10/28/2014

သဘာဝ hair mask










"မိန်းမတို့ ဘုန်း .. ဆံထုံး" ဆိုတဲ့အတိုင်း ကျွန်မတို့ မိန်းခလေးတွေ အတွက် ဆံကေသာ ကလဲ အရေးပါလှပါတယ် ... အခုခေတ်မှာ ဆံကေသာ အတွက် နည်းမျိုးစုံ hair care series တွေကလဲ မျိုးစုံရှိလာပါပြီ ... အချိန်ကုန်လဲသက်သာစေလာတာပေါ့ ...
ဒါပေမယ့်လဲ အချိန်လေးများရခဲ့မယ်ဆိုရင် သဘာဝ နည်းလမ်းလေးတွေနဲ့ ဆံကေသာ ထိန်းသိမ်းနည်းတွေကို ပြုလုပ်စေချင်ပါတယ် ...

ပျိုပျိုမေ တို့ အတွက် အိမ်တွင်း Hair Mask လေးတွေအကြောင်းကို ဝေမျှပေးလိုက်တယ်နော် ...
ထောပတ်သီးတွေလဲ ပေါနေတဲ့အချိန်အခါ ဖြစ်တဲ့အတွက် အသီးကို အထူးတလည် ရှာစရာမလိုတော့ဘူးပေါ့နော် ..
သဘာဝ hair mask လေးတွေ၇ဲ့ အကျိုးအာနိသင်က တော်တော်စွမ်းတယ်နော်..
ဒါပေမယ့် စိတ်ရှည်ရတယ်.. တစ်ကြိမ် တစ်ခါလုပ်ရုံလောက်နဲ့တော့ မသိသာနိုင်ဘူးပေါ့ ... Admin အကြံပေးချင်တာကတော့.. အိမ်မှာ အိမ်အလုပ်တွေ လုပ်နေရင်းနဲ့ ပေါင်းတင်သွားရင် အချိန်ကုန်လဲသက်သာမယ်.. အကျိုးလဲရှိတာပေါ့... အသီးတွေနဲ့ မလုပ်နိုင်ရင်တောင်မှ အုန်းဆီ ၊ သံလွင်ဆီတို့နဲ့ ပုံမှန်ပေါင်းတင်ပေးနိုင်တယ်...

အလွယ်ဆုံးနည်းကတော့ ။။
ခေါင်းမလျှော်ခင်မှာ အုန်းဆီ ၊ သံလွင်ဆီတို့နဲ့ ဦးရေပြားကို ခဏတာ ညင်ညင်သာသာ နှိပ်နယ်ပေးပြီး ခေါင်းလျှော်တာပါပဲ ...
ခေါင်းလျှော်ရည်တော့ နဲနဲပိုကုန်တောပေါ့ ...
ဒါပေမယ့် တောက်ပြောင်တဲ့ ဆံကေသာနဲ့ ကျန်းမာတဲ့ ဆံကေသာ ပိုင်ရှင်တွေ ဖြစ်လာမှာနော်...

နောက်တမျိုးကတော့ ထောပတ်သီးနဲ့ ငှက်ပျောသီးနဲ့ ပေါင်းတင်နည်းလေးပါ
ထောပတ်သီး၊ငှက်ပျောသီး၊ ပျားရည် ၊ ကြက်ဥ ၊ နွားနို့ ၊ သံလွင်ဆီ
စတဲ့ ပစ္စည်းလေးတွေရှိရုံနဲ့ပဲ အဆင်ပြေပြီနော် .. တချိန်ထဲမှာ အကုန်လုံးရောထည့်စရာမလိုပါဘူး .. အဲ့ဒီထဲက ပစ္စည်းလေးတွေနဲ့ အဆင်ပြေသလို လုပ်သွားလို့ရပါတယ် ... ပုံလေးတွေနဲ့ ဝေမျှပေးလိုက်တယ်နော်..

ကျန်းမာပြီး တောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ ...ရှင် 


credit - Dr.IN Cosmetics Myanmar