Gmailအသုံးပြုသူများအနေနှင့် အလောတကြီး (သို့မဟုတ်) မှားယွင်းပြီး Mailပို့မိခြင်းတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းနှင့် တခါတရံတွင် ပြဿနာတက်ခြင်းတို့ ကြုံတွေ့ဖူးပါလိမ့်မည်။
သို့သော်လည်း ထိုအခက်အခဲများအားဖြေရှင်းပေးနိုင်မည့် ခြေလှမ်းတစ်ရပ်ကို Googleကစတင်လိုက်ပြီဟု သိရှိရသည်။
Google၏ နာမည်ကျော် Emailစနစ်တွင် Undo Sendဆိုသည့် ၀န်ဆောင်မှုတစ်ခု ပါဝင်လာပြီး၎င်းကိုရွေးချယ်လိုက်ပါက Gmailပေးပို့ထားသူသည်(၅)စက္ကန့်အတွင်း ၎င်း၏Mailကိုပြန်ခေါ်နိုင်မည်ဖြစ်သည်။
ထို့အပြင် အတော်ကြာမှပြန်ဖျက်လိုပါကလည်းSent Mailထဲသို့သွားပြီး Undoဖြင့် ဖျက်ပစ်နိုင်မည်ဟုGoogleကဆိုသည်။ Google၏ User Experienceဆိုင်ရာဒီဇိုင်နာမိုက်ကယ်လ်လက်ဂျက်က ယခုFeatureကိုပြုလုပ်ရန်အတွက် ၎င်းသည်Messageအမှားတစ်ခု ပေးပို့ပြီးနောက်နောင်တရသွားရာမှရုတ်တရတ်စိတ်ကူးရလာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
၎င်းသည်အသိမိတ်ဆွေအမျိုးသမီးထံသို့မွေးနေ့ဆုတောင်းတစ်ခုပေးပို့ခဲ့ရာမှSendခလုတ်ကို နှိပ်ပြီးပြီးခြင်း
အမှားတစ်ခုကို သတိပြုမိသောကြောင့်Browserကိုပိတ်ပစ်လိုက်ကြောင်း၊သို့သော်လည်း ပြန်ဖွင့်ကြည့်ချိန်တွင်Mailမှာ
တစ်ဖက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်းကပြန်လည်ပြောပြခဲ့သည်။
၎င်းသည် ထိုUndo Featureကို Google Labရှိ ပညာရှင်များနှင့်အတူ ပူးပေါင်းတီထွင်ခဲ့ကြောင်းလက်ဂျက်ကဆိုသည်။ ထိုFeatureကို အသုံးပြုသူအနေနှင့် မိမိGmail Account၏ SettingထဲရှိUndoSendဆိုသည့်Featureတွင် Enableလုပ်ပေးခြင်းဖြင့်အသုံးပြုနိုင်ကြောင်းသိရှိရသည်။
Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်
Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။
မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ် နိုင်ချေ။
ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။




