ဖေဖော်ဝါရီလများရောက်လေတိုင်း နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနဲ့ အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နဲ့ အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါတယ်။
သို့ပေမယ့် St. Valentine ဆိုတဲ့ ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါတယ်။
ပါးစပ်ရာဇ၀င် အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine's Day အကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင်အကြီးအကဲကြီး St. Valentine အကြောင်း တိမ်မြှုပ်နေတဲ့ ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါမယ်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါတယ်။ ယနေ့ခေတ် ယနေ့အခါ နားလည်ထားကြတဲ့
St. Valentine Day ဟာဆိုရင် ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဆိုတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ St. Valentine နဲ့ ဘာသာရေးပွဲတွေ ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာပါပဲ။ ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။
ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။
အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။
ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။ ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆအမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြောစကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
လူအချို့ရဲ့ ယုံကြည်မှုအရာ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။
St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့အခွင့်အခါကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ
နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။
ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော်တတ်ကြပါတယ်။
လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွားကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။
ဒဏ္ဍာရီအရ အမျိုးသမီးငယ်များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။
အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန်မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့်တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာ့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများအတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြားများ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။
အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။
အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း ............ဝေငှတင်ပြလိုက်ပါသည်။
Valentine's Dayရဲ့သင်္ကေတများ
Valentine's Day ဆိုတာကိုရောက်ပြီဆိုတာနဲ့ချစ်သူစုံတွဲတိုင်းပာာတစ်ဦးနဲ့
တစ်ဦးအပြန်အလှန်လက်ဆောင်လေးတွေပေးလေ့ရှိတက်ပါတယ်။
ဒီလိုလက်ဆောင်ပေးတဲပနေရာမှာValentine's Day ရဲ့ သင်္ကေတလေးတစ်ခုခုကို
ထည့်ပေးလိုက်ရင်ပိုပြီးတော့ပြီးပြည့်စုံတဲ့ချစ်လက်ဆောင်တစ်ခုဖြစ်သွားမှာသေချာပါတယ်။
ဒါ့ကြောင့်Valentine's Day မှာလက်ဆောင်ပေးတော့မယ်ဆိုရင်အောက်မှာရေးပေးထားတဲ့
အရာတွေထဲကတစ်ခုခုကိုထည့်ပေးဖြစ်အောင်ပေးဖို့မမေ့ကြနဲ့နော်။
နှင်းဆီ
ဒဏ္ဍာရီတွေရဲ့အဆိုအရအနီရောင်
နှင်းဆီပန်းပာာအချစ်နတ်ဖုရားမVenusရဲ့
ကြိုက်နှစ်သက်ဆုံးပန်းလို့ဆိုပါတယ်။
ဒါ့ပြင်လက်ဆတ်တဲ့နှင်းဆီနီတွေ
ကိုလက်ဆောင်ပေးတယ်ဆိုတာပာာကိုယ်
ချစ်တဲ့သူအပေါ်မှာလေးစားရာ၊
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို
ဖော်ပြရာရောက်သလိုပေးသူရဲ့နှလုံးသားပေါ်က
မေတ္တာတရားကိုပါသိမြင်နိုင်စေတယ်
လို့ဆိုထားတာလဲတွေ့ရပါတယ်။ဒါ့ပြင်ချစ်ခွင့်ပန်သူတွေအတွက်
မိမိချစ်ရသူမငြင်းဆန်အောင်စွမ်းဆောင်ပေးနိုင်တဲ့
ပြိုင်ဘက်ကင်းလက်ဆောင်တစ်မျိုးလဲဖြစ်ပါတယ်။
အသဲပုံ
အသဲနှလုံးပုံဆိုတာကိုရှေးယခင်ကထဲကလူသားတွေရဲ့
ချစ်ခြင်းနဲ့ဆိုင်တဲ့စိတ်ခံစားမှုသိမ်းဆည်းရာ
လို့ယုံကြည်ခဲ့ကြပါတယ်။
ဒါ့ပြင်အသဲပုံစံလက်ဆောင်လေးတွေပေးတာပာာကိုယ့်ရဲ့
အချစ်တွေကိုတစ်ကိုယ်ကောင်းဆန်မှုမရှိဘဲနဲ့
ပေးခြင်းဖြစ်တယ်လို့လဲ
ဆိုကြပြန်ပါသေးတယ်။ရောမလူမျိုးတွေကတော့
နှလုံးသားဆိုတာသွေးလည်ပတ်မှုတစ်ခုလုံးအတွက်
သွေးတွေကိုစုပ်တင်ပေးရာနေရာဖြစ်လို့လူတစ်ကိုယ်လုံးမှာရှိတဲ့ခံစားချက်တွေရဲ့
စုစည်းရာနေရာလို့သတ်မှတ်ထားကြပါတယ်။ဒါ့ကြောင့်အသဲပုံလက်ဆောင်ပေးခြင်းပာာ
ကိုယ်ရဲ့ခံစားချက်တွေကိုချစ်ရသူကိုဘယ်လောက်ချစ်ကြောင်းသက်သေပြရာ
ရောက်တယ်လို့လဲပြောလို့ရပါတယ်။
မြှားနတ်မောင်
Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ
ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့
ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး
တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။
ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော်Erosလို့ဆိုထားပါတယ်။
ရှေးဂရိလူမျိုးတွေကတော့လူတွေရဲ့ချစ်တက်ခြင်းတွေ
ကိုမြှားပစ်ပြီးတော့ယူဆောင်ပေးတက်သူလို့ယုံကြည်ကြပါတယ်။
ဒါ့ကြောင့်cupidရုပ်လက်ဆောင်လေးပေးခြင်းဖြင့်လည်းသင့်ချစ်သူအတွက်
ချစ်တက်ခြင်းတွေကိုပိုတိုးအောင်လုပ်ဆောင်လိုက်ပါ။
ဖဲကြိုးနဲ့ဇာပန်း
ဖဲကြိုးနဲ့ဇာပန်းလေးတွေပာာလဲအချစ်ကိုရစ်ပတ်
ဆက်နွယ်တယ်ဆိုတဲ့သင်္ကေတလေးတွေပါပဲ။
ရောမခေတ်တွေတုန်းကတိုက်ပွဲဝင်မဲ့သူရဲကောင်းတွေပာာ
တိုက်ပွဲဝင်ချိန်မှာသူ့ချစ်သူပေးလိုက်တဲ့ဖဲကြိုး၊
ဖဲပြားစလေးတွေကိုလည်ပင်းမှာစီးပြီး
တိုက်ပွဲဝင်ကြပါတယ်။ဒါ့ပြင်အဲဒီခေတ်ကအမျိုးသမီးတွေပာာ
လဲအမျိုးသားတွေအပေါ်မှာသူတို့ချစ်ကြောင်းကိုပြချင်တဲ့အခါမှာ
အမျိုးသားများသွားတဲ့လမ်းတွေပေါ်မှာဇာနဲ့လုပ်ထားတဲ့
ပ၀ါစတွေကိုချထားတက်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့်သင့်ချစ်သူကိုပေးမဲ့လက်ဆောင်ပေါ်မှာဖဲပြားလေးတွေစည်းပြီးပေးခြင်းပာာလဲ
သင့်ချစ်သူကိုသင့်ရဲ့အချစ်တွေနဲ့ရစ်ပတ်ချည်နှောင်လိုက်ခြင်းပဲဖြစ်ပါတယ်။
Group mail
7/14/2009
Valentine History
7/14/2009
Dim




