ကလေးတွေက တစ်သမတ်တည်း တွေးတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက တစ်ယူသန်တယ်
ကလေးတွေက အဖြောင့်ပဲ တွေးတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက ထောင့်တစ်ခုကပဲ တွေးတတ်တယ်
ကလေးတွေက ခံစားချက်တွေကို ဖုံးမထားတတ်ဘူး
ကလေးဆန်တဲ့လူကြီးတွေက ရင့်ကျက်မှုကို နားမလည်ဘူး
ကလေးတွေက လိုချင်တာကို လိုချင်တယ်လို့ ပြောတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက အားမနာတတ်ဘူး
ကလေးတွေက ဘာမဆို အတိအကျမှတ်သား ထားတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက စာအုပ်ကြီးဆန်တယ်
ကလေးတွေက ငိုတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက နားပူအောင်လုပ်တတ်တယ်
ကလေးတွေက ရှင်းတယ်
ကလေးဆန်တဲ့လူကြီးတွေက ဘာမှ မရှိဘူး
ကလေးတွေက အတုခိုးတတ်တယ်
ကလေးဆန်တဲ့လူကြီးတွေက အစအဆုံး လိုက်မေးတတ်တယ်
ကလေးတွေက ခွံ့ကျွေးရတယ်
ကလေးဆန်တဲ့လူကြီးတွေက ခွံ့မကျွေးရင် စိတ်ဆိုးတတ်တယ်
ကလေးတွေက ဆိုးတယ်
ကလေးဆန်တဲ့လူကြီးတွေက ယုတ်တယ်...။
ရေးသူ = မျက်လုံး
7/14/2009
ကလေးနဲ့ လူကြီး
7/14/2009
Dim




