။ သင့်ကြောင့် မီးမလောင်ပါစေနှင့် ဟု သတိပေးချက်ရှိ သလို မိဘများ ကိုလည်း သင့်ကြောင့် သင့်ကလေးငယ် ဘ၀ မပျက်စီးပါစေနှင့် သာ ပြောပါရစေ။
.
Ref: Why I stopped being a tiger mother:NR

အစားအသောက် ရွေးသည့် ကလေး စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိလာနိုင်

မူကြိုအရွယ်မှာ အစားအသောက် ရွေးလွန်းသည့် ကလေးများ ကြီးလာလျှင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားနိုင်ခြေ ပိုများ လာတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။
အစားအသောက် ချေးများသော ကလေးများသည် ချေးမများသော ကလေးများနှင့် ယှဉ်လျှင် စိတ်ကျခြင်း၊ လူမှုဝန်းကျင်နှင့် အံမ၀င်ခြင်းတို့ နှစ်ဆပို ဖြစ်ပွားတတ်ကြောင်း လေ့လာမှု စစ်တမ်းကဆိုသည်။ လေ့လာမှုစစ်တမ်းကို အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ပြည်နယ် ဒါဟမ်မြို့ရှိ ဒုခ်တက္ကသိုလ်ရှိ အစားအသောက် မူမမှန်မှုဆိုင်ရာ သုတေသနဌာန အကြီးအကဲ နန်စီဇက်ကာနှင့်အဖွဲ့က ပြုလုပ် ထားခြင်းဖြစ်သည်။ အသက် နှစ်နှစ်မှ ငါးနှစ်ကြား ကလေးငယ် ၉၁၇ ဦး၏ မိဘများကို မေးမြန်းစစ်တမ်း ကောက်ထားခြင်း ဖြစ်သည်။
.
မိဘ (၂၀) ရာခိုင်နှုန်းထိက သူတို့ ကလေးများသည် အစားအသောက် ချေးများကြကြောင်း ဆိုထားကြသည်။ စစ်တမ်း ရလဒ်ကို Pediatries (ကလေးဆေးပညာ) ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စစ်တမ်းပါဝင်သူ ကလေးများအနက် (၁၈၅) ဦးသည် အစားအသောက် ချေးများမှု အသင့်အတင့် ရှိသည်။ (၃၇) ဦး ကား အလွန်အမင်း ချေးများသဖြင့် အခြားကလေးများနှင့် အတူ ထိုင်ထမင်းစားဖို့ပင် မဖြစ်နိုင်လောက်သော အနေအထား ဖြစ်ကြောင်းသိရသည်။ အလွန်အမင်း ချေးများသော ကလေးများသည် အစားအသောက်၏ အနုအကြမ်း၊ အနံ့အရသာ၊ ပုံပန်း သဏ္ဍာန်ကအစ စိတ်ကြိုက်နဲ့တွေ့မှ စားကြသည်။
.
မိဘများကို မေးမြန်းစစ်တမ်းကောက်ပြီး နောက်နှစ်နှစ်အကြာတွင် အသင့်အတင့် ချေးများသည့် ကလေး (၁၈၇) ဦး၏ စိတ်အခြေအနေကို အကဲဖြတ်ရာ ချေးမများသော ကလေးများထက် ယေဘုယျ စိတ်ရှုပ် စိတ်ဖိစီးမှု (၁ ဒသမ ၇) ဆ ပိုများနေကြောင်း တွေ့ခဲ့ရသည်။ အလွန်ချေးများသည့် ကလေး (၃၇) ဦးကား စိတ်ရှုပ် စိတ်ဖိစီးနှုန်း နှစ်ဆပိုများ နေကြောင်း တွေ့ခဲ့ရသည်။
.
messenger news journa

အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်

၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း
.
လင်နဲ့မယား လျှာနဲ့သွားပါ။ အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကို အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။ နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။
.
၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း
.
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက် ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။ မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာ အိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင် နောင်မျိုးဆက်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။
.
၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း
.
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင် စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။
အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို လုံးဝထိခိုက်သွားနိုင်ပါတယ်
.
၎။ အနာဟောင်း ပြန်ဖော်ခြင်း
.
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမား ဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြစမြဲပါ။ အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏ ထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။
.
၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို ထိခိုက်စေသော စကားများ
.
ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စ အပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။
.
၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်
.
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက ကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ ချစ်လို့ယူထားကြတာပဲ၊ ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်ပါတယ်။
.
၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ
.
စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊ စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။ “ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့် ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ” စတဲ့စကားမျိုး ကို မပြောဆိုရပါ။
.
၈။ သေတာနဲ့ ချိန်းခြောက်ခြင်း
.
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ် စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။
.
၉။ လက်ပါ ခြင်း
.
ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက် ကို လုံးဝ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင် ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။ ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။
.
၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း
.
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ် ဆိုတဲ့စိတ် မျိုး ၀င်တတ်ပါတယ်။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်။



ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နှစ်စဉ် မေ ၃၁ရက်အားကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ World No Tobacco Day အဖြစ်သတ်မှတ်၍ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် လုပ်ငန်းစဉ်များအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ယခု ၂ဝ၁၅ ခုနှစ်တွင်လည်း ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်အဖြစ်   ''ဆေးလိပ်တရားမဝင်ကုန်သွယ်မှု ရပ်တန့်ဖို့ အလေးထားဆောင်ရွက်စို့ (Stop  Illic Trade of Tobacco Produc ts) ''ဟုသတ်မှတ်၍ ဆေးလိပ် ကုမ္ပဏီကြီးများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးတရားမဝင် ကုန်သွယ်မှု  နည်းလမ်းမျိုးစုံအား  ရပ်တန့်ရေးအတွက်   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ထားပါသည်။

လက်ရှိ ကမ္ဘာ့ဆေးလိပ်သောက်သုံးမှု အခြေအနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ယခုအခါ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးသူဦးရေ သန်း တစ်ထောင်ကျော်ရှိပါသည်။ ၎င်းသန်းတစ်ထောင်အနက် အများစုသည် အာရှတိုက်မှ ဖြစ်ကြပါသည်။ ဖွံ့ဖြိုးပြီး တိုင်းပြည်များသည် ဆေးလိပ်၊ ဆေးရွက်ကြီး၏ အန္တရာယ်ကို သိမြင်လာကြသည့်အလျောက် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုနှုန်းများကျဆင်းလျက်ရှိ
 သော်လည်း ဖွံ့ဖြိုးဆဲ တိုင်းပြည်များတွင် ဆေးလိပ်သောက် သုံးသူဦးရေ တိုးတက်များပြားလျက်ရှိကြောင်း တွေ့ရှိရ သည်။ အထူးသဖြင့် လူငယ်များနှင့် အမျိုးသမီးငယ်များ တွင်သိသာစွာ တိုးတက်များပြားလာသည်ကို တွေ့ရှိရ သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝ၁၄ ခုနှစ် ခန့်မှန်း ချက်အရ နှစ်စဉ်လူဦးရေ ခြောက်သန်းကျော်သည် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့်
 ဖြစ်ပွားသည့် ရောဂါများဖြင့် သေဆုံးလျက်ရှိကြပြီး ၎င်းတို့ အထဲမှ ခြောက်သိန်းကျော်သည် သူတစ်ပါး၏ ဆေးလိပ် ငွေ့ကြောင့် သေဆုံးရခြင်းဖြစ်သည်။ သက္ကရာဇ် ၂ဝ၃ဝ ပြည့်နှစ်တွင် ဆေးလိပ်၊ဆေးရွက်ကြီး သုံးစွဲမှုကြောင့် လူရှစ်သန်းကျော် သေဆုံးမည်ဟု ခန့်မှန်းရပြီး ၎င်းတို့ အနက် မှ ၈ဝ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင် သူများဖြစ်သည်။

၂ဝ ရာစုတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုသည် လူပေါင်း သန်း ၁ဝဝ ကို အသက် ဆုံးရှုံးစေခဲ့ပြီး ၂၁ ရာစုတွင် လူပေါင်း သန်းတစ်ထောင်ကို အသက်ဆုံးရှုံးစေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်သုံးမှု အခြေအနေ

မြန်မာနိုင်ငံတွင်       ကျောင်းသားလူငယ်များ၏ ဆေးလိပ်သောက်သုံးမှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ အသက် (၁၃) နှစ်မှ (၁၅)နှစ်အတွင်းကျောင်းသားလူငယ်များအတွင်း သုတေသနစစ်တမ်း (Global Youth Tobacco Survey-GYTS) အား (၂ဝဝ၁၊၂ဝဝ၄၊၂ဝဝ၇၊ ၂ဝ၁၁) ခုနှစ်များတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။

အထက်ပါသုတေသနတွေ့ရှိချက်များအရ မြန်မာ ကျောင်းသားလူငယ်များအတွင်း စီးကရက်သောက်သုံးမှု နှုန်းမှာ ၂ဝဝ၁ ခုနှစ် စစ်တမ်း (GYTS2001) အရ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝတန်း ကျောင်းသားကျောင်းသူများ၏ ၁ဝ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝဝ၇ ခုနှစ် စစ်တမ်းအရ ၄ ဒသမ ၉ ရာခိုင်နှုန်း သို့ကျဆင်းလာသော်လည်း ၂ဝ၁၁ ခုနှစ်စစ်တမ်းတွင်မူ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာသည်ကိုတွေ့ ရှိရသည်။

သို့သော် ထူးခြားချက်တစ်ခုအနေဖြင့် ကျောင်းသား လူငယ်များအတွင်း ကွမ်းစားခြင်းကဲ့သို့ အခြား ဆေးရွက်ကြီးထွက်ပစ္စည်း အသုံးပြုမှုမှာ ၂ဝဝ၁ ခုနှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းမှ ၂ဝ၁၁ခုနှစ်တွင် ၁၇ ဒသမ ၄ ရာခိုင်နှုန်းသို့ တိုးတက်များပြားလာခြင်းဖြစ်ပါသည်။

အခြားတွေ့ရှိချက်များမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း သည်ကွမ်းယာထဲတွင် ဆေးရွက်ကြီးကို ထည့်သွင်းစားသုံး ကြသည်။ (ယောက်ျားလေး ၁၁ ဒသမ ၉ ရာခိုင်နှုန်း၊ မိန်း ကလေး ၃ ရာခိုင်နှုန်း)။ လုံးဝဆေးလိပ်/ ဆေးရွက်ကြီးထွက် ပစ္စည်းမသုံးစွဲဖူးသေးသူများ၏ ၁၄ ဒသမ ၇ ရာခိုင်နှုန်းမှာ နောင်လာမည့် နှစ်တွင်ဆေးလိပ်/ ဆေးရွက်ကြီးထွက် ပစ္စည်းများကို စတင်သုံးစွဲကြမည့် အလားအလာရှိသည်။

ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်

ဆေးလိပ်၏ အခိုးအငွေ့များတွင် ဓာတ်ပစ္စည်းအမျိုး ပေါင်း ၄၃ဝဝ ကျော်  ပါဝင်သည်။  ၎င်းအထဲတွင် လူများ ကို အန္တရာယ်ဖြစ်စေနိုင်သော (ကတ္တရာ၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုက်၊ ဘင်ဇင်း၊ အမိုးနီးယား)ဓာတ်များစွာ ပါဝင်ပါသည်။ အဓိကပါဝင်သောပစ္စည်းမှာ နီကိုတင်း ဖြစ်ပြီး လူကို အလွန်စွဲလမ်းစေသာ အရာဖြစ်သည်။ ဆေး ပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးတို့ကို စတင်စမ်းသပ်သောက်သုံးကြည့်ရာမှ နီကိုတင်း၏ စွဲလမ်း စေသော အာနိသင်ကြောင့်တဖြည်းဖြည်းပို၍ စွဲလမ်းလာပြီး မသောက်ရမနေနိုင်အောင်ဖြစ်လာကြသည်။

 ဆေးလိပ်၊ ဆေးရွက်ကြီးသည် သုံးစွဲသူတို့၏ ကိုယ် တွင်းရှိ အင်္ဂါအားလုံးလောက်နီးပါးကို ထိခိုက်စေသည်။ အဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊ အသံအိုးကင်ဆာများ အပြင် အစာမျိုပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ၊ အသည်း၊ သားအိမ်ခေါင်း၊ အစာအိမ်၊ အူမကြီး၊ စအိုလမ်း ကြောင်းကင်ဆာများကိုလည်း  ဖြစ်စေနိုင်သကဲ့သို့  သွေး ကင်ဆာများလည်း ဖြစ်စေနိုင်ပေသည်။

ဆေးလိပ်သောက်သုံးခြင်းကြောင့်    အဆုတ်ပွခြင်း၊  နာတာရှည်လေပြွန်ရောင်ရမ်းခြင်းစသော အဆုတ်နှင့် ပတ်သက်သည့် ရောဂါများပိုမိုဖြစ်ပွားစေနိုင်သည်။ ဆေးလိပ်သောက်သုံးသူနှင့်သူ၏ ပတ်ဝန်းကျင်တွင်လည်း ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့်အတွက် လသားကလေးငယ်များ ရုတ်တရက်သေဆုံးခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်း၊ ကလေးများတွင် ရင်ကျပ်ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ လူကြီးများတွင် နှလုံးရောဂါနှင့် အဆုတ်ကင်ဆာဖြစ်ခြင်း၊ ရင်ကျပ်ပန်းနာဖြစ်ခြင်းတို့ဖြစ်ပွားစေသည်။

ဆေးလိပ်သောက်သုံးခြင်းသည် ခန္ဓာကိုယ်၊ လက်၊ ခြေများရှိ သွေးကြောများကျဉ်းသည့်ရောဂါကို ဖြစ်စေသော အဓိကအကြောင်းအရာဖြစ်ပြီး ယင်းရောဂါကြောင့် လက်နှင့်    ခြေထောက်ရှိ    ကြွက်သားများသို့သွေးပေးပို့သော သွေးလွှတ်ကြောများ ကျဉ်းမြောင်းသွားလေသည်။

အသက် (၃၅) နှစ်ကျော် အမျိုးသမီးများတွင် ဆေးလိပ်သောက်သူများနှင့် ပဋိသန္ဓေတားဆေးစားသုံးသူ များသည် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ခြေထောက် သွေးကြောတွင်သွေးခဲသောရောဂါများ
ဖြစ်နိုင်သည်။ ကိုယ် ဝန်ပျက်ခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွား ခြင်းတို့လည်း ဖြစ်တတ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးမျိုးသည် ကျန်းမာရေးကိုသာမက လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်း ကျင်   ကျန်းမာရေးတို့ကိုပါ  ထိခိုက်ပျက်စီးစေတတ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏  ဆေးလိပ်ကုမ္ပဏီကြီးများ ဆေးလိပ်နှင့်ဆေးရွက်ကြီး တရားမဝင်ကုန်သွယ်မှု ကို ဟန့်တားရန် လမ်းညွှန်ချက်များ

ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း စီးကရက် ခြောက်ကုဋေနီးပါးထုတ်လုပ်လျက်ရှိပြီး အကြမ်းအားဖြင့် လွန်ခဲ့ သော ဆယ်စုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ပိုများပါသည်။ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း စီးကရက်များကို နိုင်ငံ အများစုက ထုတ်လုပ်ပြီး ငါးစက္ကန့်တိုင်းတွင် စီးကရက် တစ်သန်း ထုတ်လုပ်လျက်ရှိပါသည်။

ယခင်က ကုမ္ပဏီများသည် စီးကရက်ဈေးကွက်ပိုင် ဆိုင်မှုကိုသာ အာရုံစိုက်သော်လည်း ယခုအခါ ဆေးရွက် ကြီး ထုတ်ကုန်များနှင့်နည်းပညာများ၊ အငွေ့မထွက်သော ဆေးရွက်ကြီးပစ္စည်းများ (ဥပမာ-Snus) ထုတ်လုပ်သော လုပ်ငန်းများကို ဝယ်ယူလာကြသည်။ ၂ဝ၁၁ ခုနှစ်တွင် Phlip Morris International သည် nicotine-infused aerosol ထုတ်လုပ်သော နည်းပညာမူပိုင်ခွင့်ကိုလည်း ကောင်း British American Tobacco ကုမ္ပဏီသည် Nicorentures စီးကရက် သောက်ခြင်းနှင့် အရသာတူသော nicotine အစားထိုးထုတ်ကုန်တစ်ခုကိုလည်း ဦးတည်လာ သည်။

ကမ္ဘာပေါ်တွင် ဆေးရွက်ကြီးထုတ်ကုန်များမှ ရသော ခန့်မှန်းအခွန်အခများသည် တစ်နေရာနှင့်တစ်နေရာ ကွာခြားသော်လည်း တစ်နှစ်လျှင် ဒေါ်လာငါးသန်းခန့်ရှိ သည်။ ဆေးရွက်ကြီးသည် နိုင်ငံများ၏ အစိုးရနှင့် ကျန်း မာရေးစောင့်ရှောက်မှုအပေါ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ် စေသော်လည်း နိုင်ငံပိုင်စက်ရုံများကြောင့်ဆေးရွက်ကြီး အခွန်အခနှင့် အမြတ်များကို ရရှိသောကြောင့် နိုင်ငံတော် အခွန်၏ အဓိကအရင်းအမြစ်ဖြစ်လာပါသည်။

သို့ဖြစ်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) အခန်း (၅ ဒသမ ၃) တွင် ကမ္ဘာ့နိုင်ငံများသည် ဆေးလိပ်ကုမ္ပဏီကြီး များ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး တရားမဝင်ကုန် သွယ်မှု အပါအဝင် ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ ကျန်းမာရေးမူဝါဒများအား ဟန့်တားနှောင့်ယှက်ခြင်းကို ကာကွယ်ရန် ပြဋ္ဌာန်းထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ဆေးရွက်ကြီးထုတ်လုပ်သူများနှင့်ဆေးလိပ်ကုမ္ပဏီများ၏လှုပ်ရှားမှု ကို တုံ့ပြန်နိုင်ရန်အတွက်နည်းဗျူဟာများကို ချမှတ်ထားပြီး ပထမဦးစားပေးအနေဖြင့် အောက်ဖော်ပြပါဆေးရွက်ကြီး ထုတ်လုပ်မှုများနှင့်ဆေးလိပ်ကုမ္ပဏီများ၏လှုပ်ရှားမှုများကိုသိရှိကာကွယ်ကြရန် လမ်းညွှန်ထားပါသည်။

-         မိမိတို့ဒေသရှိ ဆေးရွက်ကြီးထုတ်လုပ်မှုများနှင့် ဆေးလိပ်ကုမ္ပဏီများ၏ လှုပ်ရှားမှုများကို စောင့် ကြည့်လေ့လာခြင်း
-         ပြည်သူလူထုပါဝင်လာစေရန် အသိပေးခြင်းနှင့် သက်သေသာဓကများကို စုဆောင်းအသုံးပြု ခြင်း
-         ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု၏ အမှန် တရားများကို အမာခံဆန့်ကျင်သူများသုံး၍ ပြောပြစေခြင်း
-         နိုင်ငံတကာအတွေ့အကြုံများမှသင်ခန်းစာ များကို ထည့်သွင်းအသုံးပြုခြင်း
-         ဆေးရွက်ကြီးထုတ်လုပ်မှုများနှင့် ဆေးလိပ် ကုမ္ပဏီများ၏ လှုပ်ရှားမှုများ၊ ငြင်းဆိုမှုများ၊ ယုံတမ်းစကားများကို ဖော်ပြခြင်း
-         ဆေးလိပ်နှင့် ဆေးရွက်ကြီးဆန့်ကျင်မှုအဖွဲ့များ ကို စနစ်တကျ ဖွဲ့စည်းခြင်း
-         ဆေးလိပ်နှင့်ဆေးရွက်ကြီး ဆန့်ကျင်မှု နည်း လမ်းများကို သိရှိစေရန် ဆက်သွယ်ဆောင် ရွက်ခြင်းနှင့်ဥပဒေကို လိုက်နာရန် တင်းကျပ် ခြင်း
-         ဆေးရွက်ကြီးထုတ်လုပ်မှုများနှင့် ဆေးလိပ် ကုမ္ပဏီများ၏တရားမဝင်ကုန်သွယ်မှု လှုပ် ရှားမှုများကိုသိသာအောင် ဆောင်ရွက်ခြင်း၊ ထိန်းချုပ်ခြင်း

မြန်မာနိုင်ငံ၏ဆေးလိပ်နှင့်ဆေးရွက်ကြီး တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်များ

ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းဝေးရေးလုပ်ငန်း စီမံချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝဝ၈ ကပ် ရောဂါအသွင် ကမ္ဘာ့ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအစီရင်ခံစာ၏    လမ်းညွှန်ချက်များအတိုင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုကို လျော့နည်းစေရန် (MPOWER)  မူဝါဒခြောက်ချက် ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

(ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကြော်ငြာ ခြင်း၊ အရောင်းမြှင့်တင်ခြင်းကို ပိတ်ပင်တား မြစ်ခြင်း)

အမျိုးသားဥပဒေသည် ဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း တီဗွီ၊ ရေဒီယို၊ မဂ္ဂဇင်း၊ သတင်းစာ၊ ရောင်းချ သည့်နေရာ၊ ကြော်ငြာဆိုင်းဘုတ်များ၊ ပြင်ပတွင် ကြော်ငြာခြင်း၊  အင်တာနက်တွင်  ကြော်ငြာခြင်းအားလုံးကို  လုံးဝ ပိတ်ပင်တားမြစ်ခြင်းနှင့် ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများနှင့် အမှတ်တံဆိပ်များဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အင်တာနက်သို့မဟုတ် အခြားနည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်း၊ ဈေး လျှော့ပေးခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း မဟုတ်သော ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အမှတ်တံဆိပ်နှင့် ထပ်တူဖြစ်အောင်လုပ်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများကို ရုပ်မြင်သံကြားနှင့် ရုပ်ရှင်များတွင် အသုံးပြုခြင်းတို့ကို လုံးဝ ပိတ်ပင်တားမြစ်ပါသည်။

ထို့အပြင်ဥပဒေတွင် ဆေးရွက်ကြီးလုပ်ငန်းရှင်များနှင့် ဆေးလိပ်ကုမ္ပဏီများလိုက်နာရမည့်အချက်များကို အသေးစိတ် ဖော်ပြထားရာ မည်သူမဆို အထက်ပါပြု လုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပထမအကြိမ် ပြစ်မှုကျူးလွန်ပါက ထိုသူအား ငွေဒဏ်အနည်းဆုံးကျပ် ၁ဝဝဝဝ မှ အများ ဆုံး ကျပ် ၃ဝဝဝဝအထိ လည်းကောင်း၊ ဒုတိယအကြိမ်နှင့် အထက်ပြစ်မှုကျူးလွန်ခြင်းဖြစ်ပါက ထိုသူအား တစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ် အနည်းဆုံး ကျပ် ၃ဝဝဝဝ မှ အများဆုံး ကျပ် ၁ဝဝဝဝဝ အထိလည်းကောင်း ချမှတ်ခံရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ နိုင်ငံသားအားလုံးသည်ဆေးရွက်ကြီး ထုတ်လုပ်မှုများနှင့် ဆေးလိပ်ကုမ္ပဏီများ၏ တရားမဝင် ကုန်သွယ်မှု လှုပ်ရှားမှုများကို သတိထားကာ မြန်မာနိုင်ငံတွင် ဆေးလိပ်တရားမဝင်ကုန်သွယ်မှု ရပ်တန့်ရေး အတွက် တစ်တပ်တစ် အားပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
ဒေါက်တာ အောင်ထွဏ်း

8/28/2015

အောင်မြင်ခြင်းနှင့် ကျောက်တုံးတစ်တုံး

"အောင်မြင်ခြင်း" နဲ့ "ရှုံးနိမ့်ခြင်း" လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့ ကျောက်တုံးလေးတွေစုဆောင်းဖို့ တောအုပ်တစ်နေရာကို
ရောက်လာခဲ့ကြတယ်။ နှစ်ဦးသား ကျောက်တုံးတွေစိတ်ကြိုက်ကောက်ယူပြီး
နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။

အပြန်လမ်းမှာ "အောင်မြင်ခြင်း" ရဲ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲပါပြီး "ရှုံးနိမ့်ခြင်း" ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။

ဒါကို "ရှုံးနိမ့်ခြင်း" က အံ့သြပြီး "ခင်ဗျား ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ
ကောက်ခဲ့တာလဲ" လို့ "အောင်မြင်ခြင်း" ကို မေးလိုက်တယ်။

"တစ်တုံးဆို လုံလောက်ပြီ" အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။

 
နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး လမ်းထက်ဝက်မှာ "ရှုံးနိမ့်ခြင်း" က လေးလံတဲ့ကျောပိုးအိတ်ကို မသယ်နိုင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်တုံးတချို့ကို နှမြောသတနဲ့ သူလွင့်ပစ်ခဲ့ရတယ်။ ဆက်လျှောက်ရင်း လျှောက်ရင်း "အောင်မြင်ခြင်း" ကိုအမီ သူမလိုက်နိုင်ခဲ့ပြန်ဘူး။ အမီလိုက်နိုင်ဖို့ အိတ်ထဲက ကျောက်တုံးတချို့ကို သူလွင့်ပစ်ရပြန်တယ်။ ကျောက်တုံးတစ်တုံးသာ လွယ်ပိုးထားတဲ့ "အောင်မြင်ခြင်း"က မမောမပန်းဘဲ ရှေ့မှာဦးဆောင်ပြီးသွားနိုင်ခဲ့တယ်။ "ရှုံးနိမ့်ခြင်း" က ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး လွင့်ပစ်ခဲ့ရလည်း ချွေးတစ်လုံးလုံးနဲ့ မောပန်းနေဆဲဖြစ်တယ်။ အိမ်ပြန်ရောက်ချိန်မှာ "ရှုံးနိမ့်ခြင်း" ရဲ့ အိတ်ထဲမှာ ကျောက်တုံးတွေ ဘယ်လောက်မှ ကျန်မနေခဲ့တော့ဘူး။

အနှစ် (၅ဝ) ကုန်လွန်ပြီးနောက် တစ်ရက်မှာ "အောင်မြင်ခြင်း" နဲ့ "ရှုံးနိမ့်ခြင်း" တို့ လူချင်းဆုံကြတယ်။ အဲဒီအချိန်မှာ အိုမင်းရင့်ရော်နေတဲ့ "ရှုံးနိမ့်ခြင်း" ကို "အောင်မြင်ခြင်း" မမှတ်မိခဲ့ဘူး။ တစ်ချိန်ကသန်မာဖြတ်လတ်မှုတွေကို "ရှုံးနိမ့်ခြင်း" ဆီမှာ မတွေ့ခဲ့ရတော့ဘူး။ "အောင်မြင်ခြင်း" ကတော့ လွန်ခဲ့တဲ့ အနှစ်(၅ဝ)ကအတိုင်း သွက်လက်ပြီး သူ့မျက်နှာပေါ်မှာ မိမိကိုယ်ကိုယ် ယုံကြည်တဲ့အပြုံးတွေ ပိုတောက်ပနေခဲ့တယ်။ အချိန်အတော်ကြာ ခွဲခွါခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး ရှေးဟောင်းနှောင်းဖြစ်ပြောဆိုကြရင်း "အောင်မြင်ခြင်း" အောင်မြင်လာခဲ့ရတဲ့အကြောင်းကို "ရှုံးနိမ့်ခြင်း" က မေးခဲ့တယ်။

"ငါ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ရှိခဲ့လို့" လို့"အောင်မြင်ခြင်း" ပြန်ဖြေပါတယ်။

တကယ်တော့ အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ထည့်ပြီး အမြဲလွယ်ပိုးထားဖို့ရာ လွယ်ကူတဲ့အလုပ် မဟုတ်ခဲ့ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ကျောက်ခဲကျောက်တုံးတွေ အများကြီးရှိတဲ့ထဲကနေ
ကျောက်တုံးတစ်တုံးကိုပဲ ရွေးနိုင်ဖို့ရာ သတ္တိတွေရှိရသလို ခိုင်မာတဲ့ဆုံးဖြတ်ချက်လည်း ရှိရတယ်။ လူ့ဘဝလမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ကျောက်တုံးထက် လူတွေကို ဆွဲဆောင်နိုင်တဲ့အရာဝတ္ထုတွေ အများအပြားရှိခဲ့တယ်။ ဥပမာ- ငွေကြေး၊ ဂုဏ်ပကာသန၊ ရာထူးအာဏာ၊ နာမည်ကောင်း၊ အိမ်၊ ကား.. စတာတွေဖြစ်ပြီး တစ်ခုခုကို လက်လွှတ်နိုင်ဖို့ သတ္တိ၊ ဆုံးဖြတ်ချက်တွေ ရှိရပါတယ်။

တချို့က ဘာကိုမှ လက်မလွှတ်ချင်ကြဘဲ ကိုယ့်အိတ်ထဲ အကုန်သိမ်းကြုံးထည့်ပြီး နောက်ဆုံးမှာ "ရှုံးနိမ့်ခြင်း"လို မသယ်နိုင်၊ ရှေ့ဆက်မသွားနိုင် ဖြစ်ကြရတယ်။ တချို့ကတော့ "အောင်မြင်ခြင်း" လို့ အရာရာကို လက်လွှတ်ပြီး ကိုယ်အလိုအပ်ဆုံးတစ်ခုကို အိတ်ထဲအမြဲ ထည့်လွယ်နိုင်ခဲ့ကြတယ်။

-----

မူရင်းရေးသားသူ--- Liu Xia Feng
မူရင်းလင့် -- http://www.minghui-school.org/school/article/2004/11/5/37727.html

နိုင်းနိုင်းစနေ (Monday, July 06, 2009)

အမျိုးသမီးဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်

မိန်းမရဲ့တစ်သက်က ခက်ခဲတဲ့တစ်သက်ဖြစ်တယ်။
သမီးတော်အဖြစ် အနှစ် ၂ဝ၊ မိဖုရားအဖြစ် ၁ရက်၊ တော်ဝင်မင်းသမီးအဖြစ် ၁ဝလ၊ အထိန်းတော်အဖြစ် တစ်သက်.. ဒါဟာ မိန်းမတစ်ယောက်ရဲ့တစ်သက်တာဖြစ်တယ်။ မိန်းမအများစုဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့ပါတယ်။
 မိန်းမဟာ ကလေးငယ်ကိုပွေ့ချီထားပြီး နွားနို့ကျိုနေတယ်၊ အဝတ်လျှော်နေတယ်။ ဆပ်ပြာတွေပေနေတဲ့လက်နဲ့ နဖူးထက်ကချွေးတွေကို သုတ်ရင်း “အင်း.. အခုအချိန်မှာ ကလေးငယ်သေးတယ်၊ ကလေးကြီးလာရင် ငါလည်းအားလပ်ချိန်လေးတော့ရှိလာမှာပါ”လို့ တွေးတယ်။
ကလေးတဖြည်းဖြည်းကြီးလို့ မူကြိုတက်တဲ့အရွယ်ရောက်လာခဲ့တယ်။ မိန်းမဟာ ကလေးတစ်ဖက်နဲ့ ဈေးသွားတယ်၊ ချက်ပြုတ်တယ်၊ အလုပ်မှာလည်း မလစ်ဟင်းအောင်ကြိုးစားတယ်။ နေ့နေ့ညည အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ နေမင်း၊ ကြယ်နဲ့လတို့ကို သူမေ့သွားခဲ့တယ်။

ကိစ္စမရှိဘူး… ကလေးကျောင်းသွားတဲ့အခါ အားလပ်ချိန်တချို့ရှိလာနိုင်ပါတယ်… မိန်းမတွေက ဒီလိုပဲပြောကြတယ်။ သူတို့မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်းတွားတက်လာတာကို သူတို့ဥပေက္ခာပြုထားခဲ့မိကြတယ်။

ကလေးကျောင်းတက်တဲ့အရွယ်ရောက်လာခဲ့ပြီ… မိန်းမဟာ ပိုအလုပ်များရတော့တယ်။
ကလေးကို လူတော်လူကောင်း ထူးချွန်ထက်မြက်သူဖြစ်အောင် ပြုစုပျိုးထောင်ရတယ်။ မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ၊ အလုပ်၊ သားရေးသမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲလည်နေတော့တယ်။ သားသမီးနဲ့လင်ယောက်ျားက နဂါးငွေ့တန်းပါ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမအများက ဒီလိုတွေးခဲ့ကြတယ်။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…
ငွေရောင်ဆံနွှယ်တချို့က မိန်းမရဲ့နွမ်းနယ်တဲ့နဖူးထက်ကနေ လေဟာနယ်ထဲလျောကျသွားခဲ့တယ်။
“ဘယ်အချိန်ခါမှများ စိတ်လွတ်ကိုယ်လွတ်နဲ့ ငါခဏအနားရနိုင်မလဲ…”
လရောင်မရှိတဲ့ညနက်မှာ မိန်းမဟာ နာကျင်ညောင်းကိုက်နေတဲ့အကြောတွေကို အားစိုက်ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကိုမေးတယ်။

အာ… တောင့်ခံလိုက်ပါဦး… ကလေးကြီးလာလို့ တက္ကသိုလ်တက်ချိန်ရောက်ရင် ဒါမှမဟုတ် သူတို့အလုပ်ရသွားတဲ့အခါ အရာအားလုံးကောင်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ။ အဲဒီအချိန်ရောက်ရင် ငါလည်း အားလပ်ချိန်ရှိလာမှာပါ။
မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကိုကတိပေးတယ်။
အချိန်က မိန်းမရဲ့လှပမှုနဲ့အားအင်တွေကို စုပ်ယူသွားခဲ့တယ်။ မျက်နှာပေါ်ကအရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှုတုံ့နှေးခြင်းတွေကို တွင်းမည်းကြီးပမာ ချန်ထားရစ်ခဲ့တယ်။
မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

ကလေးက အတောင်ပံစုံလင်ပြီး မိခင်အသိုက်ကနေ ခွာသွားခဲ့တယ်။ မိခင်ကိုအဖော်ပြုဖို့ အမွေးအတောင်ဟောင်းတချို့သာ ချန်ထားရစ်ခဲ့တယ်။
မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနားနေနေ နေဖို့အချိန်ရပြီလို့တွေးတယ်။
ဒါပေမယ့် နှမြောစရာကောင်းတာက သူ့သွားတွေ ချိနဲ့ကုန်ပြီ၊ မာတဲ့အစာတွေကို မဝါးနိုင်တော့ဘူး။
သူ့မျက်လုံးတွေ မွဲကုန်ပြီ လှပတဲ့အရောင်တွေကို မခွဲခြားတတ်တော့ဘူး။
သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး။ သာယာနှာပျော်ဖွယ်တေးသံတွေကို မခံစားတတ်တော့ဘူး။
သူ့လှုပ်ရှားသွားလာမှုတွေ တုံ့နှေးခဲ့ပြီ ဝေးဝေးလံလံ မသွားနိုင်တော့ဘူး။
ထွက်သွားတဲ့ကလေး ပြန်ရောက်လာခဲ့တယ်။ အဲဒီကလေးက သူ့ထက်ငယ်တဲ့ ကလေးသေးသေးလေးတစ်ယောက် ခေါ်ပြန်လာခဲ့တယ်။
အချိန်တွေ ပြန်ပြောင်းစီးဆင်းသွားပြန်ပြီလို့ မိန်းမထင်တယ်။ အဲဒီလိုနဲ့ ကလေးရဲ့ကလေးအတွက် မိန်းမအလုပ်စများရတော့တယ်။ အဲဒီကလေးလေးက စကားစသင်နေပြီး သူ့ကိုခေါ်တာ “မေမေ” မဟုတ်ဘဲ “ဘွားဘွား” ဖြစ်သွားခဲ့တယ်။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…
ဒီလိုနဲ့တစ်နေ့မှာ မိန်းမဟာ ဘာအားလပ်ရက် အနားယူဖို့မှ မလိုအပ်ခဲ့တော့ဘူး။
နောက်ဆုံးအချိန်ရောက်မှ ဟိုးအရင်အရင်အချိန်တုန်းက သူ့ကိုယ်သူပေးခဲ့တဲ့ကတိကို သူပြန်သတိရလိုက်မိတယ်။ အဲဒီကတိက နွေဦးရာသီနေ့ရက်တစ်နေ့မှာ ပဝါအနီရောင်ကိုလွှမ်းခြုံပြီး မြက်ခင်းစိမ်းစိမ်းတစ်နေရာမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် နေပူစာခံမယ်၊ ကျောက်တုံးပေါ်တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ခြေသံကို နားထောင်မယ်…..
အာ… အဲတာမှ တကယ့်ဇိမ်ခံအနားယူတာပဲ..
မိန်းမဟာ အဲဒီလိုတွေးရင်းတွေးရင်း ထာဝရအိပ်စက် အနားယူသွားခဲ့ပါတယ်။
မိန်းမတစ်ယောက် ထာဝရအိပ်စက်အနားယူသွားတာကို ဒီလိုပုံဖော်ရေးသားရတာ ဝမ်းနည်းစရာကောင်းပါတယ်.. ခွင့်လွှတ်ပါ။
မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

မိန်းမတော်တော်များများဟာ စိတ်သဘောထားကြီးစွာ တခြားသူအတွက် ချစ်ခြင်းမေတ္တာတွေပေးဆပ်နေချိန်မှာ လူတစ်ယောက်ကိုချစ်ဖို့ သူတို့မေ့သွားခဲ့ပါတယ်။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲဖြစ်တယ်။
မိန်းမတို့ရေ… ကိုယ့်ကိုယ်ကိုဖြေဖျော်ဖို့ အချိန်နည်းနည်းလောက်၊ နေရာလပ်နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့။ အချိန်မဆွဲပါနဲ့.. အချိန်ကိုမစောင့်ပါနဲ့လို့ အကြံပေးချင်ပါတယ်။
အခုအချိန်ကစ.. ဒီကနေ့ကစပြီး…. ပန်းကန်ထဲကအသားတွေကို ကလေးရဲ့ပါးစပ်ရှေ့ပဲရောက်အောင် မပို့ပါနဲ့တော့။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထားပါနဲ့တော့။ ခွန်အားတွေအားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ်မထားပါနဲ့တော့။ အခါကြီးရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့စာရင်းထဲမှာ ကိုယ့်နာမည်ကိုမေ့မထားပါနဲ့တော့။ ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကိုချစ်တဲ့နည်းတူ ကိုယ့်ကိုယ်ကိုချစ်ဖို့လည်း မမေ့ပါနဲ့။

ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ၊ နှမြောစရာကောင်းလွန်းလို့ပါ…
-------------
(ဖတ်မိတဲ့စာတစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်..
"မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်")
နိုင်းနိုင်းစနေ (June. 21. 2015)

ယောက်ျားတစ်ယောက်က ပြောတယ်......

(၁) မိန်းကလေးတစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။
လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။

(၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။

(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ
အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။

(၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။

(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ ပိတ်မထားဘူး... ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်။

(၆) သူငယ်ချင်းတစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့အခါတိုင်း နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် ခမ်းခမ်းနားနားကျင်းပတဲ့ပွဲမှန်သမျှ နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်။

(၇) တချို့ကပြောတယ်.. မိန်းမယူတာ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။ ငါတော့ ဒီလိုမထင်ဘူး။ အိမ်မှုကိစ္စတွေကို ငါခွဲဝေကူလုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါလုပ်တယ်ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့။

(၈) ဝမ်းနည်းတဲ့ဘယ်လိုကိစ္စမျိုးမဆို ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့ နင့်ကိုငါအမှီပေးမယ်။

(၉) ငါ့မှာ ယောက်ျားမာန်ဆိုတာရှိတတ်တယ်။ အပြင်မှာ၊ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ ငါ့ကိုမျက်နှာသာပေးဖို့ မမေ့ပါနဲ့။ အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်။

(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။ ရင့်ကျက်တဲ့မိန်းမတစ်ယောက်ဟာ အရမ်းမောရတတ်တယ်။ ငါ့ကို နင်ချွဲနွဲ့လို့ရတယ်။ နင့်ကို ဂရုစိုက်ကာကွယ်တာဟာ ငါရဲ့တစ်သက်တာ တာဝန်ပါ။

(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံမရှိတော့သွားတဲ့အခါ ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။ ဘဝဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ။ ငွေကြေးကိုဖြတ်သန်းနေတာ မဟုတ်ပါဘူး။


-----
မိန်းကလေးတွေ လိုချင်တာ သိပ်မများဘူး။
ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး။
လိုချင်တာချင်း တူချင်မှတူလိမ့်မယ်ဆိုပေမယ့် ချစ်ခြင်းမေတ္တာအဓွန့်ရှည်ဖို့၊ တည်တံ့ခိုင်မြဲဖို့၊ သာယာချမ်းမြေ့ဖို့၊ အချင်းချင်းနားလည်မှုရယူနိုင်ဖို့ကတော့ တူကြပါလိမ့်မယ်။
တချို့ကပြောတယ်...
မိန်းမက ရေ၊ ယောက်ျားက ရွံ့ပါတဲ့။
အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုရဲ့ လှပပြီးပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့
ရွံ့နဲ့ရေရဲ့ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့။ ရွံ့များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့မရနိုင်ဘူး။ ရေများရင် ရွံ့ပျော့ကုန်တယ်။ ရွံ့နဲ့ရေကို အချိုးကျပေါင်းစပ်မှ လှပတဲ့ပုံသဏ္ဍာန်တစ်ခုကို ထုဆစ်နိုင်မှာဖြစ်ပါတယ်။
(ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်)
နိုင်းနိုင်းစနေ (July. 23. 2015)
.

မနာလိုမှုကဖြစ်တည်တဲ့ နာကျင်ကြေကွဲခြင်း

တစ်ခါက သူဌေးသူကြွယ်ကြီးတစ်ဦးဟာ အရွယ်နှောင်းမှ သားတစ်ယောက်ရလာခဲ့တယ်။ အဲဒီသားဟာ မငိုတတ်ဘဲ ရယ်ပဲရယ်တတ်ပါတယ်။ သူကြွယ်ကြီးက ဒီကလေးဟာ သာမန်ကလေးတွေလိုပဲ တခြားဘာထူးခြားမှုမှမရှိဘူးဆိုတာကို သက်သေပြနိုင်အောင် နည်းမျိုးစုံသုံးပြီး သားကိုငိုအောင်လုပ်ဖို့ အကြံထုတ်နေခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးတစ်ပါး အိမ်ရှေ့ကနေ ဖြတ်ကြွသွားတဲ့ချိန်မှာ သူကြွယ်ကြီးက သားကိုပွေ့ချီပြီး ဘုန်းကြီးကိုပြပါတယ်။ ကလေးက သူစိမ်းမကြောက်သူမို့ ဘုန်းကြီးကို တွေ့တာနဲ့ရယ်ပြနေခဲ့ပါတယ်။ သူကြွယ်က ကလေးကို ခပ်နာနာတစ်ချက်ရိုက်လိုက်ပါတယ်။ ကလေးက မျက်ခုံတစ်ချက်တွန့်ပြီးငြိမ်သွားပေမယ့် မငိုခဲ့ပါဘူး။
“ဘုန်းဘုန်းဘုရား… ဒီကလေးမှာ ဉာဏ်ရည်ချွတ်ယွင်းတာမျိုးရှိပါသလား”လို့ သူကြွယ်က ဘုန်းကြီးကိုမေးမြန်းလျှောက်တင်တယ်။

ဘုန်းကြီးက ဘာမှမပြောဘဲ သစ်သီးခွက်ထဲက ငှက်ပျောသီးတစ်လုံးနဲ့ စပျစ်သီးတစ်ခိုင်ကို ယူလိုက်တယ်။ ပြီးတော့ ကလေးရှေ့မှာ ဝေ့ပြလိုက်တယ်။ ကလေးက တစ်ချက်စဉ်းစားပြီး စပျစ်သီးကိုလှမ်းယူတယ်။ ပြီးတော့ ရယ်နေပြန်ပါတယ်။
“ဒီကလေး ငှက်ပျောသီးလုံးလုံးမစားဘူး ဘုရား”လို့ သူကြွယ်ကလျှောက်တင်တယ်။
ဘုန်းကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး “သူလိုချင်တာကို သူယူတယ်၊ ဉာဏ်ရည်မချွတ်ယွင်းပါဘူး” လို့ ဖြေတယ်။

သူကြွယ်ဟာ သစ်သီးခွက်ထဲက ငှက်ပျောသီးကိုလှမ်းယူလိုက်တယ်။ ဒါကို ကလေးကတွေ့တော့ တစ်ချက်တွေဝေသွားပေမယ့် စိတ်မကောင်းမဖြစ်သလို ငိုလည်းမငိုဘူး။
“ကြည့်စမ်း… ဆုံးရှုံးသွားပေမယ့် စိတ်မကောင်းမဖြစ်သလို ငိုလည်းမငိုဘူး။ ဒီကလေးက ဘုန်းကြီးဝင်စားတာလားမသိဘူး။ တပည့်တော်ရဲ့အရိုက်အရာကို သူအမွေဆက်ခံရပါမယ်။ သူ့ကို တပည့်တော် တောမထွက်စေချင်ပါဘူး။ ဘုန်းဘုန်း ကူညီပါ”
ဘုန်းကြီးက ခဏလောက်စဉ်းစားလိုက်ပြီး စားပွဲပေါ်က သစ်သီးခွက်ကိုယူလိုက်တယ်။ ပြီးတော့ သူကြွယ်ကို “လာ..ဘုန်းဘုန်းနောက်လိုက်ခဲ့”လို့ဆိုတယ်။

သူကြွယ်ရဲ့အိမ်ရှေ့တံခါးဝရောက်တော့ ကလေးသုံးယောက်က တံခါးဝရှေ့မှာ ဆော့ကစားနေကြတယ်။ ဘုန်းကြီးက ကလေးတွေကိုကြည့်လိုက်၊ သစ်သီးခွက်ကိုကြည့်လိုက်လုပ်တယ်။ သစ်သီးခွက်ထဲမှာ ငှက်ပျောသီးသုံးလုံးနဲ့ စပျစ်သီးတစ်ခိုင်ရှိနေတယ်။ ဘုန်းကြီးက ကလေးတွေကိုခေါ်ပြီး တစ်ယောက်ကို ငှက်ပျောသီးတစ်လုံးပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ ချက်ချင်းခွာစားလိုက်ကြတယ်။
ဒီအချိန်မှာ သူကြွယ့်သားက လက်ဆန့်ပြီး ငှက်ပျောသီးကိုလက်ညိုးထိုးရင်း ထအော်တော့တယ်။ သူကြွယ်က စပျစ်သီးကိုယူပြီး “အဲတာက သားလုံးဝမကြိုက်တဲ့ ငှက်ပျောသီးလေ… ဒါက သားအရမ်းကြိုက်တဲ့ စပျစ်သီးပါ” လို့ သားကိုချော့တယ်။

ကလေးက စပျစ်သီးကိုဖျတ်ခနဲယူပြီး စိတ်တိုတိုနဲ့ မြေကြီးပေါ်လွင့်ပစ်လိုက်တယ်။ ငှက်ပျောသီးကိုပဲ သူလက်ဖြန့်တောင်းနေခဲ့ပါတယ်။ ကလေးသုံးယောက်က ငှက်ပျောသီးကို အမြန်စားလိုက်ကြတယ်။ ငှက်ပျောခွံကိုကြည့်ပြီး သူတို့ကျေနပ်အားရစွာနဲ့ သူကြွယ်ရဲ့သားကို ရယ်ပြလိုက်ကြတယ်။
အဲဒီမှာ သူကြွယ့်သားက ရုတ်တရက် ထအော်ငိုပါတော့တယ်။ သူကြွယ်ရော၊ အခိုင်းအစေတွေပါ လန့်ဖျပ်ကုန်ကြတယ်။

“ခါတိုင်း သူ ငှက်ပျောသီးလုံးဝမစားပါဘူး.. ဘာဖြစ်လို့ ဒီနေ့မှာ ငှက်ပျောသီးကြောင့် ငိုရတာပါလိမ့်”လို့ သူကြွယ်က ဝမ်းသာလှုပ်ရှားတဲ့စိတ်နဲ့ နားမလည်စွာမေးတယ်။
“ဒီလောကမှာ လူတချို့ရဲ့ဝမ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့မဟုတ်ဘူး၊ တခြားသူ ရသွားလို့ဖြစ်တယ်”လို့ ဘုန်းကြီးက ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်။
နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာဖြစ်တယ်။
-----------
မူရင်းရေးသားသူ-- Zhāng dé fēn
မူရင်းလင့် -- http://www.85nian.net/shenghuo/26956.html
နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း သြဂုတ်လ)

ပုစဉ်းရင်ကွဲ

အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွာတစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးသွားပြီး နေထွက်၊ နေဝင်ချိန်ကိုသွားကြည့်ကြတယ်။ သူတို့က မြင်သူတကာအားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် ကောင်မလေး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထက်မှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ်ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေးကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးခဲ့ပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲဆုတောင်းခဲ့တယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့
မေတ္တာတရားကြောင့် သူ့အပေါ်သနားသက်ဝင်ပြီး မျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။
ဘုရားသခင်ကကောင်လေးကို “ ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘဝနဲ့ လဲလှယ်နိုင်မလား” လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
“ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ ပုစဉ်းဘဝအဖြစ် အသင် သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား” လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွ သဘောတူကြောင်း ချက်ချင်းပြန်ဖြေလိုက်တယ်။
 မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျင်အမြန် ပျံသန်းလာတယ်။ လူနာခန်းထဲ ဝင်ကြည့်တော့ ကောင်မလေးကနိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကိုတွေ့လိုက်တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းမကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံကဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှမသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြည်းဖြည်းကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာကခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့တောင်ပံနဲ့ ကောင်မလေးရဲ့ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ပါးစပ်နဲ့ ကောင်မလေးရဲ့ပခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားဆီ အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့သူ့တောင်ပံတွေ လေဟာနယ် တဝက်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေးကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း၊ သူတို့ရဲ့အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘဝက အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ပခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲကဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေခဲ့တယ်။
သုံးနှစ်မြောက်နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ပခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။
ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို အချစ်မြစ်ထဲမျောပါကြည်နူးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ပါဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝသတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ပခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ သစ္စာခံယူနေတဲ့အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့လက်ကို လက်ထပ်လက်စွပ်ဝတ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။
“အသင် နောင်တရပြီလား” ဘုရားသခင်က ပုစဉ်းကိုမေးတယ်။
“နောင်တလုံးဝမရပါဘူး” မျက်ရည်တွေကိုသုတ်ရင်း သူပြန်ဖြေတယ်။
“မနက်ဖြန်ဆို လူ့ဘဝအသွင်ပြောင်းလို့ရပြီ”လို့ ဘုရားသခင်ကပြောတော့ ပုစဉ်းကခေါင်းခါပြီး ...
“ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တချို့ကံတရားက လက်လွှတ်ဆုံးရှုံးဖို့စီရင်လာပြီးသားပါ။ တချို့ဖူးစာက ပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။
လူတစ်ယောက်ကိုချစ်တာဟာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ကိုရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်”လို့ပြောလိုက်တယ်။
သင့်ပခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....
-----
ပြန်တင်ပေးဖို့ဆိုလာသူအတွက်
လွန်လေပြီးသောအခါက ဘာသာပြန်ခဲ့တဲ့ စာတစ်ပုဒ်ပါ... နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်
နိုင်းနိုင်းစနေ (Saturday, November 03, 2007)

လူ့ဘဝ ဒီတစ်သက်..

လူ့ဘဝတစ်သက်က သွားသုတ်သုတ် လာသုတ်သုတ်ပါပဲ။ ဆွေမျိုးမိဘတွေရဲ့ ပြုံးပျော်ရယ်မောသံကြားမှာ ကျွန်တော်တို့ မွေးဖွားခဲ့တယ်။ ပြီးတော့ မောင်နှမဆွေမျိုးတွေရဲ့ ဝမ်းနည်းငိုရှိုက်သံကြားမှာ ကျွန်တော်တို့ ထွက်ခွာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှင်ခြင်း၊ သေခြင်းကို ကျွန်တော်တို့ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဒီတစ်သက်ပိုင်ဆိုင်ရတာကို ကျွန်တော်တို့ဝမ်းမြောက်ပျော်ရွှင်သင့်ပါတယ်။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရဖို့ကို လူတိုင်းမျှော်လင့်ကြတယ်။ ဒါပေမဲ့ ဘဝက လူအလိုကို လိုက်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ အခက်အခဲ၊ ဦးနှောက်ခြောက်စရာကိစ္စတွေကို နေ့တိုင်း တစ်ခုမဟုတ်တစ်ခု ကြုံကြရတယ်။ လူ့ဘဝတစ်သက်မှာ လက်မှိုင်ချရတဲ့အချိန်အခါတွေ၊ ရင်ဆိုင်ကြုံတွေ့ရတဲ့ အချစ်၊ အမုန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ လူ့ဘဝဟာ ဒီတစ်သက်လေးပဲရှိတယ်လို့ တွေးတောလိုက်ရင် ခွင့်မလွှတ်နိုင်စရာ၊ လက်မလွှတ်နိုင်စရာ ဘာများရှိဦးမလဲ... လူ့ဘဝထဲက အခက်အခဲ၊ ရန်ငြိုး၊ အချစ်၊ အမုန်း၊ စိတ်ရှုပ်စရာတွေက နောင်ဆယ်စုနှစ်မှာ အခိုးအငွေ့နဲ့ ပျောက်ကုန်သွားနိုင်တာမို့ ဘာအတွက် မကျေမနပ်၊ ဘာအတွက် မဖြေရှင်းနိုင်စရာ ရှိဦးမလဲ...
 လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော်တို့ဖြတ်သန်းသင့်တယ်။ ဘဝရဲ့ယုံကြည်မှုတွေ ကျွန်တော်တို့ လက်မလွှတ်သေးသမျှ၊ စိတ်ကူးအိပ်မက်တွေကို လိုက်လံရှာဖွေရင်း အရာရာကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်မယ်၊ ရိုးသားကြိုးစားမယ်၊ အခွင့်အရေးကောင်းတွေကို အမိအရဖမ်းဆုပ်မယ်၊ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေရှိမယ်ဆိုရင် ဘဝရဲ့အိပ်မက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။ လူ့ဘဝတစ်သက်က တိုတောင်းတာမို့ အသက်အရွယ်ပိုင်းတိုင်းကို လှပတောက်ပနေအောင် ကျွန်တော်တို့ကြိုးစားသင့်ပါတယ်။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်ကို အလဟသမဖြစ်ပါစေနဲ့။ ဒါကြောင့် ပျော်ရွှင်ခြင်းနဲ့စတင်ပြီး သင်လုပ်ချင်တာကို လုပ်ပါ။ သင်ချစ်ချင်တာကို ချစ်ပါ။ အမှားလုပ်မိခဲ့ရင် နောင်တမရပါနဲ့၊ မညည်းတွားပါနဲ့၊ လောကမှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ အမှားထဲကနေ သင်ယူပါ။ လဲကျသွားရင် အသစ်တဖန် ပြန်ထရပ်ပါ။ နောက်ထပ် ရှေ့ဆက်လှမ်းမယ့်ခြေလှမ်းတွေ ပိုခိုင်မြဲတည်ငြိမ်မယ်လို့ ယုံကြည်ထားပါ။ မိုးသက်လေပြင်း မကျရောက်ခဲ့ရင် လှပတဲ့သက်တန့်လည်း ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ လူ့လောကထဲကို အလျင်စလိုနဲ့ရောက်လာခဲ့တဲ့ ကျွန်တော်တို့မှာ ကြိုးစားရုန်းကန်ဖို့ ရည်ရွယ်ချက်တစ်ခုတော့ရှိရတယ်။ ကြိုးစားရုန်းကန်သင့်တာကို ကျွန်တော်တို့ကြိုးစားရုန်းကန်တယ်၊ ရင်ဆိုင်ဖြေရှင်းသင့်တာကို ကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းတယ်ဆိုပေမယ့် ဒါဟာ ကျေနပ်အားရစရာ မဟုတ်သေးပါဘူး။ တခြားရှုထောင့်ကနေ ကျွန်တော်တို့ဆန်းစစ်ကြတဲ့အခါ လူ့ဘဝတစ်သက်မှာ ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်သေးတဲ့ အိပ်မက်တွေ၊ ကျွန်တော်တို့ အရောက်မလှမ်းနိုင်သေးတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ ရှိနေပါသေးတယ်။ အကောင်အထည် မဖော်နိုင်သေးတဲ့ စိတ်ကူးအိပ်မက်တွေ၊ အရောက်မလှမ်းနိုင်သေးတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ကျွန်တော်တို့ လှမ်းမျှော်ကြည့်မိတဲ့အခါ အနိုင်အရှုံးကိုအစွဲမရှိတဲ့ စိတ်ဓာတ်တစ်ခု ကျွန်တော်တို့မှာရှိသင့်ပါတယ်။ ကျွန်တော်တို့ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့ ကိစ္စရပ်တစ်ခုဟာ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ကျွန်တော်တို့ အားရကျေနပ်သင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ခွန်အားစိုက်ထုတ် ကြိုးစားခဲ့ဖူးလို့ ကိုယ့်စိတ်ကို ကိုယ်လိပ်ပြာလုံစေခဲ့လို့ဖြစ်တယ်။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှင်သန်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ရှင်သန်ချင်ရင် "မှတ်သားသင့်တာကို မှတ်သားပါ။ မေ့သင့်တာကို မေ့ပစ်ပါ။ ပြောင်းလဲသင့်တာကို ပြောင်းလဲပါ။ ပြောင်းလဲလို့မရတာကို လက်ခံပါ"ဆိုတဲ့ အဆိုကို သင်လိုက်နာရပါမယ်။ ဒီလိုမှပဲ လွတ်လပ်ပေါ့ပါးတဲ့ ဘဝနဲ့ သင်ရှင်သန်နိုင်မှာဖြစ်တယ်။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။
ငွေကြေး၊ ရာထူးအာဏာ၊ နာမည်ဂုဏ်ရှိန် ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ကောင်းကောင်းမဆက်ဆံရမလဲဆိုတာပါပဲ။ လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားလဲ သေဆုံးသွားတဲ့အခါ အရာအားလုံးက ပျောက်ကွယ်သွားတာပါပဲ။ ဒီလိုတာ ကျွန်တော်တို့တွေးတောနိုင်ခဲ့ရင် ဦးနှောက်ခြောက်စရာ၊ ပကာဓနအရှိန်အဝါတွေနဲ့ ကိုယ့်ကိုယ်ကိုပိုစိတ်ညစ်အောင် ကျွန်တော်တို့ ထပ်မလုပ်မိနိုင်တော့ပါဘူး။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ပျော်ရွှင်ဖို့က အဓိကပါ။ ပျော်ရွှင်ရင်လည်း ဒီတစ်ရက်ပါပဲ။ စိတ်ညစ်ရင်လည်း ဒီတစ်ရက်ပါပဲ။ ဘာဖြစ်လို့ ဒီတစ်ရက်ကို စိတ်ညစ်တာနဲ့ ကုန်ဆုံးစေမလဲ...

ဟုတ်ပါတယ်... လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ အမှားလုပ်မိရင် အစကပြန်စလို့မရနိုင်တဲ့ ဒီတစ်သက်၊ အသဲကြွေရင် ပြန်ဆက်လို့ခက်တဲ့ ဒီတစ်သက်၊ ဒီကနေ့ကိုကုန်ဆုံးပြီးရင် နောက်ထပ် ဒီကနေ့ကို ပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊ တစ်စက္ကန့် တစ်မိနစ်ကို အစားပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊ ဘာဖြစ်လို့ ဒီတစ်သက်ကို ကျွန်တော်တို့ ကောင်းကောင်းတန်ဖိုးမထားနိုင်ရမလဲ..
ဘာဖြစ်လို့ ဒီတစ်သက်ကို ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ပြည့်နေရမလဲ..
ဘာဖြစ်လို့ အမုန်းနောင်တတွေနဲ့ ပြည့်နေစေမလဲ....
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ကိုယ့်ကိုယ်ကို ဖမ်းဆုပ်တတ်ဖို့ သင်ယူရပါတယ်။ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ဆိုင်နိုင်သလို အကောင်းမြင်စိတ်နဲ့ ဖမ်းဆုပ်နိုင်ပါတယ်။ အလိုမကျတဲ့အခါပဲဖြစ်ဖြစ်၊ အလိုကျတဲ့အခါပဲဖြစ်ဖြစ်၊ မခံမရပ်နိုင်တဲ့အခါပဲဖြစ်ဖြစ်၊ နာကျင်ဝမ်းနည်းခြင်းထဲ နစ်ဝင်နေတဲ့အခါပဲဖြစ်ဖြစ်... ဘယ်လိုပဲဖြစ်ဖြစ်....

ဒီတစ်သက်ကိုပိုင်ဆိုင်ရလို့ ကံကောင်းတယ်ဆိုတာကို တွေးလိုက်ပါ။
လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ နောင်ဘဝဆိုတာရှိမရှိ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် ပြုံးရယ်ပျော်ရွှင်ခြင်းနဲ့ ဒီတစ်သက်ကိုစတင်ပါ။ ရှင်သန်တဲ့ဒီတစ်သက်မှာ ပျော်ရွှင်နေဖို့က အဓိကပါ။ ကျန်းမာတဲ့ စိတ်ခန္ဓာတစ်ခုပိုင်ဆိုင်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို ပျော်ရွှင်တဲ့စိတ်နဲ့လုပ်ပါ။ ကိုယ့်တန်ဖိုးကို ကိုယ်အကောင်အထည်ဖော်တာဟာ လူ့ဘဝရဲ့အပျော်ရွှင်ဆုံးပါပဲ။
လှပတဲ့ရှုခင်းတွေ အမြဲမတည်နိုင်၊ ပန်းကောင်းတွေ ကြာကြာမပွင့်လန်းနိုင်ဆိုသလို လူ့ဘဝကလည်း တိုတောင်းလွန်းပါတယ်။ ဒါကြောင့် တန်ဖိုးထားမြတ်နိုးပါ။ ကောင်းကောင်းဆက်ဆံပါ။ အမိအရ ဖမ်းဆုပ်ပါ။ သင့်ဘေးက လူတွေကို တန်ဖိုးထားမြတ်နိုးပါ။ အထူးသဖြင့် သင့်ကိုယ်သင် တန်ဖိုးထားမြတ်နိုးတတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးတတ်မှ လူတွေကို သင်တန်ဖိုးထား မြတ်နိုးတတ်မှာဖြစ်တယ်။
မူရင်း-- http://www.duwenzhang.com/…/renshengzheli/ganwu/20110402/177...
နိုင်းနိုင်းစနေ

အလှဆုံးမိန်းကလေး

ဒီလို မိန်းကလေးတချို့ရှိတယ်။ သူတို့က စာဖတ်တာကိုကြိုက်တယ်။ စာအုပ်ဝယ်တယ်၊ ဖတ်တယ်၊ ရေးတယ်၊ ဖတ်စရာစာအုပ်တွေက သူတို့အတွက် အသုံးခံတဲ့ အသုံးအဆောင်၊ အလှပြင်ပစ္စည်းတွေဖြစ်တယ်။ သာမန်တဲ့ ဝတ်စားမှု၊ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ဆေးရောင်စုံမိန်းကလေးတွေကြားမှာ သူတို့ဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်။ သူတို့ရဲ့စိတ်နေသဘောထား၊
ပြုစုပျိုးထောင်မှုတွေဟာလည်း တခြားလူနဲ့မတူ စာအုပ်ရနံ့တွေသင်းပျံ့တယ်။ "အတွင်းစိတ်မှာအသိရှိရင် အပြင်ပန်းကလှနေတယ်" ဆိုတဲ့စကားက ဒီလို မိန်းကလေးမျိုးတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။
စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်......
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။

စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။
စာဖတ်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင်မခံဘူး။ အခြေအမြစ်ကိုအရ ဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။

စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။
ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။
ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကိုသင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။
စာဖတ်များတဲ့မိန်းကလေးတွေဟာ စာဖတ်ရင်း ကိုယ်တိုင်စာရေးချင်လာတယ်။ ဘဝထဲက ချိုမြိန်ခါးသက်တာတွေ၊ နွေမိုးဆောင်းဥတုတွေကို ချရေးတယ်။ အဲဒီမှာတော့ သူ့ရဲ့စာကို တခြားသူတွေကဖတ်တယ်။

မိန်းကလေးရေးတဲ့စာတွေက နူးညံ့သိမ်မွေ့တယ်။ သွက်လက်ဆွဲဆောင်မှုရှိတယ်။ စကားလုံးတိုင်းမှာ မိန်းကလေးရဲ့တမူထူးတဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဝိညာဉ်တွေကို ခံစားလို့ရတယ်။ စာတွေထဲမှာ သူတို့ဘဝကောက်ကြောင်းတွေရှိတယ်။ ရှင်သန်ကြီးပြင်းတဲ့ ရုန်းကန်မှုတွေရှိတယ်။ လူ့ဘဝတန်ဖိုးနဲ့ တာဝန်ဝတ္တရားတွေရှိတယ်။ ဒီကနေ့မှာ မိန်းကလေးတွေရေးတဲ့စာကို မိန်းကလေးတွေကြိုက်ရုံမက
ယောက်ျားလေးတွေပါ ကြိုက်ကြတယ်။

စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။
စာဖတ်တာကို ကျွန်တော်နှစ်သက်တယ်၊ စာဖတ်တဲ့မိန်းကလေးတွေကို ကျွန်တော်ချစ်တယ်....
------
မူရင်းလင့်-- http://www.duwenzhang.com/…/shenghuogan…/20080908/17707.html
နိုင်းနိုင်းစနေ (Wednesday, June 08, 2011)

ချစ်သမီးအတွက် ပေးစာ

သမီးငယ်
 သမီး မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ သမီးအတွက် မေမေတို့ဝမ်းသာကြတယ်။ မိုင်ပေါင်းထောင်သောင်းဝေးနေလို့ သမီးမင်္ဂလာပွဲကို မေမေတို့အရောက် မလာနိုင်ခဲ့ဘူး။ မင်္ဂလာပွဲမှာ ဆုံးမသြဝါဒတွေ မပေးနိုင်ခဲ့ဘူး။ ဒါကို မေမေတို့ စိတ်မကောင်းဖြစ်မိကြတယ်။ သမီးက မေမေတို့ရဲ့ သမီးပဲ... မေမေတို့ ခံစားရတာတွေကို သမီးနားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဟိုတစ်နေ့က သမီးနဲ့ ဖုန်းပြောပြီးနောက် သမီးဖေဖေနဲ့မေမေတို့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ အော်... ငါတို့သမီးလေးတောင် ဒီလောက်ကြီးပြင်းခဲ့ပြီလို့...
သမီးဖေဖေက မှန်ရှေ့မှာရပ်ပြီး “ကြည့်စမ်း... ငါ့ခေါင်းပေါ်က ဆံပင်ဖြူတွေတောင် ဒီလောက်များနေပြီ။ သမီးလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီပေါ့” တဲ့။ သမီးဖေဖေ ခေါင်းပေါ်က ဆံပင်ဖြူတွေက မေမေတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို ဖော်ညွန်းနေသလိုပါပဲ သမီး...
ခေါင်းထဲပေါ်လာတဲ့အတိတ်ကပုံရိပ်တွေကို သမီးဖေဖေက တစ်ခုပြီးတစ်ခု ထုတ်ပြနေတယ်။ ကဲ.. သမီးဆီ စာတစ်စောင် ရေးလိုက်ဦးဆိုလို့ ဒီစာကို မေမေ ရေးဖြစ်လိုက်တယ် သမီး.. သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ သဘောထားပါနော်။

သမီးရေ.. မေမေတို့က ကမ္ဘာပေါ်မှာ ရှိသမျှမိဘတွေလိုပဲ သာမန် မိဘတွေပါ။ သမီးဟာလည်း သာမန်သားသမီးတွေထဲက သာမန်သမီးလေးတစ်ယောက်ပါပဲ။ ဒါကြောင့် မေမေတို့ အများကြီး မတောင်းဆိုဘူး။ သမီးလျှောက်လှမ်းမယ့် မင်္ဂလာလမ်းဟာ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေနဲ့ ပြည့်နေပြီး ခရီးဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ပဲ မေမေတို့မျှော်လင့်တယ်။ အဲဒီလို သာယာမယ့်လမ်းအတွက် မေမေတို့ တွေ့ကြုံခဲ့တာလေးကို မျှဝေချင်ပါတယ် သမီး....
ပထမဦးဆုံး သမီးကို ပြောချင်တာက “အိမ်” ဆိုတာ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်သလို အလွယ်တကူ ဖြစ်လာတာလည်း မဟုတ်ဘူး။ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူးလို့ပြောတာ အဓိပ္ပာယ်မရှိပေမယ့် လုံးဝမှန်တယ် သမီး။

"အိမ်"ဆိုတာ လင်မယားနှစ်ယောက်၊ မိသားစုဝင်တွေက (မေမေတို့ အပါအဝင်) အချိန်ကာလ၊ အချစ်အမုန်း၊ အတင်းအဖျင်း၊ အမှားအမှန်၊ အချိုအခါး စတာတွေ၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံထဲကနေ နောက်ဆုံးရလာတဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်။
လင်မယားနှစ်ယောက်စပြီး အချေအတင်ဖြစ်ပြီဆိုရင် အိမ်ကို အရိပ်မည်းတွေ လွှမ်းမိုးစပြုလာပြီ သမီး... အတ္တကိုယ်စီနဲ့ သူမှန်တယ်၊ ငါမှန်တယ်လို့ ငြင်းခုံနေကြရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ကြရတယ်။ လင်မယားတစ်ချို့က အတ္တ၊ ခေါင်းမာတာတစ်ခုတည်းနဲ့ အချစ်မဲ့ကုန်ကြတယ်။ “အိမ်” ဆိုတာ အတ္တမာနတွေပြိုင်၊ မကျေနပ်တာတွေ ရှင်းဖို့အတွက် သင့်တင့်လျော်ကန်တဲ့နေရာမဟုတ်ဘူးဆိုတာကို သူတို့ နားမလည်ကြဘူး။

ဒါဆိုရင် “အိမ်” ဆိုတာ ဘာလဲ..
သမီးငယ်.. မေမေတို့ငယ်ရွယ်စဉ်က ဒီမေးခွန်းကိုမဖြေတတ်ခဲ့ကြဘူး။ တစ်ခြား လင်မယားတွေလိုပဲ ကိစ္စအသေးအမွှားလေးနဲ့ ဖေဖေမေမေတို့ ငြင်းခုံတတ်ကြတယ်။ တစ်ခါက သမီးဦးလေးရဲ့ ကိစ္စတစ်ခုကြောင့် ဖေဖေနဲ့မေမေရန်ဖြစ်ကြတာ ကွာရှင်းဖို့အထိ ဖြစ်ခဲ့သေးတယ်။ အဲဒီခေတ်အချိန်အခါမှာ ကွာရှင်းဖို့ မေမေတို့သတ္တိမရှိခဲ့ကြလို့ မကွာရှင်းဖြစ်ခဲ့ကြဘူး။
တစ်နေ့မှာ မိတ်ဆွေတစ်ဦးက သူ့သားမင်္ဂလာဆောင်မှာ “အိုအောင်မင်းအောင် ပေါင်းရပါစေ။ အမြဲချစ်နိုင်ကြပါစေ” ဆိုတဲ့ ဆုတောင်းစကား တိုတိုလေးက မေမေရင်ထဲ ဝင်ဆောင့်ခဲ့တယ်။ မှန်ပါတယ်... အိမ်ဆိုတာ မေတ္တာစကား၊ ချစ်ခြင်းစကားတွေသာ ပြောဖို့ သင့်တင့်တဲ့နေရာပါ။
ခဏလေးချစ်ဖို့လွယ်ကူပေမယ့် တစ်သက်၊ တစ်ဘဝချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သမီး။ တစ်သက်၊ တစ်ဘဝဆိုတဲ့ အချစ်ထဲမှာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်းတွေရှိရတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် အိမ်ထောင်ဆိုတာ ဘူးအလွတ်တစ်လုံးနဲ့တူတယ် သမီး။ အဲဒီ ဘူးလွတ်ထဲကို ပစ္စည်းတွေဖြည့်ပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပြန်ထုတ်ယူနိုင်မှာဖြစ်တယ်။ များများထည့်လေ များများပြန်ရလေပဲ သမီး...

လူအများက မင်္ဂလာဆောင်တဲ့အချိန်မှာ အဲဒီမင်္ဂလာထဲမှာ မျှော်လင့်ချက်တွေ ထည့်ထားတတ်ကြတယ်။ မင်္ဂလာထဲကနေ ပစ္စည်းဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ခွင့်လွှတ်ခြင်းတွေ မျှော်လင့်ကြတယ်။ မေမေ အထက်ကပြောခဲ့သလို မင်္ဂလာဆောင်စမှာ၊ အိမ်ထောင်ပြုစမှာ ကိုယ်က ဘူးအလွတ်တစ်လုံးပဲ ပိုင်ဆိုင်ထားတယ်။ အဲဒီဘူးထဲကို ကိုယ်မျှော်လင့်တဲ့ ပစ္စည်းတွေ ဖြည့်ထည့်ပေးရတယ်။ ချစ်ခြင်းတွေ၊ ဖေးမ အားပေးတာတွေထည့်မှ ဘူးက တစ်နေ့တစ်ခြား ပြည့်လာမှာဖြစ်တယ်။
ဘူးအလွတ်ထဲ “သတိရ တမ်းတခြင်း” တွေ အရင်ထည့်သင့်တယ် သမီး... တွေ့စ၊ ချစ်စအချိန်ကနေ အိမ်ထောင်ပြုတဲ့အထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ သတိရခြင်း၊ တမ်းတခြင်းတွေက အရိုးထဲအထိ စွဲဝင်နေခဲ့လို့ပဲ သမီး။ သတိရ တမ်းတခြင်းက စိတ်ညစ် အားငယ်နေတဲ့အချိန် အိမ်အရောက် ဖောက်ထားတဲ့ လမ်းငယ်လေးတစ်ခုဖြစ်သလို ချမ်းအေးတဲ့ ဆောင်းညမှာ အနွေးဓာတ်ပေးတဲ့ မီးလင်းဖိုလည်းဖြစ်တယ်။ ပင်ပင်ပန်းပန်းနဲ့ အပြင်ကပြန်လာသူအတွက် အိမ်တံခါးအဖွင့်မှာ အမွှေးနံ့သာကိုလည်း ပေးနိုင်စွမ်းတယ်။
ဘူးအလွတ်ထဲ နောက်ထပ်ထည့်ရမှာက “အနုပညာ” အိမ်ထောင်ဘဝရဲ့ အနုပညာဖြစ်တယ်။
အိမ်ထောင်မှာလည်း အနုပညာရှိတယ်။
စိတ်ဆိုးတဲ့အနုပညာ၊ ရန်ဖြစ်တဲ့ အနုပညာ စတာတွေဖြစ်တယ်။

တစ်ခါက သားသမီး ငါးယောက်ရှိတဲ့ လင်မယားနှစ်ယောက် သားသမီးကိစ္စ အသေးအမွှားနဲ့ ရန်ဖြစ်ကြတယ်။ ရန်ကဖြစ်လေ ကြီးလေ နောက်ဆုံး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်တဲ့အချိန် မယားက ရုတ်တရက် “ခဏနေအုန်း... ငါ ကလေးသွားမွေးအုန်းမယ်” လို့ ပြောတယ်။ ဒါဟာ ရန်ဖြစ်တဲ့ အနုပညာပဲသမီး...
မင်္ဂလာဘူးလွတ်ထဲမှာ “သတိရတမ်းတခြင်း” နဲ့ “အနုပညာ” တွေအပြင် တစ်ခြားထည့်စရာ ပစ္စည်းတွေအများကြီး ရှိသေးတယ်သမီး။ သမီးတို့နှစ်ယောက်အတူပြည့်အောင် ဖြည့်ကြပါနော်။
နောက်ဆုံးအနေနဲ့ စာရေးဆရာတစ်ဦးရဲ့ စကားတစ်ခွန်းကို လက်ဆောင်ပါလိုက်ပါတယ် သမီး .....
“ သားသမီးတွေကို မိဘတွေက ကျွေးမွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ မိဘတွေရဲ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ခဲ့တယ်။ နောက်ဆုံး သူတို့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးလိုက်ပါ။ အဲတာကတော့ အတောင်ပံတစ်စုံပဲဖြစ်တယ်”
သမီးငယ် ဒီစာဟာ သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဖေဖေမေမေတို့ရဲ့ တောင်းဆုနဲ့အတူ သမီးပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ...
ချစ်တဲ့
ဖေဖေနဲ့မေမေ
-----------
မူရင်း...... http://www.tw001.net/novels
နိုင်းနိုင်းစနေ (Friday, November 21, 2008)